ယောကျာ်းလေးအများစု တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်လိုချင်ကြ သဘာဝပါပဲ။ တောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ဆိုရင် လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ဖို့နဲ့ နည်းစနစ်မှန်မှန်ကန်ကန် လုပ်ဖို့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ လေ့ကျင့်ခန်းလုပ်သူတိုင်းသိထားသင့်တဲ့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လုပ်မိတတ်တဲ့ အမှားလေးတွေကို ဖော်ပြပေးသွားမှာပါ။

(၁) နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်း

နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာက အမှားတစ်ခုလို့ပြောရပါမယ်။ ကြွက်သားတွေဆိုတာ အနားပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ မိမိလိုချင်တဲ့ ခန္ဓာကိုအချိုးအစားကို ရယူပိုင်ဆိုင်နိုင်မှာပါ။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားတွေကိုနာကျင်စေပြီး လူကိုလည်း ပင်ပန်းစေပါတယ်။

(၂) ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းသာပြုလုပ်ပြီး ဗိုက်အဆီကျဖို့ မျှော်လင့်နေခြင်း

ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းသာ ပြုလုပ်ခြင်းက ဗိုက်အဆီတွေကို ကျမသွားစေပါဘူး။ crunches လေ့ကျင့်ခန်းတွေ လုပ်ခြင်းဖြင့် 6-pack ထွက်လာနိုင်ပေမယ့် ဘေးပက်လည်ကအဆီတွေ ကျသွားဖို့ လိုအပ်ပါသေးတယ်။ Cardio လေ့ကျင့်ခန်းတွေက ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ဝိတ်မြန်မြန်ကျအောင် ကူညီပေးနိုင်ပါတယ်။

(၃) ခါးကြွက်သားတွေကို လျစ်လျူရှုထားခြင်း

ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်းသာပြုလုပ်နေပြီး ခါးကိုမေ့ထားခြင်းက ကျေားရိုးကြွက်သားတွေ မညီမျှမူကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် 6-pack ထွက်လာဖို့ gym ကစားတဲ့အချိန်မှာ ခါးလေ့ကျင့်ခန်းလုပ်ပေးဖို့ကို မေ့မထားသင့်ပါဘူး။

(၄) နေ့စဉ်တူညီတဲ့ လေ့ကျင့်ခန်းတွေ သာပြုလုပ်နေခြင်း

နေ့စဉ်လုပ်နေတဲ့လေ့ကျင့်ခန်းက အရမ်းသက်သောင့်သက်သာဖြစ်နေတယ်ဆိုရင် လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြောင်းလဲသင့်ပါတယ်။ ဥပမာ gym လေ့ကျင့်ခန်းတွေမှာ ယောဂထည့်သွင်းကစားတာမျိုးတွေ လုပ်သင့်ပါတယ်။ တစ်ချို့ ယောဂလေ့ကျင့်ခန်းတွေက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။

(၅) အိပ်ထမတင် ပုံစံမှားနေခြင်း

အိပ်ထမတင် လုပ်တဲ့နေရာမှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အပြည့်ထစရာမလိုအပ်ပါဘူး။ ဒါကသင့်ရဲ့ ခါးကို ဖိအားပိုစေပါတယ်။ ဝမ်းဗိုက်ကြွက်သား ညစ်လို့ရတဲ့အထိ တစ်ဝက်လောက်နီးပါး ထရင် အဆင်ပြေပါတယ်။

Source: Bright Side