Wed. Oct 27th, 2021

ယုံကြည်မှုဆိုတာ ကိုယ်တိုင် တည်ဆောက်ယူရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဘယ်လူသားကမှ မွေးကတည်းက မိမိကိုယ်ကို ယုံကြည်ချက်ရှိတယ်ဆိုတဲ့အရာကြီးက ကပ်ပါလာတာမဟုတ်ပါဘူး။ လူကြီးမိဘ ဆရာသမားတွေရဲ့ သွန်သင်ထိန်းကျောင်းပေးမှုကြောင့် ယုံကြည်ချက် မြင့်မားတဲ့ ကလေးအဖြစ် ကြီးပြင်းလာနိုင်သလို ဆုံးမသွန်သင်မှု နည်းလမ်းမကျတဲ့အခါ အရာရာမှာ အကြောက်တရားကြီးစိုးနေပြီး ဘာမှ မလုပ်ရဲ မကိုင်ရဲဘဲ မိမိကိုယ်ကို ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာသူတွေလည်းရှိတတ်ပါတယ်။

တကယ်လို့ စာဖတ်သူက မိမိရဲ့ ပတ်ဝန်းကျင်ကြောင့် မိမိကိုယ်ကို ယုံကြည်ချက်တွေ ပျောက်ဆုံးနေမယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်း (၃) မျိုးကို လိုက်လံ ပြုလုပ်နိုင်ပါတယ်။

မိမိရဲ့ အကြောက်တရားကို ရင်ဆိုင်ပါ

 

ယုံကြည်ချက်တွေ ပျောက်ဆုံးအောင် ပြုလုပ်နေတဲ့ အဓိက တရားခံကတော့ အကြောက်တရားပဲဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခုက မှားယွင်းချွတ်ချော်သွားမှာစိုးတာ အခြားသူတွေ ကိုယ့်ကို ပျက်ရယ်ပြုမှာကို စိုးရွံ့တာ နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်မဆိုင်ရဲတာ စတဲ့ အကြောက်တရားက သင့်ကို ဖျက်ဆီးနေတာပါ။ အောင်မြင်မှုရဲ့ ပထမဆုံးခြေလှမ်းက မိမိကိုယ်ကို ယုံကြည်ချက် ရှိဖို့နဲ့ အကြောက်တရားတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ပဲဖြစ်ပါတယ်။

မိမိရဲ့ လုပ်နိုင်စွမ်းကို သံသယ မဝင်ပါနဲ့

 

သင့်ရဲ့ လုပ်နိုင်စွမ်းကို မိုင်ကုန်သာ မြှင့်တင်ထားလိုက်ပါ။ ငါ ဒီအလုပ်ကို လုပ်နိုင်ပါ့မလား။ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ပါ့မလား စတဲ့ လားပေါင်းများစွာနဲ့ မိမိကိုယ်ကို စိတ်ဒုက္ခပေးပြီး မိမိရဲ့ စွမ်းရည်ကို သံသယမဖြစ်ပါနဲ့။ မိမိကိုယ်ကို သံသယဝင်ခြင်းက တစ်ပန်းရှုံးနေပါပြီ။ ဒါ့ကြောင့် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို ဘယ်တော့မှ သံသယမဝင်ဘဲ အကောင်းဆုံး ကြိုးစားလိုက်ပါ။

စူးစမ်းလေ့လာချင်စိတ် ပြင်းပျပါစေ

 

အချိန်တိုင်း နေရာတိုင်းမှာ စူးစမ်းစိတ်မွေးမြူရပါမယ်။ စူးစမ်းစိတ်မွေးမြူခိုင်းတာပါ။ စပ်စုခိုင်းတာ မဟုတ်ပါဘူး။ စပ်စုတယ်ဆိုတာကတော့ ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဖြစ်သမျှကိစ္စတိုင်းကို လိုက်စပ်စုနေတာပါ။ မကောင်းတဲ့ အသွင်ဆောင်ပါတယ်။ စူးစမ်းတယ်ဆိုတာကတော့ ကိုယ်မသိထား မတတ်ထားတဲ့ပညာရပ်ကို အသစ်သင်ယူလေ့လာခြင်း၊ ကိုယ် တတ်မြောက်ကျွမ်းကျင်ထားတဲ့ ပညာရပ်ကို ဒီ့ထက်ပိုပြီး ဆရာကျလာအောင် စူးစမ်းလေ့လာခြင်းပဲဖြစ်ပါတယ်။ နေ့စဉ်မပြတ် အမြဲသင်ယူလေ့လာမှသာလျှင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ မှန်သမျှကို ဖြည့်ဆည်းလာနိုင်မှာဖြစ်ပြီး ပညာပြည့်ဝ နှလုံးလှတဲ့ လူသားတစ်ယောက်ဖြစ်လာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုတွေ ဆထက်ထမ်းဘိုး ပွားများတိုးပွားလာမှာပဲဖြစ်ပါတယ်။

စာဖတ်သူတို့ အားလုံးလည်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အောင်မြင်မှုတံခါးဝဆီ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။Credit: Original Writer
Sharing By: #Believe In yourself

 

 

Zawgyi

ယုံၾကည္မႈဆိုတာ ကိုယ္တိုင္ တည္ေဆာက္ယူရတဲ့အရာတစ္ခုပဲျဖစ္ပါတယ္။ ဘယ္လူသားကမွ ေမြးကတည္းက မိမိကိုယ္ကို ယုံၾကည္ခ်က္ရွိတယ္ဆိုတဲ့အရာႀကီးက ကပ္ပါလာတာမဟုတ္ပါဘူး။ လူႀကီးမိဘ ဆရာသမားေတြရဲ႕ သြန္သင္ထိန္းေက်ာင္းေပးမႈေၾကာင့္ ယုံၾကည္ခ်က္ ျမင့္မားတဲ့ ကေလးအျဖစ္ ႀကီးျပင္းလာႏိုင္သလို ဆုံးမသြန္သင္မႈ နည္းလမ္းမက်တဲ့အခါ အရာရာမွာ အေၾကာက္တရားႀကီးစိုးေနၿပီး ဘာမွ မလုပ္ရဲ မကိုင္ရဲဘဲ မိမိကိုယ္ကို ယုံၾကည္ခ်က္ေပ်ာက္ဆုံးေနတဲ့ ကေလးတစ္ေယာက္အျဖစ္ ႀကီးျပင္းလာသူေတြလည္းရွိတတ္ပါတယ္။

တကယ္လို႔ စာဖတ္သူက မိမိရဲ႕ ပတ္ဝန္းက်င္ေၾကာင့္ မိမိကိုယ္ကို ယုံၾကည္ခ်က္ေတြ ေပ်ာက္ဆုံးေနမယ္ဆိုရင္ အခုေဖာ္ျပေပးမယ့္ နည္းလမ္း (၃) မ်ိဳးကို လိုက္လံ ျပဳလုပ္ႏိုင္ပါတယ္။

မိမိရဲ႕ အေၾကာက္တရားကို ရင္ဆိုင္ပါ

 

 

ယုံၾကည္ခ်က္ေတြ ေပ်ာက္ဆုံးေအာင္ ျပဳလုပ္ေနတဲ့ အဓိက တရားခံကေတာ့ အေၾကာက္တရားပဲျဖစ္ပါတယ္။ ကိုယ္လုပ္လိုက္တဲ့အရာတစ္ခုက မွားယြင္းခြၽတ္ေခ်ာ္သြားမွာစိုးတာ အျခားသူေတြ ကိုယ့္ကို ပ်က္ရယ္ျပဳမွာကို စိုး႐ြံ႕တာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ရင္မဆိုင္ရဲတာ စတဲ့ အေၾကာက္တရားက သင့္ကို ဖ်က္ဆီးေနတာပါ။ ေအာင္ျမင္မႈရဲ႕ ပထမဆုံးေျခလွမ္းက မိမိကိုယ္ကို ယုံၾကည္ခ်က္ ရွိဖို႔နဲ႔ အေၾကာက္တရားေတြကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ပဲျဖစ္ပါတယ္။

မိမိရဲ႕ လုပ္ႏိုင္စြမ္းကို သံသယ မဝင္ပါနဲ႔

 

 

သင့္ရဲ႕ လုပ္ႏိုင္စြမ္းကို မိုင္ကုန္သာ ျမႇင့္တင္ထားလိုက္ပါ။ ငါ ဒီအလုပ္ကို လုပ္ႏိုင္ပါ့မလား။ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ေက်ာ္လႊားႏိုင္ပါ့မလား စတဲ့ လားေပါင္းမ်ားစြာနဲ႔ မိမိကိုယ္ကို စိတ္ဒုကၡေပးၿပီး မိမိရဲ႕ စြမ္းရည္ကို သံသယမျဖစ္ပါနဲ႔။ မိမိကိုယ္ကို သံသယဝင္ျခင္းက တစ္ပန္းရႈံးေနပါၿပီ။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းကို ဘယ္ေတာ့မွ သံသယမဝင္ဘဲ အေကာင္းဆုံး ႀကိဳးစားလိုက္ပါ။

စူးစမ္းေလ့လာခ်င္စိတ္ ျပင္းပ်ပါေစ

 

 

 

 

အခ်ိန္တိုင္း ေနရာတိုင္းမွာ စူးစမ္းစိတ္ေမြးျမဴရပါမယ္။ စူးစမ္းစိတ္ေမြးျမဴခိုင္းတာပါ။ စပ္စုခိုင္းတာ မဟုတ္ပါဘူး။ စပ္စုတယ္ဆိုတာကေတာ့ ကိုယ္နဲ႔ ဆိုင္ဆိုင္ မဆိုင္ဆိုင္ ျဖစ္သမွ်ကိစၥတိုင္းကို လိုက္စပ္စုေနတာပါ။ မေကာင္းတဲ့ အသြင္ေဆာင္ပါတယ္။ စူးစမ္းတယ္ဆိုတာကေတာ့ ကိုယ္မသိထား မတတ္ထားတဲ့ပညာရပ္ကို အသစ္သင္ယူေလ့လာျခင္း၊ ကိုယ္ တတ္ေျမာက္ကြၽမ္းက်င္ထားတဲ့ ပညာရပ္ကို ဒီ့ထက္ပိုၿပီး ဆရာက်လာေအာင္ စူးစမ္းေလ့လာျခင္းပဲျဖစ္ပါတယ္။ ေန႔စဥ္မျပတ္ အၿမဲသင္ယူေလ့လာမွသာလွ်င္ ကိုယ့္ရဲ႕ လိုအပ္ခ်က္ေတြ မွန္သမွ်ကို ျဖည့္ဆည္းလာႏိုင္မွာျဖစ္ၿပီး ပညာျပည့္ဝ ႏွလုံးလွတဲ့ လူသားတစ္ေယာက္ျဖစ္လာတဲ့အခါ မိမိကိုယ္ကို ယုံၾကည္မႈေတြ ဆထက္ထမ္းဘိုး ပြားမ်ားတိုးပြားလာမွာပဲျဖစ္ပါတယ္။

စာဖတ္သူတို႔ အားလုံးလည္း မိမိကိုယ္ကို ယုံၾကည္မႈအျပည့္နဲ႔ ေအာင္ျမင္မႈတံခါးဝဆီ ေလွ်ာက္လွမ္းႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။

Credit: Original Writer
Sharing By: #Believe In yourself

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *