Tue. Oct 26th, 2021

အောင်မြင်မှုကို ကြန့်ကြာစေတဲ့ အမှားကြီး (၄) ခု

အောင်မြင်မှုကို လူတိုင်းလိုလားကြမယ်ထင်ပါတယ်။ ဒါပေမယ့်လူတော်တော်များများဘာလို့ မအောင်မြင်ကြတာလဲလို့မေးခွန်းထုတ်စရာရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သင့်ရဲ့ အောင်မြင်မှုပန်းတိုင်စီသွားရာလမ်းကြောင်းပေါ်မှာ သင်ကိုယ်တိုင်ဟန့်တားနေမိတဲ့ အတားအဆီးတွေရှိနေလို့ပါ။ဒီနေ့မှာတော့ အောင်မြင်မှုကို ကြန့်ကြာစေမယ့်အမှားကြီး (၅) ခုကို စာဖတ်ပရိသတ်တွေသတိထားဆင်ခြင်မိစေဖို့ ပြောပြပေးချင်ပါတယ်။

(၁) စိုးရိမ်ပူပန်နေခြင်း

 

စိုးရိမ်ပူပန်ခြင်းဆိုတာကလည်း အောင်မြင်မှုအတွက် အဓိကအတားအဆီးတစ်ခုဖြစ်ပါတယ်။ကိုယ်မကျွမ်းကျင်တဲ့ ကိစ္စတစ်ခုခုလုပ်ဆောင်တော့မယ်ဆိုရင် စိုးရိမ်ပူပန်မိတာ ကြောက်မိတာသဘာဝဆိုပေမယ့်လည်း စိုးရိမ်စိတ်တွေကြောင့် ရှေ့ကိုရောက်သင့်သလောက် မရောက်တော့ပါဘူး။တစ်ခါတစ်လေမှာ ဘာတွေပဲ ဖြစ်ဖြစ်စွန့်စားခန်းဖွင့်ကြည့်ဖို့လိုအပ်ပါတယ်။စိုးရိမ်စိတ်ရှိတာကောင်းပါတယ်။ဒါပေမယ့်အလွန်အကြူးတော့မဖြစ်မိပါစေနဲ့။

(၂) သူများကိုအပြစ်တင်ခြင်း

 

လူတိုင်းအမှားနဲ့ မကင်းကြပါဘူး။ဒါပေမယ့်လည်း အမှားတစ်ခုပေါ်လာတိုင်းသူများကိုအပြစ်တင်ခြင်းက ပိုပြီးမှားတဲ့အမှားတစ်ခုဖြစ်ပါတယ်။အောင်မြင်တိုးတက်နေသူတိုင်းရဲ့ နောက်ကြောင်းရာဇဝင်တွေမှာ အမှားကင်းခဲ့သူတစ်ယောက်မှမရှိခဲ့ပါဘူး။ဒါပေမယ့်သူတို့က သူတို့ကိုယ်တိုင်အမှားကိုတာဝန်ယူရဲကြပါတယ်။ကိုယ်အမှားကို တာဝန်ယူရဲတဲ့ သတ္တိရှိမှသာ အောင်မြင်တိုးတက်တဲ့ လူတစ်ယောက်ဖြစ်မှာပါ။

(၃) နေ့ရွေ့ညရွေ့ပြုလုပ်ခြင်း

 

ကိစ္စတစ်ခုခုဖြစ်စေ အလုပ်တစ်ခုခုဖြစ်စေ လုပ်ဆောင်ရတော့မယ်ဆိုရင် နေ့ရွေ့ညရွေ့လုပ်နေမိပြီလားကိုယ်ကိုယ်ကိုမေးကြည့်ပါ။ကိုယ်လုပ်ဆောင်ရမယ့် တာဝန်တစ်ခုကို ရွေ့ဆိုင်းနေခြင်းက အောင်မြင်မှုနဲ့ အလှမ်းဝေးစေမယ့် အဓိကလုပ်ရပ်တစ်ခုဖြစ်ပါတယ်။ကိစ္စတစ်ခုကိုအနီးကပ်မှ လုပ်ဆောင်မယ်ဆိုရင်အမှားများနိုင်သလို တိကျမှုလည်းရှိမှာမဟုတ်ပါဘူ။ဒါကြောင့်လုပ်စရာရှိတာကိုချက်ချင်းထလုပ်ခြင်းကသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

(၄) လက်လျော့မိခြင်း

 

အောင်မြင်မှု ရဖို့ဆိုတာ တကယ်တော့မလွယ်ပါဘူး။အခက်ခဲတွေ အတားအဆီးတွေများစွာကြုံတွေ့ရမှာသေချာပါတယ်။ဒီလိုအခက်အခဲအတားအဆီးတွေကိုကျော်လွားနိုင်မှသာ အောင်မြင်မှုရရှိမှာပါ။အများစုက အတားအဆီးတွေနဲ့ ရင်ဆိုင်ရတိုင်း ရှောင်ပြေးချင်မိကြတာ လက်လျော့လိုက်တာမျိုးတွေ ပြုလုပ်တက်ကြတာပါ။အခက်ခဲဆိုတာရှောင်ပြေးရတာ လက်လျော့ရတာမျိုးမဟုတ်ပါဘူး။ရင်ဆိုင်ဖြေရှင်းရတဲ့ အရာတစ်ခုသာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *