Tue. Oct 26th, 2021

သူဌေးဖြစ်ချင်ရင် ဒါတွေရှောင်ပါ

သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ချင်ပါသလား။ သူတို့ ပြုမှုနေထိုင်သလို လိုက်နေကြည့်ပါ။

အခုဖော်ပြလိုက်တဲ့ကိစ္စ (၇) ခုကို သန်းကြွယ်သူဌေးတွေက ဘယ်တော့မှမလုပ်ပါဘူး။

 

 

၁။ တီဗွီ ကြည့်ပြီး အချိန်ကုန်မခံကြပါဘူး။

သန်းကြွယ်သူဌေးတွေက ဘယ်တော့မှ ရုပ်မြင်သံကြားအစီအစဉ်တွေ ဇာတ်လမ်းတွေကြည့်ပြီး အချိန်အကုန်မခံကြပါဘူး။ တီဗွီ ကြည့်မယ့်အစား သူတို့ကစာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။ Elon Musk ကနေ Warren Buffett အထိ နာမည်ကျော် လုပ်ငန်းရှင်သူဌေးတွေအားလုံးဟာ တစ်နေ့တာရဲ့ အချိန်တော်တော်များများကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးတတ်ကြပါတယ်။ စာဖတ်တဲ့ နေရာမှာလည်း အပျော်စာပေတွေထက် ပညာရမယ့် ၊ တိုးတက်မှု တစ်စုံတစ်ရာ ရရှိနိုင်မယ့် စာအုပ်တွေကိုပဲ ဖတ်လေ့ရှိပါတယ်။

၂။ ဘယ်တော့မှ တစ်ဦးတည်း သီးခြားခွဲထွက်နေလေ့ မရှိပါဘူး။

 

သန်းကြွယ်သူဌေးတွေ အားလုံးက လူမှုဆက်ဆံရေး ကောင်းကြသူတွေချည်းပဲဖြစ်ပါတယ်။ သူတို့ဟာ အမြဲတမ်းလိုလို မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီး စကားစမြည်းပြောနေလေ့ ရှိပါတယ်။ ဒီလို လူမှုဆက်ဆံရေးကောင်းမွန်တာဟာ အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်ဆိုတာကို သူတို့တွေက သိရှိထားကြပြီးသူတို့ရဲ့ လူမှုကွန်ယက်ကို တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။

(၃) အပိုတွေလျှောက် တွေးလေ့မရှိပါဘူး။

 

Source : Millioner Mind Book

အောင်မြင်တဲ့ လုပ်ငန်းရှင်တွေတိုင်းဟာ သူတို့ရဲ့ပင်ကိုယ်သိစိတ်ကို ယုံကြည်စွာအသုံးပြုလေ့ရှိပြီး အများကြီးလျှောက်တွေးလေ့မရှိပါဘူး။ ဒီလိုဆိုတော့ အကျိုးဆက်တွေကို သေချာမသုံးသပ်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သူတို့က ဆင်ခြင်သုံးသပ်မှုတွေနဲ့ အချိန်ကုန်မခံတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့လုပ်ဆောင်ရမယ့် အရာတွေကို ဆင်ခြင်သုံးသပ်ပြီးပြီဆိုတာနဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး လုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ကြပါတယ်။ ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်လေ့မရှိပါဘူး။

(၄) တကယ်ရင်မဆိုင်ကြည့်ဘဲ အရှုံးမပေးတတ်ကြပါဘူး။

 

သန်းကြွယ်သူဌေးတွေအားလုံးဟာ ဒုက္ခရောက်လာချိန်မှာ ဘယ်တော့မှ အရှုံးပေးဖို့ မစဉ်းစားတတ်ကြပါဘူး။ သူတို့တွေဟာ ကျရှုံးမှုတွေ အဆင်မပြေမှုတွေ အားလုံးကို ဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။ လုပ်ငန်းရှင်အများစုဟာ လုပ်ဖော်ကိုင်ဘက်တွေ ၊ မိတ်ဆွေ ၊ မိသားစုဝင်တွေရဲ့ ဝေဖန်ပြစ်တင်မှု့ကို ခံရလေ့ ရှိပေမယ့် လက်မလျော့တတ်ကြပါဘူး။ အောင်မြင်သူအစစ်တွေကဘယ်တော့မှ နောက်ကောက်ကျ ကျန်မနေခဲ့ပါဘူး။

(၅) အားကစားလုပ်ဖို့ မမေ့ကြပါဘူး။

 

ချမ်းသာအောင်မြင်နေတဲ့ လုပ်ငန်းရှင်တိုင်းဟာ မနက်ခင်းမှာလေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်။ သူတို့အတွက် မနက်ခင်းလေ့ကျင်ခန်း လုပ်တာဟာ နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက် အာရုံစူးစိုက်နိုင်ပြီး လုပ်ငန်းပြီးမြောက်ဖို့ကို တိုးတက်လာစေဖို့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို နားလည်ကြပါတယ်။

(၆) အိပ်ယာထ နောက်ကျလေ့မရှိပါဘူး။

 

အောင်မြင်တဲ့ လုပ်ငန်းရှင်အများစုဟာ မနက်စောစောအိပ်ယာ ထတတ်ကြသူတွေချည်းပါပဲဖြစ်ပါတယ်။ သူတို့ဟာ ဘယ်တော့မှအိပ်ယာထဲမှာ နှေးကွေးနေပြီး အလုပ်နောက်ကျခံတဲ့ထဲမှာ မပါကြပါဘူး။

(၇) ပျင်းရိငြီးငွေ့တယ်ဆိုတာ မရှိပါဘူး။

 

အောင်မြင်သူတွေအများစုဟာ သူတို့ပတ်ဝန်းကျင်မှာ လေ့လာစရာအခွင့်အလန်းတွေ အမြဲတမ်းရှိနေတာကို သိကြတဲ့အတွက် ပျင်းနေတယ်ဆိုတာ မရှိပါဘူး။ ထိုင်ပြီး ပျင်းနေမယ့်အစားမိတ်ဆွေအသစ်တွေနဲ့တွေ့ဆုံဖို့၊ သင်တန်းတွေတတ်ဖို့၊ စာအုပ်တွေဖတ်ဖို့ စသဖြင့် သူတို့ရဲ့အရည်အချင်းနဲ့ အသိပညာဗဟုသုတတွေ တိုးလာဖို့ကိုပဲ အမြဲအားထုတ်နေတတ်ကြပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင် သင်ရော သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်ချင်စိတ်ရှိပါသလား။ ရှိတယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ အကြံပြုလိုက်ပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

 

Leave a Reply

Your email address will not be published. Required fields are marked *