မကြာခင် တစ်ဖန် ပြန်လည်မြင်တွေ့ရတော့မယ့် မျိုးသုဉ်းသတ္တဝါ (၁၀) ကောင်
ယနေ့ ကမ္ဘာပေါ်မှာ မျိုးသုဉ်းနေသောမျိုးစိတ်များဟာ လက်ရှိရှင်သန်နေသောမျိုးစိတ်များထက်ပိုမိုများပြားလာပါတယ်။ ကံကောင်းတာကတော့ နာရီလက်တံကိုပင် နောက်ပြန်လှည့်နိုင်တော့မယ် သိပ္ပံနည်းပညာခေတ်ကြီးဟာ အချို့သော မျိုးသုဉ်းသတ္တဝါ မျိုးစိတ်များကို ပြန်လည်ဖန်တီးနိုင်ရန် ကြိုးစားနေကြပါပြီ။ ပြန်လည်မြင်တွေ့ရဖွယ် အလားအလာရှိ နေသည့် စာရင်းပင် ရှိနေပြီဖြစ်ပါတယ်။
ထို့ကြောင့် ကျွန်ုပ်တို့အဖွဲ့သားများဟာ မကြာမှီပြန်လည်တွေ့မြင်ရဖွယ်ရှိနေသည့် မျိုးစိတ်အချို့ကို လေ့လာခဲ့ပြီး စိတ်လှုပ်ရှားဖွယ်အကောင်းဆုံ (၁၀)ကောင်ကို စုစည်းဖော်ပြပေးလိုပါတယ်။
1. Woolly mammoth
•အရွယ်အစား – (၈.၉-၁၁.၂) ပေ ၊ အလေးချိန်(၆)တန်
•စတင်တွေ့ရှိရာ – အရှေ့အာရှ
•မျိုးသုဉ်းချိန် – လွန်ခဲ့သောနှစ် (၄၀၀၀) ခန့်
•အနီးစပ်ဆုံးမျိုးစိတ် – အာဖရိကဆင်
2. Quagga
•အရွယ်အစား – အရှည်၈.၅ပေ ၊အမြင့်(၄.၅)ပေ
•စတင်တွေ့ရှိရာ – တောင်အာဖရိက
•မျိုးသုဉ်းချိန် – ၁၉ ရာစုနှောင်းပိုင်း
•အနီးစပ်ဆုံးမျိုးစိတ် – မြင်းကျား
3. Elephant bird
•အရွယ်အစား – အမြင့်(၉.၈)ပေ၊အလေးချိန် ပေါင်(၁၆၀၀)
•စတင်တွေ့ရှိရာ – Madagascar
•မျိုးသုဉ်းချိန် – အေဒီ ၁၀၀၀-၁၂၀၀ ဝန်းကျင်
•အနီးစပ်ဆုံးမျိုးစိတ် – ကီဝီငှက်
4. Baiji (Chinese river dolphin)
•အရွယ်အစား – အထီး (၇.၅)ပေ ၊ အမ (၈.၂)ပေ
•စတင်တွေ့ရှိရာ – တရုတ်
•မျိုးသုဉ်းချိန် – ၂၀၀၂
•အနီးစပ်ဆုံးမျိုးစိတ် – အဖြူရောင်တရုတ်လင်းပိုင်
5. Glyptodont
•အရွယ်အစား – အရှည်(၁၂)ပေ ၊ အမြင့်(၁.၅)ပေ
•စတင်တွေ့ရှိရာ – တောင်နှင့်မြောက်အမေရိက
•မျိုးသုဉ်းချိန် – လွန်ခဲ့သောနှစ်ပေါင်း (၇၀၀၀-၈၀၀၀) ခန့်
•အနီးစပ်ဆုံးမျိုးစိတ် – သင်းခွေချပ်
6. Pyrenean ibex
•အရွယ်အစား – အရှည်(၅)ပေ ၊ အမြင့်(၃၀)လက်မ
•စတင်တွေ့ရှိရာ – အနောက်တောင်ဥရောပ
•မျိုးသုဉ်းချိန် – နောက်ဆုံးသော Pyrenean ibex သာ(၂၀၀၃)ခုနှစ်ကမွေးဖွားခဲ့ပြီး (၇) မိနစ်အကြာမှာပဲ သေဆုံးခဲ့ပါတယ်။
•အနီးစပ်ဆုံးမျိုးစိတ် – တောင်ဆိတ်
7. Dodo
•အရွယ်အစား – (၃.၃) ပေ ဝန်းကျင်
•စတင်တွေ့ရှိရာ – Mauritius
•မျိုးသုဉ်းချိန် – (၁၇)ရာစု
•အနီးစပ်ဆုံးမျိုးစိတ် – Nicobar ခို
8. Tasmanian tiger
•အရွယ်အစား – အရှည်(၃၉-၅၁)လက်မ ၊ အမြင့် (၂၄) လက်မ
•စတင်တွေ့ရှိရာ – ဂီနီယာ နှင့် ဩစတြေးလျ
•မျိုးသုဉ်းချိန် – ၂၀ရာစုနှစ်
•အနီးစပ်ဆုံးမျိုးစိတ် – Tasmanian devil နှင့် numbat
9. Ground sloth
•အရွယ်အစား – အရှည်(၂၀)ပေ နှင့် အလေးချိန် ပေါင် (၆၆၀၀)
•စတင်တွေ့ရှိရာ – တောင်အမေရိက
•မျိုးသုဉ်းချိန် – လွန်ခဲ့သောနှစ်(၁၁၀၀၀)
•အနီးစပ်ဆုံးမျိုးစိတ် – မျောက်မောင်းမ
10. Saber-toothed tiger
•အရွယ်အစား – (၃၉)လက်မ နှင့် ကိုယ်အလေးချိန် (၄၈၅-၉၆၁) ပေါင်
•စတင်တွေ့ရှိရာ – တောင်နှင့်မြောက်အမေရိက
•မျိုးသုဉ်းချိန် – လွန်ခဲ့သော နှစ် (၁၀၀၀၀)
•အနီးစပ်ဆုံးမျိုးစိတ် – ကျား
တိရိစ္ဆာန်မျိုးရိုးဗီဇများ ပြန်လည်ဖော်ထုတ်ခြင်းအပေါ် သင့်အမြင်နှင့် သင်မြင်တွေ့လိုသော သတ္တဝါများ ရှိရင်လည်း ဝေမျှရေးသားပေးခဲ့ပါဦး။
Rft Brightside
Written One Daily Media