Wed. Oct 27th, 2021

လက်အောက်ငယ်သားများ လေးစားချစ်ခင်ရတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့

ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ပေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ကတော့ ခက်ခဲတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ တရားမျှတမှုရှိတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်၊ လက်အောက်ငယ်သားတွေအပေါ် သာတူညီမျှဆက်ဆံတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်၊ အထက်လူကြီးတွေကိုတော့ ခခယယ ခစားတတ်ပြီး လက်အောက်ငယ်သားတွေကို ဆူပူအော်ငေါက်နေတဲ့ ခေါင်းဆောင်ကိုတော့ ဘယ်သူမှမလိုလားကြပါဘူး။

စာဖတ်သူရော အခုအချိန်မှာ ခေါင်းဆောင်နေရာရောက်ရှိနေပြီလား။ ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီဆိုရင် လူချစ်လူခင်ပေါများတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရဲ့လားဆိုတာ စဉ်းစားကြည့်လိုက်ရအောင်။

ခေါင်းဆောင်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို လွှမ်းမိုးနိုင်စွမ်းရှိရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နားလည်မှုတို့ကို တည်ဆောက်နိုင်တဲ့သူတစ်ယောက်ဖြစ်ရပါမယ်။ သင့်မှာ အခုဖော်ပြပေးမယ့် အရည်အချင်းတွေရှိတယ်ဆိုရင် သင်က ခေါင်းဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

သတ္တိရှိခြင်း

 

အရာရာကို ပြောရဲဆိုရဲတဲ့သတ္တိရှိတဲ့သူတစ်ယောက်ဖြစ်ရပါမယ်။ ကိုယ့်အဖွဲ့ထဲက တစ်ယောက်ယောက်က အလုပ်လုပ်တာ မှားယွင်းနေတယ်ဆိုရင် ပြောရဲဆိုရဲတဲ့သတ္တိရှိရပါမယ်။ ကိုယ့်အထက်လူကြီးက မှားနေတယ်ဆိုရင်လည်း ထိုအမှားကို ဖုံးဖိပေးမနေဘဲ မှန်ကန်တဲ့လမ်းကြောင်းပေါ်တည့်မတ်ပေးမှသာလျှင် သတ္တိရှိတဲ့ခေါင်းဆောင်တစ်ယောက်ပါ။

မိမိစိတ်ထဲက မကောင်းတဲ့စိတ်ကို အနိုင်တိုက်ရမယ်။

 

ကိုယ်က အောင်မြင်လာတဲ့တစ်နေ့နေ့မှာ အများက ချီးမြှင့်မြှောက်စားတဲ့အခါ ဂုဏ်ယူဝံ့ကြွားမှုကို ခံစားရလေ့ရှိပါတယ်။ ထိုအချိန်မှာ မောက်မာထောင်လွှားခြင်းမရှိဘဲ မိမိကိုယ်ကို နှိမ့်ချတတ်ရပါမယ်။ “ငါက အထက်လူကြီးပဲ ငါခိုင်းတာ လုပ်” ဆိုပြီး အမိန့်ပေးနေလို့ကတော့ ကိုယ့်ကို လူမုန်းများနေမှာပဲဖြစ်ပါတယ်။ အခြားသူကို တစ်ခုခုလုပ်ခိုင်းစေချင်တဲ့အခါ နားဝင်ချိုတဲ့စကားလုံးတွေ ပြောဆိုတတ်ဖို့လိုပါတယ်။

တုံ့ပြန်ချက်ကို လက်ခံနိုင်ရမယ်။

 

လူ အယောက်တစ်ရာရှိရင် ထိုအယောက်တစ်ရာလုံး ကိုယ့်ကိုကြိုက်နှစ်သက်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့စကားအတိုင်း နတ်ဘုရားတွေတောင် လူသားတွေရဲ့ အကြိုက်မဆောင်နိုင်ပါဘူး။ တစ်နေ့ပြီးတစ်နေ့ လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ သင့်ကို သဘောကျတဲ့သူလည်း ရှိသလို၊ သဘောမကျတဲ့သူလည်း ရှိမှာပါပဲ။ သဘောမကျတဲ့သူတွေ ကိုယ့်ရဲ့ မကောင်းကြောင်းပြောတဲ့အခါ ကိုယ့်အမှားရှိရင်လည်း ပြင်ရမှာဖြစ်သလို၊ ကိုယ်မမှားဘဲ မကောင်းပြောတာဆိုရင်တော့ ခေါက်ထားလိုက်ပါ။

ကိုယ်ချင်းစာစိတ်ရှိရမယ်။

 

လူသားချင်စာနာစိတ်ဖြင့် အခြားသူတွေကို ဆက်ဆံမှ သင့်ကို ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် လက်ခံကြမှာပဲဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်ကသူတွေကို ကိုယ့်အောင်မြင်မှုအတွက် သားကောင်အဖြစ်ချနင်းပြီး လိုသုံးအဖြစ်ဆက်ဆံမယ်ဆိုရင်တော့ သံသရာဆိုတာ တစ်ပတ်ပြန်လည်တတ်တယ်ဆိုတာကို သတိထားသင့်ပါတယ်။

အမြဲမပြတ်လေ့လာသင်ယူနေရမယ်။

 

 

သင်ယူမှုရပ်တန့်လိုက်တဲ့နေ့က သူများနောက်ကောက်ကျကျန်ခဲ့တဲ့နေ့လို့ပဲ သတ်မှတ်လိုက်ပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ သဘောသဘာဝကို အမြဲမပြတ်လေ့လာအကဲခတ်ဖို့လိုအပ်သလို၊ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့အကြောင်းအရာများ၊ နေ့စဉ်နဲ့အမျှဖြစ်ပေါ်နေတဲ့ ကိစ္စအဝဝကို အချိန်နဲ့တပြေးညီသိရှိဖို့လိုအပ်ပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

လက္ေအာက္ငယ္သားမ်ား ေလးစားခ်စ္ခင္ရတဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔

ေခါင္းေဆာင္တစ္ေယာက္ျဖစ္ဖို႔ဆိုတာ လြယ္ေပမယ့္ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ကေတာ့ ခက္ခဲတဲ့အလုပ္တစ္ခုပဲျဖစ္ပါတယ္။ တရားမွ်တမႈ႐ွိတဲ့ေခါင္းေဆာင္ေကာင္းတစ္ေယာက္၊ လက္ေအာက္ငယ္သားေတြအေပၚ သာတူညီမွ်ဆက္ဆံတဲ့ေခါင္းေဆာင္ေကာင္းတစ္ေယာက္၊ အထက္လူႀကီးေတြကိုေတာ့ ခခယယ ခစားတတ္ၿပီး လက္ေအာက္ငယ္သားေတြကို ဆူပူေအာ္ေငါက္ေနတဲ့ ေခါင္းေဆာင္ကိုေတာ့ ဘယ္သူမွမလိုလားၾကပါဘူး။

စာဖတ္သူေရာ အခုအခ်ိန္မွာ ေခါင္းေဆာင္ေနရာေရာက္႐ွိေနၿပီလား။ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေနၿပီဆိုရင္ လူခ်စ္လူခင္ေပါမ်ားတဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ရဲ႕လားဆိုတာ စဥ္းစားၾကည့္လိုက္ရေအာင္။

ေခါင္းေဆာင္ဆိုတာ ကိုယ့္ပတ္ဝန္းက်င္ကသူေတြကို လႊမ္းမိုးႏိုင္စြမ္း႐ွိရပါမယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္နားလည္မႈတို႔ကို တည္ေဆာက္ႏိုင္တဲ့သူတစ္ေယာက္ျဖစ္ရပါမယ္။ သင့္မွာ အခုေဖာ္ျပေပးမယ့္ အရည္အခ်င္းေတြ႐ွိတယ္ဆိုရင္ သင္က ေခါင္းေဆာင္ေကာင္းတစ္ေယာက္ပဲျဖစ္ပါတယ္။

သတၱိ႐ွိျခင္း

 

 

အရာရာကို ေျပာရဲဆိုရဲတဲ့သတၱိ႐ွိတဲ့သူတစ္ေယာက္ျဖစ္ရပါမယ္။ ကိုယ့္အဖြဲ႔ထဲက တစ္ေယာက္ေယာက္က အလုပ္လုပ္တာ မွားယြင္းေနတယ္ဆိုရင္ ေျပာရဲဆိုရဲတဲ့သတၱိ႐ွိရပါမယ္။ ကိုယ့္အထက္လူႀကီးက မွားေနတယ္ဆိုရင္လည္း ထိုအမွားကို ဖံုးဖိေပးမေနဘဲ မွန္ကန္တဲ့လမ္းေၾကာင္းေပၚတည့္မတ္ေပးမွသာလွ်င္ သတၱိ႐ွိတဲ့ေခါင္းေဆာင္တစ္ေယာက္ပါ။

