Tue. Oct 26th, 2021

စွန့်ဦးတီထွင်သူတွေအတွက် ဂျက်မားရဲ့ အကြံပြုချက် (၄) ချက်

နည်းပညာအကြောင်း ကောင်းကောင်းမသိခဲ့ပေမယ့် ကမ္ဘာအကြီးဆုံး အွန်လိုင်း E-Commerce လုပ်ငန်းစုကြီး ဖြစ်တဲ့ Alibaba ကို တည်ထောင်ခဲ့သူ ဂျက်မားကို စွန့်ဦးတီထွင်သူ နယ်ပယ်မှာ လူသိများပါတယ်။ ဂျက်မားဟာ လူတွေ့မေးမြန်းခန်းတွေမှာ Startup သမားလူငယ်တွေကို အောင်မြင်ရေး နည်းဗျူဟာတွေ အကြံပြုလေ့ရှိပါတယ်။

အခုပြောမယ့် သူ့ရဲ့ အိုင်ဒီယာ ၄ ခုကလည်း စွန့်ဦးတီထွင်သူတွေကို ပေးတဲ့ သူ့ရဲ့ အကြံဉာဏ်တွေထဲက တစ်ချို့ဖြစ်ပါတယ်။

(၁) ရှေ့ကို ကြိုမြင်အောင် လုပ်ထားပါ

 

လုပ်ငန်းသစ်စတင်ခါစမှာ ကြောက်စရာကောင်းတဲ့ အချက်တွေကတော့ ဖြစ်လာမယ့်အရာကို ကြိုပြီး မမြင်နိုင်တာပဲ လို့ ဂျက်မားက ပြောပါတယ်။ လုပ်ငန်းလည်ပတ်လာပြီး အောင်မြင်လာပြီဆိုတာနဲ့ အောက်ခြေလွတ်လာမယ်ဆိုရင် လုပ်ငန်းရဲ့ အနေအထားကို နားလည်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါကို ကြိုမြင်နေရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုပ်ငန်းတစ်ခုမှာ လူမှန်နေရာမှန် နေရာမချတတ်တာကလည်း စွန့်ဦးလုပ်ငန်းတစ်ခုကို လမ်းကြောင်းလွဲစေမယ့် အချက်ဖြစ်သွားနိုင်ပါတယ်။

(၂) အခြေအနေမှန်ကို သိဖို့ ကြိုးစားပါ

 

လုပ်ငန်းတစ်ခုမှာ ကိုယ့် ပြိုင်ဘက်ရောက်နေတဲ့ နေရာကို မသိရင် ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေပြီး သင့်ပြိုင်ဘက်ကို အထင်အမြင်သေးနေရင် ဒါမှမဟုတ် သင့်ပြိုင်ဘက်က သင့်ကို ဘယ်လောက်ထိ တကယ်ခြိမ်းခြောက်လာနိုင်မယ်ဆိုတာကို နားလည်သဘောပေါက်နိုင်စွမ်း မရှိဘူးဆိုရင် ဒီလုပ်ငန်းဟာ အရှုံးဘက်ကို တစ်လှမ်းချင်း လှမ်းသွားနေတယ်လို့ ဆိုရမှာပါ။

ဂျက်မားကတော့ အခုလိုပြောပါတယ်။ “အခုပြောမယ့် အသုံးအနှုံးထဲက “သူလိုလူတွေ” မဖြစ်ပါစေနဲ့။ ပထမ သူတို့က မင်းကို လျစ်လျှူရှုတယ်။ နောက် သူတို့ မင်းကို လှောင်ပြောင်ရယ်မောတယ်။ နောက်တော့ သူတို့ မင်းကို တိုက်ခိုက်တယ်။ အဲဒီနောက် မင်း နိုင်သွားတယ်။”

(၃) ပြိုင်ဘက်ကို လေးစားမှုပေးပါ

 

ကိုယ့်ပြိုင်ဘက်ဟာ အားနည်းနေတုန်း ၊ ကိုယ့်ကို ခြိမ်းခြောက်ဖို့ အခြေအနေမရှိသေးဘူး ဆိုရင်တောင်မှ ပြိုင်ဘက်ပေါ် အလေးအနက်ထားရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြိုင်ဘက်ဟာ ကိုယ့်ထက် သိပ်ပြီး အင်အားကြီးလွန်းနေတယ်ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကို လူပျော့လူညံ့တစ်ယောက်လို့ ဘယ်တော့မှ မမှတ်ယူသင့်ဘူး။

(၄) အများနဲ့မတူတဲ့ နည်းလမ်းကို မြင်ကြည့်ပါ

 

 

စွန့်ဦးတီထွင်လုပ်ငန်းသဘောဟာ မနက် ၉ ညနေ ၅ ဆိုတဲ့ ပုံသေ နာရီအတွင်းမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ လူတိုင်းနဲ့ ကွဲပြားတဲ့ အိုင်ဒီယာကို အကောင်အထည်ဖော်မယ်ဆိုရင် သူလိုကိုယ်လို လူတွေကနေ ကွဲထွက်လာမှာ ဖြစ်ပါတယ်။ ဂျက်မားရဲ့အဆိုအရ လူတစ်ရာမှာ ၉၀ ကျော် သဘောတူတဲ့ အဆိုပြုချက်ကို ငြင်းပါလို့ ဆိုပါတယ်။ သူ့သဘောအရ လူတိုင်းတွေးနေရင် အခွင့်အလမ်းနည်းမှာ သေချာတယ်လို့ ဆိုပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *