Wed. Oct 27th, 2021

အိမ်မွေးတိရိစ္ဆာန်လေးများကို ဘာကြောင့် မနမ်းရှုံ့သင့်တာလဲ

လေ့လာတွေ့ရှိချက်များအရ လူအများစုဟာ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးများကို မိသားစုဝင်တစ်ဦးကဲ့သို့ သဘောထားကာ ကျွေးမွေးစောင့်ရှောက်လေ့ရှိကြပါတယ်။ ထို့အရာဟာ ကောင်းသော်လည်း မိမိတို့အိမ်မွေးတိရိစ္ဆာန်လေူများအား အချစ်ပိုကာ နမ်းရှုံ့ခြင်းဟာ အမှန်တကယ်တမ်းမှာ ကျန်းမာရေးနှင့် ညီညွတ်မှုရှိပါမည်လား??

ယခုတစ်ခါမှာတော့ အိမ်မွေးတိရစ္ဆာန်လေးများကို နမ်းရှုံ့ပွေ့ဖက်ခြင်းများ၏ နောက်ကွယ်မှ အန္တရာယ်ရှိသော ကျန်းမာရေးဗဟုသုများကို ဂရုပြုနိုင်စေရန် တင်ပြပေးလိုပါတယ်။

(၁) ခွေးများ၏ နုတ်သီး ၊ ပါးစပ်များဟာ သန့်ရှင်းမှု ရှိပါသလား??

Chicken Soul for the soul of the Dog Owner စာအုပ် ကိုရေးသားသူ Marty Becker က ” မင်းသေချာကြည့် ၊ သေချာအနံ့ခံကြည့်ပြီးရင် မင်းဒါကိုနားလည်သွားမှာပါ ၊ သူတို့က အမှိုက်ပုံးတွေကို လိုက်ကိုက်ဆွဲတယ် ။ ပြီးတော့ ငါတို့လူချင်းနုတ်ဆက်ရင် ပါးချင်းကပ်လေ့ရှိသလို သူတို့ခွေးချင်းနုတ်ဆက်ရင် ခန္ဓာကိုယ်အောက်ပိုင်း အစိတ်အပိုင်းများကို အချင်းချင်းနမ်းရှုံ့လေ့ရှိကြတယ် ” လို့ အဆိုပါအပြုအမူအပေါ် ရှင်းပြပါတယ်။

(၂) ခွေးများ၏ သားရည်အတွင်းပိုးမွှားများပါဝင်မှု

လန်ဒန်ရှိ Queen Mary တက္ကသိုလ်မှ ရောဂါဗေဒနှင့် ဘက်တီးရီးယားဗေဒ ပါမောက္ခဂျွန်အောက်စ်ဖို့ဒ်က ခွေး၏ပါးစပ်နှင့်ခံတွင်း၌ဘက်တီးရီးယားမည်မျှသယ်ဆောင်နိုင်သည်နှင့် ပတ်သက်၍ ‌ပြောကြားရာမှာတော့ စွန့်ပစ်ပစ္စည်းများ ၊ အညစ်အကြေးများ အကြား လှည့်ပတ်နေသည့် သူတို့၏ပါးစပ်များဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များနှင့်ပိုးမွှားများအပြည့်ရှိနေကြောင်း ရှင်းပြပြောဆိုခဲ့ပါတယ်။

(၃) ပိုးမွှားများလူ့ခန္ဓာကိုယ်အတွင်းရောက်ရှိခြင်း၏ ဆိုးကျိုးများ

ဤဗိုင်းရပ်စ်များနှင့်ပိုးမွှားများဟာ လူသားတို့အတွက် များစွာသော ကျန်းမာရေးပြဿနာများဖြစ်စေနိုင်ပါတယ်။ ခွေးလေးရဲ့တံတွေးကနေ တဆင့် ပိုးမွှားကူးစက်သွားသူ ဗြိတိန်အမျိုးသမီးတစ် ဦးရဲ့ အဖြစ်အပျက်ကတော့ သူမစကားပြောသံများ ပိုပိုပြီးလေးလံလာသည်ကိုစတင်သတိထားမိလာပြီးနောက် သွေးစစ်ချက်များအရ သူမဟာ ခွေးများနှင့်ကြောင်များ၏ပါးစပ်၌တွေ့ရလေ့ရှိသော capnocytophaga canimorsus ဘက်တီးရီးယားပိုးကြောင့်ကူးစက်ခံထားရကြောင်း သိရှိခဲ့ရပါတယ်။ ဗြိတိန်တစ်ဝှမ်းတွင်လည်း အလားတူဖြစ်ရပ်မျိုး ၁၃ မျိုးရှိခဲ့ပါတယ်။

(၄) အိမ်မွေးတိရိစ္ဆာန်လေးများမှတဆင့် အခြားကူးစက်နိုင်သောရောဂါများ

ပွေးဟုခေါ်သည့် ယားနာရောဂါမှာ သင်၏ခွေးကိုနမ်းခြင်းမှရနိုင်သော အများဆုံး တွေ့ရသည့်ရောဂါပိုးများထဲမှတစ်ခုဖြစ်ပါတယ်။သင်ရဲ့အိမ်မွေးတိရိစ္ဆာန်က ယားနာရောဂါပိုး ကူးစက်ခံရပြီး သူတို့ကိုနမ်းခြင်း‌ဖြင့် သင်ပါ ကူးစက်ခံရနိုင်ပါတယ်။
MRSA ကူးစက်မှုဟာ အများအားဖြင့်အရေပြားကို ထိခိုက်ပြီးအများအားဖြင့် လျှာဖြင့်တစ်ချက်အယက်ခံရရုံဖြင့် ဖြစ်ပွားနိုင်ပါတယ်။
Capnocytophaga сanimorsus ဘတ်တီးရီးယား ကတော့ ပေါက်ပြဲဒဏ်ရာများမှတဆင့် သင့်ခန္ဓာကိုယ်တွင်းဝင်ပြီး ဆိုးရွားသောကျန်းမာရေးပြသနာများဖြစ်စေနိုင်သောဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။

(၅) အိမ်မွေးတိရိစ္ဆာန်နှငိ့ဆက်စပ်ရောဂါများကာကွယ်ရန်

အောက်ပါအချက်များကိုလိုက်နာပါ။

-သင့်အိမ်‌မွေးတိရိစ္ဆာန်များကိုနမ်းခြင်း ၊ သင့်မျက်နှာကို လျှာဖြင့်လျက်စေခြင်း ၊ သင့်ထမင်းစား စးပွဲပေါ်အသာကျွေးခြင်း ၊ အတူမျှဝေစားသောက်ခြင်း တို့ကို ရှောင်ကြဉ်ရပါမယ်။

-တိရစ္ဆာန်များနှင့်ထိတွေ့ပြီးနောက်လက်ကိုသေချာစွာဆေးပါ။
-အဖြစ်များသောရောဂါများအတွက် ကာကွယ်ဆေးထိုးပါ ။
-အမွှေးပွကောင်ကြီးများအတွက် antibacterial နှင့် antifungal shampoo များကိုသုံးပါ။
-သင့်ခွေး (သို့) ကြောင်အား အခြားလေလွင့်တိရစ္ဆာန်များနှင့် အထိအတွေ့မရှိစေရန် ဂရုပြုပါ။ လမ်းလျှောက်ထွက်စဥ် လမ်းပေါ်မှာ တွေ့ကရာမစားစေရန် သင်ပေးပါ။

-အသား၊ ငါး ၊ ကြက်ဥများကို အစိမ်းမကျွေးရပါ။
-အစာကျွေးသောပန်းကန် နှင့်နေထိုင်ရာ နေရာများကို ပိုးသတ်ဆေးရည်တို့ဖြင့် ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
-အိမ်မွေးတိရစ္ဆာန်‌ လေးများ နေမကောင်းခြင်း ၊ အစာစားရန်ငြင်းဆန်ခြင်း (သို့) အစာမ‌ကြေပျို့အန်ခြင်း များခံစားနေရပါက တိရစ္ဆာန်ဆရာဝန်အားချက်ချင်းပြသရပါမယ်

Rft Brightside

Written One Daily  Media

 

Zawgyi

အိမ္ေမြးတိရိစာၦန္ေလးမ်ားကို ဘာေၾကာင့္ မနမ္းရႈံ႕သင့္တာလဲ

ေလ့လာေတြ႕ရွိခ်က္မ်ားအရ လူအမ်ားစုဟာ သူတို႔ရဲ႕ အိမ္ေမြးတိရိစာၦန္ေလးမ်ားကို မိသားစုဝင္တစ္ဦးကဲ့သို႔ သေဘာထားကာ ေကြၽးေမြးေစာင့္ေရွာက္ေလ့ရွိၾကပါတယ္။ ထို႔အရာဟာ ေကာင္းေသာ္လည္း မိမိတို႔အိမ္ေမြးတိရိစာၦန္ေလူမ်ားအား အခ်စ္ပိုကာ နမ္းရႈံ႕ျခင္းဟာ အမွန္တကယ္တမ္းမွာ က်န္းမာေရးႏွင့္ ညီၫြတ္မႈရွိပါမည္လား??

ယခုတစ္ခါမွာေတာ့ အိမ္ေမြးတိရစာၦန္ေလးမ်ားကို နမ္းရႈံ႕ေပြ႕ဖက္ျခင္းမ်ား၏ ေနာက္ကြယ္မွ အႏၲရာယ္ရွိေသာ က်န္းမာေရးဗဟုသုမ်ားကို ဂ႐ုျပဳႏိုင္ေစရန္ တင္ျပေပးလိုပါတယ္။

(၁) ေခြးမ်ား၏ ႏုတ္သီး ၊ ပါးစပ္မ်ားဟာ သန႔္ရွင္းမႈ ရွိပါသလား??

Chicken Soul for the soul of the Dog Owner စာအုပ္ ကိုေရးသားသူ Marty Becker က ” မင္းေသခ်ာၾကည့္ ၊ ေသခ်ာအနံ႔ခံၾကည့္ၿပီးရင္ မင္းဒါကိုနားလည္သြားမွာပါ ၊ သူတို႔က အမႈိက္ပုံးေတြကို လိုက္ကိုက္ဆြဲတယ္ ။ ၿပီးေတာ့ ငါတို႔လူခ်င္းႏုတ္ဆက္ရင္ ပါးခ်င္းကပ္ေလ့ရွိသလို သူတို႔ေခြးခ်င္းႏုတ္ဆက္ရင္ ခႏၶာကိုယ္ေအာက္ပိုင္း အစိတ္အပိုင္းမ်ားကို အခ်င္းခ်င္းနမ္းရႈံ႕ေလ့ရွိၾကတယ္ ” လို႔ အဆိုပါအျပဳအမူအေပၚ ရွင္းျပပါတယ္။

(၂) ေခြးမ်ား၏ သားရည္အတြင္းပိုးမႊားမ်ားပါဝင္မႈ

လန္ဒန္ရွိ Queen Mary တကၠသိုလ္မွ ေရာဂါေဗဒႏွင့္ ဘက္တီးရီးယားေဗဒ ပါေမာကၡဂြၽန္ေအာက္စ္ဖို႔ဒ္က ေခြး၏ပါးစပ္ႏွင့္ခံတြင္း၌ဘက္တီးရီးယားမည္မွ်သယ္ေဆာင္ႏိုင္သည္ႏွင့္ ပတ္သက္၍ ‌ေျပာၾကားရာမွာေတာ့ စြန႔္ပစ္ပစၥည္းမ်ား ၊ အညစ္အေၾကးမ်ား အၾကား လွည့္ပတ္ေနသည့္ သူတို႔၏ပါးစပ္မ်ားဟာ ဘက္တီးရီးယား၊ ဗိုင္းရပ္စ္မ်ားႏွင့္ပိုးမႊားမ်ားအျပည့္ရွိေနေၾကာင္း ရွင္းျပေျပာဆိုခဲ့ပါတယ္။

(၃) ပိုးမႊားမ်ားလူ႔ခႏၶာကိုယ္အတြင္းေရာက္ရွိျခင္း၏ ဆိုးက်ိဳးမ်ား

ဤဗိုင္းရပ္စ္မ်ားႏွင့္ပိုးမႊားမ်ားဟာ လူသားတို႔အတြက္ မ်ားစြာေသာ က်န္းမာေရးျပႆနာမ်ားျဖစ္ေစႏိုင္ပါတယ္။ ေခြးေလးရဲ႕တံေတြးကေန တဆင့္ ပိုးမႊားကူးစက္သြားသူ ၿဗိတိန္အမ်ိဳးသမီးတစ္ ဦးရဲ႕ အျဖစ္အပ်က္ကေတာ့ သူမစကားေျပာသံမ်ား ပိုပိုၿပီးေလးလံလာသည္ကိုစတင္သတိထားမိလာၿပီးေနာက္ ေသြးစစ္ခ်က္မ်ားအရ သူမဟာ ေခြးမ်ားႏွင့္ေၾကာင္မ်ား၏ပါးစပ္၌ေတြ႕ရေလ့ရွိေသာ capnocytophaga canimorsus ဘက္တီးရီးယားပိုးေၾကာင့္ကူးစက္ခံထားရေၾကာင္း သိရွိခဲ့ရပါတယ္။ ၿဗိတိန္တစ္ဝွမ္းတြင္လည္း အလားတူျဖစ္ရပ္မ်ိဳး ၁၃ မ်ိဳးရွိခဲ့ပါတယ္။

(၄) အိမ္ေမြးတိရိစာၦန္ေလးမ်ားမွတဆင့္ အျခားကူးစက္ႏိုင္ေသာေရာဂါမ်ား

ေပြးဟုေခၚသည့္ ယားနာေရာဂါမွာ သင္၏ေခြးကိုနမ္းျခင္းမွရႏိုင္ေသာ အမ်ားဆုံး ေတြ႕ရသည့္ေရာဂါပိုးမ်ားထဲမွတစ္ခုျဖစ္ပါတယ္။သင္ရဲ႕အိမ္ေမြးတိရိစာၦန္က ယားနာေရာဂါပိုး ကူးစက္ခံရၿပီး သူတို႔ကိုနမ္းျခင္း‌ျဖင့္ သင္ပါ ကူးစက္ခံရႏိုင္ပါတယ္။
MRSA ကူးစက္မႈဟာ အမ်ားအားျဖင့္အေရျပားကို ထိခိုက္ၿပီးအမ်ားအားျဖင့္ လွ်ာျဖင့္တစ္ခ်က္အယက္ခံရ႐ုံျဖင့္ ျဖစ္ပြားႏိုင္ပါတယ္။
Capnocytophaga сanimorsus ဘတ္တီးရီးယား ကေတာ့ ေပါက္ၿပဲဒဏ္ရာမ်ားမွတဆင့္ သင့္ခႏၶာကိုယ္တြင္းဝင္ၿပီး ဆိုး႐ြားေသာက်န္းမာေရးျပသနာမ်ားျဖစ္ေစႏိုင္ေသာဘက္တီးရီးယားတစ္မ်ိဳးျဖစ္ပါတယ္။

(၅) အိမ္ေမြးတိရိစာၦန္ႏွငိ့ဆက္စပ္ေရာဂါမ်ားကာကြယ္ရန္

ေအာက္ပါအခ်က္မ်ားကိုလိုက္နာပါ။

-သင့္အိမ္‌ေမြးတိရိစာၦန္မ်ားကိုနမ္းျခင္း ၊ သင့္မ်က္ႏွာကို လွ်ာျဖင့္လ်က္ေစျခင္း ၊ သင့္ထမင္းစား စးပြဲေပၚအသာေကြၽးျခင္း ၊ အတူမွ်ေဝစားေသာက္ျခင္း တို႔ကို ေရွာင္ၾကဥ္ရပါမယ္။
-တိရစာၦန္မ်ားႏွင့္ထိေတြ႕ၿပီးေနာက္လက္ကိုေသခ်ာစြာေဆးပါ။
-အျဖစ္မ်ားေသာေရာဂါမ်ားအတြက္ ကာကြယ္ေဆးထိုးပါ ။
-အေမႊးပြေကာင္ႀကီးမ်ားအတြက္ antibacterial ႏွင့္ antifungal shampoo မ်ားကိုသုံးပါ။
-သင့္ေခြး (သို႔) ေၾကာင္အား အျခားေလလြင့္တိရစာၦန္မ်ားႏွင့္ အထိအေတြ႕မရွိေစရန္ ဂ႐ုျပဳပါ။ လမ္းေလွ်ာက္ထြက္စဥ္ လမ္းေပၚမွာ ေတြ႕ကရာမစားေစရန္ သင္ေပးပါ။

-အသား၊ ငါး ၊ ၾကက္ဥမ်ားကို အစိမ္းမေကြၽးရပါ။
-အစာေကြၽးေသာပန္းကန္ ႏွင့္ေနထိုင္ရာ ေနရာမ်ားကို ပိုးသတ္ေဆးရည္တို႔ျဖင့္ ပုံမွန္သန႔္ရွင္းေရးလုပ္ပါ။
-အိမ္ေမြးတိရစာၦန္‌ ေလးမ်ား ေနမေကာင္းျခင္း ၊ အစာစားရန္ျငင္းဆန္ျခင္း (သို႔) အစာမ‌ေၾကပ်ိဳ႕အန္ျခင္း မ်ားခံစားေနရပါက တိရစာၦန္ဆရာဝန္အားခ်က္ခ်င္းျပသရပါမယ္

Rft Brightside

Written One Daily  Media

 

 

Leave a Reply

Your email address will not be published. Required fields are marked *