success

ချမ်းသာကြွယ်ဝဖို့ ဆောင်ရန်အချက် (၃)ခု

ချမ်းသာကြွယ်ဝဖို့ ဆောင်ရန်အချက် (၃)ခု

ချမ်းသာကြွယ်ဝမှု ဓနဥစ္စာကို တည်ဆောက်ခြင်းဟာ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ အခြားခရီးစဉ်တွေလိုပဲ စောစော စတင်နိုင်လေလေ ခရီးပိုရောက်လေပါပဲ။ အနားယူချိန်အတွက် စုဆောင်းတာပဲဖြစ်ဖြစ်၊ ကလေးတွေ ပညာရေးကောင်းဖို့ပဲ ဖြစ်ဖြစ်၊ အခြားရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ဖြစ် အချိန်စောစော စတင်နိုင်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ချမ်းသာချင်ရင် အခုချက်ချင်း စတင်လုပ်ဆောင်ရမယ့် အရာ (၃) ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ဝင်ငွေတိုးအောင် ကြိုးစားပါ။

 

ဝင်ငွေမရှာနိုင်ရင် ငွေစုဆောင်းဖို့ မဖြစ်နိုင်ပါဘူး။ ငွေကြေးအပူအပင်ကင်းဖို့အတွက် ပထမဆုံးအဆင့်က ဝင်ငွေများများရဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်ပညာရေးစနစ်ဟာ အရည်အချင်းတွေ တည်ဆောက်ဖို့အတွက် အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ လက်တွေ့အတွေ့အကြုံတွေကပဲ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ငယ်စဉ်ကတည်းက အတွေ့အကြုံရအောင် အကောင်းဆုံးလုပ်ဆောင်ပါ။ အတွေ့အကြုံတွေကို ရင်းပြီး ဘယ်လုပ်ငန်းထဲမှာပဲဖြစ်ဖြစ် ဝင်ငွေကောင်းကောင်းရအောင် ကြိုးစားပါ။

အရည်အချင်းနဲ့ ရည်မှန်းချက်ပေါ်မှာ မူတည်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်ခြင်းက ရေရှည်မှာ ချမ်းသာကြွယ်ဝလာစေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အစပိုင်းမှာ ဆုံးရှုံးမှုတွေ ကြုံတွေ့ရနိုင်ပေမယ့် တစ်ဖြည်းဖြည်းနဲ့ ကျွမ်းကျင်လိမ္မာလာပြီး ဝင်ငွေတိုးပွားလာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ စုဆောင်းပါ၊ ရင်းနှီးမြုပ်နှံပါ။

 

ငွေများများရအောင် ရှာဖွေပြီးရင် ဝင်ငွေကို စုသင့်သလောက်စု၊ ရင်းနှီးမြုပ်နှံသင့်သလောက်ကို ရင်းနှီးမြုပ်နှံတတ်ဖို့ လိုပါတယ်။ သင့်ရဲ့ ဝင်ငွေတွေထဲက အစိတ်အပိုင်းတစ်ခုက ငွေစုစာရင်းတွေထဲကို အလိုအလျောက်ရောက်သွားမယ်ဆိုရင် အကြောင်းမဲ့လျှောက်သုံးမိနိုင်ချေ နည်းသွားပါလိမ့်မယ်။ စုဆောင်းမိတဲ့ ငွေကြေးကို အကောင်းဆုံးရင်းနှီးမြုပ်နှံမှုက အိမ်ခြံမြေ ဝယ်ယူခြင်း ဖြစ်ပါတယ်။ အိမ်ခြံမြေကို အငှားချခြင်းကနေ ဝင်ငွေပြန်ရနိုင်ပါတယ်။

၃။ အလဟဿဖြုန်းတီးမှုတွေကို လျှော့ချပါ။

 

ကျားကြီးရင် ခြေရာကြီးတယ် ဆိုသလိုပါပဲ။ တချို့တွေက ဝင်ငွေတွေ အများကြီးရလာတဲ့အခါမှာ သုံးစရာတွေလည်း အများကြီးရှိလာတတ်ပါတယ်။ အသုံးနဲ့ အဖြုန်းကို ဆင်ခြင်သုံးသပ်ပြီး မလိုအပ်တာတွေအတွက် မသုံးစွဲမိအောင် နေနိုင်ဖို့ အရေးကြီးပါတယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေ ဖြတ်တောက်ပါ။ Gym မသွားဖြစ်ဘဲ Gym ကြေးပေးသွင်းထားတာတို့၊ တီဗွီမကြည့်ဖြစ်ဘဲ ရုပ်သံလိုင်းတွေ ဝယ်ထားတာတို့ စတာတွေကို ဆင်ခြင်ပါ။

ဝင်ငွေကို တိုးပွားလာအောင် ကြိုးစားရှာဖွေပြီး စုသင့်တာစု၊ ရင်းနှီးမြုပ်နှံသင့်တာကို ရင်းနှီးမြုပ်နှံမယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်မယ်ဆိုရင် ချမ်းသာကြွယ်ဝမှုက သင့်အိမ်တံခါးဝကို ရောက်လာမှာ သေချာပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

 

ခ်မ္းသာၾကြယ္ဝဖို႔ ေဆာင္ရန္အခ်က္ (၃)ခု

ခ်မ္းသာၾကြယ္ဝမႈ ဓနဥစၥာကို တည္ေဆာက္ျခင္းဟာ ခရီးစဥ္တစ္ခုျဖစ္ပါတယ္။ အျခားခရီးစဥ္ေတြလိုပဲ ေစာေစာ စတင္ႏိုင္ေလေလ ခရီးပိုေရာက္ေလပါပဲ။ အနားယူခ်ိန္အတြက္ စုေဆာင္းတာပဲျဖစ္ျဖစ္၊ ကေလးေတြ ပညာေရးေကာင္းဖို႔ပဲ ျဖစ္ျဖစ္၊ အျခားရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ဖို႔ပဲ ျဖစ္ျဖစ္ အခ်ိန္ေစာေစာ စတင္ႏိုင္တာက အေကာင္းဆံုးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခ်မ္းသာခ်င္ရင္ အခုခ်က္ခ်င္း စတင္လုပ္ေဆာင္ရမယ့္ အရာ (၃) ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဝင္ေငြတိုးေအာင္ ႀကိဳးစားပါ။

 

 

ဝင္ေငြမရွာႏိုင္ရင္ ေငြစုေဆာင္းဖို႔ မျဖစ္ႏိုင္ပါဘူး။ ေငြေၾကးအပူအပင္ကင္းဖို႔အတြက္ ပထမဆံုးအဆင့္က ဝင္ေငြမ်ားမ်ားရဖို႔ပဲ ျဖစ္ပါတယ္။ ပံုမွန္ပညာေရးစနစ္ဟာ အရည္အခ်င္းေတြ တည္ေဆာက္ဖို႔အတြက္ အစိတ္အပိုင္းတစ္ခုသာ ျဖစ္ပါတယ္။ လက္ေတြ႕အေတြ႕အႀကံဳေတြကပဲ သက္ဆိုင္ရာနယ္ပယ္မွာ ကၽြမ္းက်င္သူတစ္ေယာက္ ျဖစ္လာေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ငယ္စဥ္ကတည္းက အေတြ႕အႀကံဳရေအာင္ အေကာင္းဆံုးလုပ္ေဆာင္ပါ။ အေတြ႕အၾကံဳေတြကို ရင္းၿပီး ဘယ္လုပ္ငန္းထဲမွာပဲျဖစ္ျဖစ္ ဝင္ေငြေကာင္းေကာင္းရေအာင္ ႀကိဳးစားပါ။

