Mon. Jun 5th, 2023

ကိုယ်ဝန်ဆောင်စဉ် သတိပြုရမည့် အိပ်စက်ပုံအနေအထား

ကျွန်ုပ်တို့ဟာ ဘ ၀ ရဲ့သုံးပုံတစ်ပုံလောက်ကိုအိပ်စက်ရင်း ဒါမှမဟုတ် အိပ်ဖို့ကြိုးစားရင်းနဲ့ကုန်ဆုံးရပြီး မကြာသေးမီက လေ့လာမှုများအရ ကိုယ်ဝန်ဆောင်မိခင်ရဲ့အိပ်စက်ပုံအနေအထားနှင့် ကလေး၏ကျန်းမာမှုတို့ ဆက်စပ်မှုရှိကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ် အပြောင်းအလဲများရှိခြင်း‌ ကြောင့် ပုံမှန် နေနေကျ အနေအထားများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အဆင်မပြေ အန္တရာယ်ရှိစေတာမျိုးများ ရှိတတ်ပါတယ်။
ထို့ကြောင့် ကျွန်ုပ်တို့က သင့်ရဲ့မမွေးသေးတဲ့ကလေးကို မထိခိုက်စေမယ့် လိုအပ်တဲ့အနားယူအိပ်စက်နည်းတွေကို မှတ်သားဖွယ် ဖော်ပြပေးလိုပါတယ်။

(၁) ဝမ်းလျားမှောက်အိပ်ခြင်း

သင်ဟာကိုယ်ဝန်မဆောင်ခင်ကတည်းက မှောက်အိပ်‌လေ့ရှိသူဖြစ်ပါက ကိုယ်ဝန်အစောပိုင်းလတွေမှာပဲ အဆိုပါအနေအထားအတိုင်း ဆက်အိပ်နိုင်ပါတယ်။

ဒါပေမယ့် ပထမသုံးလပတ်နောက်ပိုင်းမှာ သင့်ရဲ့ကြီးထွားလာတဲ့ ရင်သွေးလောင်းလေးကြောင့် မှောက်အိပ်ခြင်းဟာ ဗိုက်ကိုသက်တောင့်သက်သာ ရှိစေမှာ မဟုတ်ပါဘူး။

(၂ ) ဘယ်ဘက်ဘေးတစ်ခြမ်းစောင်းအိပ်ခြင်း

 

ဘေးစောင်းအိပ်ခြင်းဟာ သင်ရော သင့်ရင်သွေးလေးအတွက်ပါ သက်တောင့်သက်သာရှိစေပါလိမ့်မယ်။ ‌သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်တွင်းအင်္ဂါများအပေါ် ဖိအားသက်ရောက်ခြင်းလည်း မရှိစေပါဘူး။

သို့ရာတွင် ဘယ်ဘက်စောင်းအိပ်ခြင်းက ပိုမိုကောင်းမွန်ကြောင်း အကြံပြုလိုပါတယ်။

အကြောင်းကတော့ရင်သွေးငယ်ထံသို့ သွေးလည်ပတ်မှုနှင့် အာဟာရဓာတ် ကောင်းစွာရောက်ရှိစေခြင်းကလေးအသေမွေးနိုင်‌‌ခြေကို လျှော့ချစေခြင်းသင့် ကျောက်ကပ်ကို ကောင်းမွန်စွာ အလုပ်လုပ်စေခြင်း

ဒါဟာ အစပိုင်းမှာအခက်အခဲရှိကောင်းရှိနိုင်ပေမယ့် သက်တောင့်သက်သာအိပ်ပျော်စေမယ့်နည်းလမ်းအချို့ကိုလည်း ဆောင်းပါးနောက်ဆုံးမှာဆက်လက်ဖော်ပြပေးထားပါတယ်။

(၃) လက်/ဒူးအနေအထား

ဒါဟာ အိပ်ပျော်ဖို့ အနေအထားမဟုတ်ပေမယ့် ဒီလေ့ကျင့်ခန်းဟာ မိခင်နဲ့သူ့ကလေးအတွက်အရမ်းအကျိုးရှိနိုင်ပါတယ်။လက်နှင့်ဒူးအနေအထားဟာ ကျောနာခြင်းကိုသက်သာစေပြီးအဆစ်များကိုလျော့ပါးစေသောကြောင့် မိခင်အတွက်သက်တောင့်သက်သာရှိစေပါတယ်။ ထို့အပြင် ရင်သွေးလေးအနေဖြင့်လည်း မှန်ကန်သောအနေအထားဖြင့် လှုပ်ရှားပေးစေပါတယ်။

ဒီအနေအထားကိုလေ့ကျင့်ဖို့အတွက် ဒူးအောက်မှာ ခေါင်းအုံးတစ်လုံး (ဒါမှမဟုတ်) ယောဂဖျာကိုသုံးနိုင်ပါတယ် ။ လက်များနှင့်ဒူးများကို ထောက်ထားပြီး ပုခုံးကိုမကွေးသွား‌စေရန် သတိပြုပါ ။

ထို့နောက် ဖြည်းဖြည်းချင်းထပါ။Fitness ဘောလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ သင့်လက်နှင့်ဒူးကို ဘောလုံးတစ်လုံး‌ေပါ် ထောက်ထားခြင်းကလည်း ပိုမို အထောက်အပံ့ရစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကောင်းစွာအိပ်ပျော်စေမယ့် နည်းလမ်းအချို့

– နောက်ကျောဘက်တွင်ခေါင်းအုံးတစ်လုံးခု၍အိပ်ခြင်းတင်ပဆုံ ၊ ခါးရိုး နှင့် ကျောရိုးတို့ကို သက်တောင့်သက်သာရှိစေရန် ခေါင်းအုံးတစ်လုံးကို ခွ၍အိပ်ခြင်း ညဘက်ရင်ပူသောအခါများတွင် ခေါင်းအုံးမြင့်မြင့်ဆင့်၍အိပ်ခြင်း

နေ့ခင်းဘက်တစ်ရေးတမော အိပ်လျှင်လည်း ညဘက်ကဲ့သို့ပင် အနေအထားဖြင့်အိပ်ခြင်း
– မှန်ကန်သောအနေအထားတွင်အိပ်ပျော်ရန်ကြိုးစားပါ။

အချိန်တော်တော်များများကိုအိပ်စက်ခြင်းဖြင့် ကုန်ဆုံးနေရတာကြောင့် ညဘက် တရေးနိုးလာလျှင် သင့်အနေအထားကိုပြန်စစ်ဆေးပြီး ဘယ်ဘက်ကိုစောင်းပြီးပြန်အိပ်ပါ။

ပက်လက်အိပ်ခြင်းကို ရှောင်ကြဉ်ရန်

ကိုယ်ဝန်ဆောင်ချိန်မှာ ပက်လက်အိပ်ခြင်းဟာကလေးရဲ့ကိုယ်အလေးချိန်ဖြင့် ဝမ်းဗိုက်ရှိကိုယ်တွင်းအင်္ဂါတွေ အပေါ် ဖိအားများစေတာကြောင့်အချင်းဆီသို့ သွေးစီးဆင်းမှုအခက်အခဲဖြစ်စေပါတယ်။

ထို့ကြောင့် အိပ်စက်ပုံ အနေအထားဟာ မိခင်နှင့်ကလေးနှစ်ယောက်စလုံးအတွက် သင့်တော်ပြီး မီးဖွားခြင်းနှင့်သန္ဓေသားကြီးထွားမှု များကို ကောင်းမွန်စေသည့် ရိုးရှင်းသောနည်းလမ်းတစ်ခုဖြစ်ပါတယ်

သို့သော် အရမ်းစိတ်ပူစရာတော့မလိုအပ်ပါဘူး ။ ကလေးအသေမွေးဖွားခြင်းမျိုးများဟာ သာမန် သမတ်ရိုးကျ ကိုယ်ဝန်ဆောင်များအကြား အလွန် ရှားပါးလှပါတယ်။

သင်ရော ကိုယ်ဝန်ဆောင်ချိန်မှာ သက်တောင့်သက်သာ အနေအထားဖြစ်‌အောင် ကြိုးစားရင်းအခက်အခဲ တစ်ခုခုကြုံဖူးပါလား ?? သင့်ကိုယ်ပိုင် အတွေ့အကြုံနဲ့ အသုံးဝင်အချက်အလက်များ ရှိလျှင်လည်း comment မှာ ဗသုသုတ ဝေမျှပေးစေချင်ပါတယ်။

 

Source Brightside

written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *