Wed. Oct 27th, 2021

တစ်ပတ် (၄)ရက်သာအလုပ်ဆင်းရပြီး လုပ်ခလစာအပြည့်ပေးမည့် ဂျပန်ကုမ္ပဏီများ

သင်ဟာ အလုပ်ပိတ်ရက်များကိုမြန်မြန်ရောက်ချင်သူတစ်ဦးဆိုပါက သင့်အတွက်သတင်းကောင်းရှိပါတယ်။ ဝန်ထမ်းတိုင်းရဲ့အိမ်မက်ဟာ ဂျပန်မှာတကယ်ဖြစ်လာပါပြီ။အချို့သောကုမ္ပဏီများတွင် ဝန်ထမ်းများဟာ၄ ​​ရက်သာ အလုပ်ဆင်းရပြီး ၅ ရက်စာ အတွက်လခ အပြည့်ပေးချေနေဆဲဖြစ်ပါတယ်။

အဆိုပါ အလုပ်အချိန်ဇယားအသစ်နှင့်ကမ္ဘာတစ် ၀ န်းရှိ ၀ န်ထမ်းအားလုံး၏အနာဂတ်မည်သို့ဖြစ်လာနိုင်သည်ကို အတွင်းကျကျ လေ့လာကြည့်ကြပါစို့။

ဂျပန်ကုမ္ပဏီများဟာ တင်းကျပ်သောအလုပ်ချိန်များကြောင့်လူသိများသော်လည်း ယခုအခါပြောင်းလဲရန်အကြောင်းဖန်လာပြီ ဖြစ်ပါတယ်။အချို့သောကုမ္ပဏီများဟာ ၀န်ထမ်းများအားတစ်ပတ်လျှင် ၄ ရက်သာအလုပ်လုပ်ခွင့်နှင့်ပိတ်ရက် ၃ ရက်ခံစားခွင့်ပေးသောအချိန်ဇယားအသစ်တစ်ခုကို ရွေးချယ်ခဲ့ကြပါတယ်။ ထို့အတွက် ၀န်ထမ်းတွေဟာထို(၄)ရက်မှာ တစ်ရက်(၁၀)နာရီ အလုပ်ရမှာဖြစ်ပါတယ်။

 

ကောင်းသောပြောင်းလဲမှု ဟုယူဆရသောအကြောင်းပြချက်က‌တော့ ဝန်ထမ်းများဟာ ပိတ်ရက်ရှည်များဖြင့် ပိုမိုအနားရမှာပဲဖြစ်ပါတယ်။ ပျော်ရွှင်သော၀န်ထမ်း ဖြစ်စေလိုလျှင် ၎င်းတို့အပေါ် အနိုင်မကျင့်သည့်နည်းလမ်းများဖြင့် အလုပ်မခိုင်းစေခြင်း မှသာ ရရှိနိုင်ပါတယ်။

တိုတောင်းသောအလုပ်ရက်သတ္တပတ်များ ကြောင့် ၀န်ထမ်းများ အနေဖြင့် သူတို့၏မိသားစုများအတွက် အချိန်ပိုမိုရရှိစေပါလိမ့်မယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းလုံး၌အသက်ကြီးသူ ဦး ရေအများဆုံးရှိသော ဂျပန်အတွက် အလွန်အကျိုးရှိစေပါတယ်။ ၄ ရက်တာ အလုပ်လုပ်ရသော ရက်သတ္တပတ်များဟာ မိသားစုများနှင့် အဘိုးအဘွားများအား ပိုမိုကောင်းမွန်စွာအချိန်‌ ပေးနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

ထိုစနစ်ဟာ ကောင်းကျိုးများ ရှိသော်လည်း အားနည်းချက်အချို့လည်း ရှိနေပြန်ပါတယ်။တစ်ရက် ၁၀ နာရီအလုပ်လုပ်သောနေ့များတွင်ဝန်ထမ်းများဟာ အိမ်မှုကိစ္စများပြုလုပ်ရန် သို့မဟုတ် အားလပ်ချိန်ဟူ၍လုံးဝမရှိနိုင်ပါဘူး။ ဆိုလိုသည်မှာ သူတို့ဟာ တစ်ရက်တာအတွင်း အလုပ်ရဲ့ဖိစီးမှုများကို မိမိကိုယ်ကို သန့်ရှင်းရေးပင်မလုပ်နိုင်ပဲ လည်ပတ်ရမှာမျိုးလည်း ဖြစ်နေပါတယ်။

ထို့ကြောင့် ဂျပန်ကုမ္ပဏီတိုင်းတွင် တော့ ၄ ရက်အလုပ်ရက်သတ္တပတ်သတ်မှတ်ပေးနိုင်ရန် မလွယ်ကူသေးပါဘူး။ သို့‌သော် အချို့သော အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ဆေးဘက်ဆိုင်ရာနယ်ပယ်များ မှာ အလုပ်လုပ်သောသူများအတွက်တော့ မိမိကိုယ်ကို ပိုမိုပြင်ဆင်နိုင်ရန် ၊ တက်ကြွလန်းဆန်းစွာ အလုပ်ခွင်ဝင်နိုင်ရန် ထိုအပြောင်းအလဲကို အလိုရှိနေကြပါတယ်။

ကျွန်ုပ်တို့နိုင်ငံမှာရော ထိုကဲ့သို့ တိုတောင်းသော အလုပ်ခွင်ရက်သတ္တပတ်များ ပြောင်းလဲအသုံးပြုသင့်တယ်လို့ ထင်ပါသလား ? သင့်တင့်မျှတပီး အလုပ်ဝန်မပိသော လုပ်ငန်းခွင်များဖြစ်လာရန် လိုအပ်ချက်များကို သင့်အမြင်များလည်း ဝေဖန်အကြံပြုပေးခဲ့နိုင်ပါတယ် ။

 

Rft Brightside

Written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *