Daily News

မက်ဆီအသင်းပြောင်းတာ လာပေါ်တာရဲ့အပြစ်လို့ ဘာတိုမျူပြော

Unicode

ဘာစီလိုနာအသင်း ဥက္ကဌဟောင်း ဘာတိုမျူက သူ၏နေရာတွင် ဆက်ခံသော လာပေါ်တာကို ကလပ်အသင်း၏ ငွေကြေးကိစ္စ၌ ဆိုးဝါးစွာ စီမံခန့်ခွဲခြင်းနှင့် အကျိုးဆက်အနေဖြင့် မက်ဆီ အသင်းမှ ထွက်ခွာသွားရခြင်းတို့ကို ဝေဖန်လိုက်သည်။

ဘာတိုမျူက အောက်တိုဘာ ၂၀၂၀ တွင် ၇ နှစ်ကြာ ဘာဆာအသင်းဥက္ကဌ လုပ်နေရာမှ နုတ်ထွက်ခဲ့သည်။ ဘာတိုမျူက နေမာနှင့် တရားရုံးပြင်ပတွင် အမှုကျေအေးလိုက်ခြင်းနှင့် ပတ်သက်သည့် ကိစ္စကိုလည်း မေးခွန်းထုတ်လိုက်သည်။

လာပေါ်တာက သူ၏တာဝန်ယူမှုမတိုင်မီ ဘာစီလိုနာ ဘုတ်အဖွဲ့ဟောင်းက ငွေကြေးစီမံမှု ဆိုးဝါးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး အကျိုးဆက်အနေဖြင့် မက်ဆီကို စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ သို့ရာတွင် ဘာတိုမျူက သူ၏အစီအမံများနှင့်သာဆိုလျှင် ဘာစီလိုနာသည် ကိုဗစ်-၁၉ တိုက်ခိုက်မှုဒဏ်ကို ကျော်လွှားနိုင်မည်ဖြစ်ပြီး လာပေါ်တာကို အပြစ်တင်သင့်ကြောင်း ပြောဆိုလိုက်သည်။

“အားလုံးသိထားပြီးတဲ့အတိုင်း မတ်လ ၂၂ ရက်နေ့မှာ ဒါရိုက်တာရွေးကောက်ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ စီစဉ်ထားတဲ့အတိုင်းဆိုရင် ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ငွေကြေးစီမံခန့်ခွဲမှုတွေလုပ်ဖို့ ကျွန်တော်တို့ အခွင့်အရေးရခဲ့မှာပါ။ ဒါဆိုရင် အခုဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ထည့်သွင်းစဉ်းစားပေးလို့ရတာပေါ့”ဟု ဘာတိုမျူက ပြောဆိုခဲ့သည်။

ဘာတိုမျူက ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါ၏ လစာသတ်မှတ်ချက်ဘောင်အတွင်းသာ ရှိနေရန်နှင့် မက်ဆီကို ပီအက်စ်ဂျီသို့ မပြောင်းရွှေ့ရေး တားဆီးနိုင်မည့် အခွင့်အရေးများ ရလာနိုင်ကြောင်း ပြောဆိုခဲ့သည်။

Zawgyi

Leave a Comment