အရည္အခ်င္းနဲ႔ ရည္မွန္းခ်က္ေပၚမွာ မူတည္ၿပီး ကိုယ္ပိုင္စီးပြားေရးလုပ္ေဆာင္ျခင္းက ေရရွည္မွာ ခ်မ္းသာၾကြယ္ဝလာေစႏိုင္မယ့္ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ အစပိုင္းမွာ ဆံုးရႈံးမႈေတြ ႀကံဳေတြ႕ရႏိုင္ေပမယ့္ တစ္ျဖည္းျဖည္းနဲ႔ ကၽြမ္းက်င္လိမၼာလာၿပီး ဝင္ေငြတိုးပြားလာေအာင္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

၂။ စုေဆာင္းပါ၊ ရင္းႏွီးျမဳပ္ႏွံပါ။

 

ေငြမ်ားမ်ားရေအာင္ ရွာေဖြၿပီးရင္ ဝင္ေငြကို စုသင့္သေလာက္စု၊ ရင္းႏွီးျမဳပ္ႏွံသင့္သေလာက္ကို ရင္းႏွီးျမဳပ္ႏွံတတ္ဖို႔ လိုပါတယ္။ သင့္ရဲ႕ ဝင္ေငြေတြထဲက အစိတ္အပိုင္းတစ္ခုက ေငြစုစာရင္းေတြထဲကို အလိုအေလ်ာက္ေရာက္သြားမယ္ဆိုရင္ အေၾကာင္းမဲ့ေလွ်ာက္သံုးမိႏိုင္ေခ် နည္းသြားပါလိမ့္မယ္။ စုေဆာင္းမိတဲ့ ေငြေၾကးကို အေကာင္းဆံုးရင္းႏွီးျမဳပ္ႏွံမႈက အိမ္ၿခံေျမ ဝယ္ယူျခင္း ျဖစ္ပါတယ္။ အိမ္ၿခံေျမကို အငွားခ်ျခင္းကေန ဝင္ေငြျပန္ရႏိုင္ပါတယ္။

၃။ အလဟႆျဖဳန္းတီးမႈေတြကို ေလွ်ာ့ခ်ပါ။

 

 

က်ားႀကီးရင္ ေျခရာႀကီးတယ္ ဆိုသလိုပါပဲ။ တခ်ိဳ႕ေတြက ဝင္ေငြေတြ အမ်ားႀကီးရလာတဲ့အခါမွာ သံုးစရာေတြလည္း အမ်ားႀကီးရွိလာတတ္ပါတယ္။ အသံုးနဲ႔ အျဖဳန္းကို ဆင္ျခင္သံုးသပ္ၿပီး မလိုအပ္တာေတြအတြက္ မသံုးစြဲမိေအာင္ ေနႏိုင္ဖို႔ အေရးႀကီးပါတယ္။ မလိုအပ္တဲ့ အသံုးစရိတ္ေတြ ျဖတ္ေတာက္ပါ။ Gym မသြားျဖစ္ဘဲ Gym ေၾကးေပးသြင္းထားတာတို႔၊ တီဗီြမႀကည့္ျဖစ္ဘဲ ရုပ္သံလိုင္းေတြ ဝယ္ထားတာတို႔ စတာေတြကို ဆင္ျခင္ပါ။

ဝင္ေငြကို တိုးပြားလာေအာင္ ႀကိဳးစားရွာေဖြၿပီး စုသင့္တာစု၊ ရင္းႏွီးျမဳပ္ႏွံသင့္တာကို ရင္းႏွီးျမဳပ္ႏွံမယ္။ မလိုအပ္တဲ့ အသံုးစရိတ္ေတြကို ေလွ်ာ့ခ်ျဖတ္ေတာက္မယ္ဆိုရင္ ခ်မ္းသာၾကြယ္ဝမႈက သင့္အိမ္တံခါးဝကို ေရာက္လာမွာ ေသခ်ာပါတယ္။

Credit: Original Writer
Sharing By: #Believe In yourself

 

 

 

 

Leave a Comment