Sun. May 22nd, 2022

လူပေါင်းစုံ၊ စိတ်ဓာတ်ပေါင်းစုံ၊ ပုံစံပေါင်းစုံ စသဖြင့် လူတန်းစားပေါင်းစုံစုနေတဲ့ လုပ်ငန်းခွင်လိုနေရာမျိုးမှာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရတာဟာ အနည်းနဲ့အများတော့ အာရုံနောက်ရမှာပါပဲ။ မောင်နှမတွေတောင် အချင်းချင်းစိတ်အခန့်မသင့်ရင် စကားများရန်ဖြစ်တတ်ကြတာဆိုတော့ လုပ်ငန်းခွင်လိုအပြိုင်အဆိုင်များတဲ့နေရာမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်ကြတာ အထူးအဆန်းတော့မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပါ

 

ဖြစ်နိုင်ရင် သူများစကားတွေ၊ သူများအပြုအမူတွေကို အာရုံမထားပါနဲ့။ ဒါတွေကိုအာရုံထားတဲ့အခါမှာ ကိုယ့်စိတ်ကအဆင်ပြေနေချိန်ဆို ပြဿနာမရှိပေမယ့် စိတ်အခန့်မသင့်တဲ့အခါ တချို့စကားတွေက အဓိပ္ပါယ်ကောက်ယူလွဲမှားတဲ့အခါမျိုးမှာ ပြဿနာဖြစ်နိုင်ပါတယ်။ တခါတလေမှာ တကယ်ကိုကြားစေချင်လို့ပြောတဲ့ အာရုံနောက်စရာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်တာဝန်ကိုယ့်ဝတ္တရားကိုသာ အာရုံစိုက်ပါ။

အလွန်အကျွံမဖြစ်အောင်သတိထားပါ

 

စကားအလွန်အကျွံပြောမိတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ စကားကျွံသွားရင် နှုတ်ရအရမ်းခက်ပါတယ်။ ကိုယ်ကဘာသဘောမှမပါဘဲ ပြောမိရင်တောင်မှ စကားကျွံသွားခဲ့ရင် ပြန်ဖြေရှင်းရတာ စိတ်ရှုပ်ရသလို အာရုံနောက်စရာ မလိုလားတဲ့ကိစ္စတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီတော့ တတ်နိုင်သမျှ စကားမကျွံသွားအောင် ထိန်းပါ။

စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ပါစေ

 

လုပ်ငန်းခွင်ဟာ စိတ်ခံစားချက်နဲ့ ရောထွေးလိုက်လို့မရပါဘူး။ Professional ဆန်ဆန် အလုပ်လုပ်ချင်တယ်ဆိုရင် ကိုယ်ရေးကိုယ်တာ ခံစားချက်နဲ့အလုပ်ကို ခွဲခြားတတ်ရပါမယ်။ ဒါမှအလုပ်လုပ်ရာမှာ အဆင်ပြေမှာပါ။

သက်တောင့်သက်သာဖြစ်အောင် နေပါစေ

 

 

လုပ်ငန်းခွင်မှာ သက်တောင့်သက်သာဖြစ်ဖို့လည်းလိုပါတယ်။ ကိုယ်ရောစိတ်ပါ သက်သောင့်သက်သာရှိပါမှ လုပ်ငန်းခွင်ဟာ နေပျော်စရာဖြစ်မှာပါ။ သက်သောင့်သက်သာရှိမှလည်း အလုပ်လုပ်ရာမှာ စိတ်ရှင်းရှင်းလုပ်နိုင်မှာဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ဖြစ်နေတဲ့ လုပ်ငန်းခွင်မျိုးဆိုရင်တော့ ဖက်တွယ်မထားပါနဲ့လို့ပဲ ပြောချင်ပါတယ်။

ကျေးဇူးတင်စကားဆိုဖို့ မမေ့ပါနဲ့

 

 

လုပ်ငန်းခွင်မှာ တစ်ဦးတစ်ယောက်ဆီကနေ အကူအညီရခဲ့တယ်ဆိုရင် ကျေးဇူးတင်စကားဆိုဖို့မမေ့ပါနဲ့။ တစ်ဦးကိုတစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ဘယ်လိုပဲသူ့တာဝန်သူယူတယ်ဆိုပါစေ၊ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ဖို့ကို နှုတ်တွန့်မနေပါနဲ့။

 

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published.