မိမိစိတ္ထဲက မေကာင္းတဲ့စိတ္ကို အႏိုင္တိုက္ရမယ္။

 

 

ကိုယ္က ေအာင္ျမင္လာတဲ့တစ္ေန႔ေန႔မွာ အမ်ားက ခ်ီးျမွင့္ေျမွာက္စားတဲ့အခါ ဂုဏ္ယူဝံ့ၾကြားမႈကို ခံစားရေလ့႐ွိပါတယ္။ ထိုအခ်ိန္မွာ ေမာက္မာေထာင္လႊားျခင္းမ႐ွိဘဲ မိမိကိုယ္ကို ႏွိမ့္ခ်တတ္ရပါမယ္။ “ငါက အထက္လူႀကီးပဲ ငါခိုင္းတာ လုပ္” ဆိုၿပီး အမိန္႔ေပးေနလို႔ကေတာ့ ကိုယ့္ကို လူမုန္းမ်ားေနမွာပဲျဖစ္ပါတယ္။ အျခားသူကို တစ္ခုခုလုပ္ခိုင္းေစခ်င္တဲ့အခါ နားဝင္ခ်ိဳတဲ့စကားလံုးေတြ ေျပာဆိုတတ္ဖို႔လိုပါတယ္။

တံု႔ျပန္ခ်က္ကို လက္ခံႏိုင္ရမယ္။

 

 

လူ အေယာက္တစ္ရာ႐ွိရင္ ထိုအေယာက္တစ္ရာလံုး ကိုယ့္ကိုႀကိဳက္ႏွစ္သက္ေအာင္ လုပ္ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။ လူ႔အလို နတ္မလိုက္ႏိုင္ ဆိုတဲ့စကားအတိုင္း နတ္ဘုုရားေတြေတာင္ လူသားေတြရဲ႕ အႀကိဳက္မေဆာင္ႏိုင္ပါဘူး။ တစ္ေန႔ၿပီးတစ္ေန႔ လူတိုင္းနဲ႔ ေပါင္းသင္းဆက္ဆံရတဲ့အခါ သင့္ကို သေဘာက်တဲ့သူလည္း ႐ွိသလို၊ သေဘာမက်တဲ့သူလည္း ႐ွိမွာပါပဲ။ သေဘာမက်တဲ့သူေတြ ကိုယ့္ရဲ႕ မေကာင္းေၾကာင္းေျပာတဲ့အခါ ကိုယ့္အမွား႐ွိရင္လည္း ျပင္ရမွာျဖစ္သလို၊ ကိုယ္မမွားဘဲ မေကာင္းေျပာတာဆိုရင္ေတာ့ ေခါက္ထားလိုက္ပါ။

ကိုယ္ခ်င္းစာစိတ္႐ွိရမယ္။

 

 

လူသားခ်င္စာနာစိတ္ျဖင့္ အျခားသူေတြကို ဆက္ဆံမွ သင့္ကို ေခါင္းေဆာင္ေကာင္းတစ္ေယာက္အျဖစ္ လက္ခံၾကမွာပဲျဖစ္ပါတယ္။ မိမိပတ္ဝန္းက်င္ကသူေတြကို ကိုယ့္ေအာင္ျမင္မႈအတြက္ သားေကာင္အျဖစ္ခ်နင္းၿပီး လိုသံုးအျဖစ္ဆက္ဆံမယ္ဆိုရင္ေတာ့ သံသရာဆိုတာ တစ္ပတ္ျပန္လည္တတ္တယ္ဆိုတာကို သတိထားသင့္ပါတယ္။

အၿမဲမျပတ္ေလ့လာသင္ယူေနရမယ္။

 

 

သင္ယူမႈရပ္တန္႔လိုက္တဲ့ေန႔က သူမ်ားေနာက္ေကာက္က်က်န္ခဲ့တဲ့ေန႔လို႔ပဲ သတ္မွတ္လိုက္ပါ။ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ ကိုယ့္လက္ေအာက္ငယ္သားေတြရဲ႕ သေဘာသဘာဝကို အၿမဲမျပတ္ေလ့လာအကဲခတ္ဖို႔လိုအပ္သလို၊ လုပ္ငန္းခြင္နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာမ်ား၊ ေန႔စဥ္နဲ႔အမွ်ျဖစ္ေပၚေနတဲ့ ကိစၥအဝဝကို အခ်ိန္နဲ႔တေျပးညီသိ႐ွိဖို႔လိုအပ္ပါတယ္။

 

Credit: Original Writer
Sharing By: #Believe In yourself

 

 

Leave a Reply

Your email address will not be published. Required fields are marked *