success

စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဘယ်လိုအကောင်အထည်ဖော်ကြမလဲ

စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဘယ်လိုအကောင်အထည်ဖော်ကြမလဲ

လူတိုင်းမှာ စိတ်ကူးအိပ်မက်တစ်ခုစီတော့ရှိကြပါတယ်။ အဆိုတော် ဖြစ်ချင်တာတို့၊ စာရေးဆရာဖြစ်ချင်တဲ့သူ၊ ဒါမှမဟုတ် စီးပွားရေးနယ်ပယ်မှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တဲ့သူလည်း ရှိမှာပါ။ လူအနည်းစုကသာ ကိုယ့်ရဲ့အိပ်မက်ကို အမှန်တကယ်အကောင်အထည်ဖော်နိုင်ကြတာပါ။ သင်လည်း ထိုလူနည်းစုထဲက တစ်ယောက်ဖြစ်အောင် ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက် (၅) ချက်ကို မှတ်သားထားသင့်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါ။

 

ငွေ အမြောက်အမြားရင်းနှီးမြှုပ်နှံဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ရဲ့ ကြိုးစားမှု၊ လုပ်ဆောင်နိုင်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှကို ရင်းနှီးမြှုပ်နှံထားရမှာပါ။ တန်ဖိုးရှိတဲ့ သင့်ရဲ့အချိန်တွေကိုလည်း ရင်းနှီးမြှုပ်နှံထားရပါမယ်။ ဒီနေ့ကြိုးစားပြီး နောက်နေ့ချက်ချင်းအောင်မြင်တဲ့သူဆိုတာ မရှိပါဘူး။ အောင်မြင်မှုဆိုတာ အမှန်တကယ်ထိုက်တန်တဲ့သူဆီကိုပဲ ရောက်လာတတ်တာပါ။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါ။

 

အမှားမပြုလုပ်မိတဲ့သူဆိုတာ မရှိပါဘူး။ အမှားပြုလုပ်မိမှာကို ကြောက်ပြီး ဒီအတိုင်းထိုင်နေမယ်ဆိုရင်တော့ သင့်အိပ်မက်တွေက အိပ်မက်အဖြစ်နဲ့ပဲ ကျန်ရှိနေပါလိမ့်မယ်။ အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အမှားတွေကနေ သင်ခန်းစားယူပါ။ ကိုယ် ပြုလုပ်တဲ့ကိစ္စတိုင်းကို တာဝန်ယူတတ်တဲ့စိတ် မွေးမြူထားပါ။

သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်များကို လက်တွေ့အသုံးချပါ။

 

ဘွဲ့ရ ပညာတတ်တစ်ယောက်ဖြစ်အောင်ဆိုပြီး ဘွဲ့တွေ အများကြီးယူထားပြီး တကယ်မတတ်မြောက်ဘူးဆိုရင်တော့ အချိန်ကုန် ငွေကုန်တာပဲအဖတ်တင်ပါလိမ့်မယ်။ ကိုယ် တကယ် ဝါသနာပါတဲ့ပညာရပ်ကိုပဲ လေ့လာသင်ယူပါ။ ထိုပညာရပ်ကို ပြန်လည်အသုံးချတတ်ခြင်းက သင့်ကို အောင်မြင်မှုတွေဆီ ခေါ်ဆောင်ပေးနိုင်ပါလိမ့်မယ်။

ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ပါစေ။

 

 

ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူကို လူအများအပြား လေးစားချစ်ခင်ကြပါတယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလူတွေကိုတော့ ဝေးဝေးရှောင်ကြဉ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို အတတ်နိုင်ဆုံး မှန်ကန်ဖြောင့်မတ်အောင် ကျင့်ကြံပါ။ ဒါဆိုရင်တော့ သင်က ကောင်းသတင်းတွေနဲ့ မွှေးပျံ့နေမှာဖြစ်ပြီး သင့်ကို ကူညီမယ့်သူတွေလည်း ပေါများမှာပဲဖြစ်ပါတယ်။

စိတ်ဓာတ်တက်ကြွမှု ရှိပါစေ။

 

 

ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြီး အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်ဖို့အတွက်ဆိုရင်တော့ စိတ်ဓာတ်တက်ကြွမှုရှိရပါမယ်။ ပျင်းရိပြီး ဒီအတိုင်းထိုင်နေလို့ကတော့ ယခုရောက်ရှိနေတဲ့နေရာမှာပဲ ရပ်တန့်နေပါလိမ့်မယ်။ အမြဲတမ်း ကြိုးစားချင်စိတ်အပြည့်ရှိတဲ့သူတစ်ယောက်၊ အမြဲတမ်း သင်ယူလေ့လာချင်စိတ်ရှိတဲ့သူတစ်ယောက်ဖြစ်ပါစေ။

ဒီအချက် (၅) ချက်ကို သေသေချာချာလိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ်လာပါလိမ့်မယ်။

 

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Comment