Tue. Oct 26th, 2021

လူတိုင်းလူတိုင်း မိမိတို့ရဲ့ ဘဝမှာ အောင်မြင်ချင်ကြတဲ့သူတွေချည်းပါ။ ဒါပေမယ့် အောင်မြင်မှုက ဘာလို့လူတွေနဲ့ လက်လှမ်းမမှီနိုင်အောင် ဝေးကွာနေတာလဲ။ သေချာတာတစ်ခုက အောင်မြင်မှုရရှိဖို့ ကြန့်ကြာနေစေတဲ့အရာတွေကို အခုထိမစွန့်လွှတ်နိုင်ကြလို့ပါပဲ။ ဒါကြောင့် ဘဝမှာ အောင်မြင်မှု ရရှိလိုသူတိုင်း စွန့်လွှတ်သင့်တဲ့ အချက် (၅) ချက်ကို ပြောပြပေးချင်ပါတယ်။

(၁) အချိန်ဖြုန်းခြင်း

လောကမှာ အစားပြန်မရနိုင်တဲ့အရာတွေထဲမှာ အချိန်ကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ အချိန်ဖြုန်းခြင်း အလေ့အကျင့်က မကောင်းမှန်းသိပေမယ့်လည်း တော်တော်များများ လက်မလွှတ်နိုင်ကြသေးပါဘူး။ အချိန်ကို အကျိုးရှိစွာ အသုံးမချသ၍တော့ အောင်မြင်မှုဆိုတာ ဝေးကွာနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့တစ်နေ့တာ အချိန်တွေကို သေချာစီမံခန့်ခွဲပြီး အတတ်နိုင်ဆုံး အချိန်ဖြုန်းနေမိတဲ့အရာတွေကို လျော့ချသင့်ပါတယ်။

(၂) ဆုံးဖြတ်ချက် မပြတ်သားခြင်း

 

လူတစ်ယောက်ချင်းစီတိုင်းမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့စွမ်းရည်က အရမ်းကို လိုအပ်ပါတယ်။ ဆုံးဖြတ်ချက် မပြတ်သားခြင်းက ကိုယ်လုပ်နေတဲ့အရာတစ်ခုအပေါ် သံသယစိတ်တွေ ဝင်လာနိုင်သလို အမှားအမှန်ကိုလည်း ခွဲခြားသိမြင်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးမဆို မလုပ်ခင်ကတည်းက ကိုယ့်ကိုယ်ကို သေချာစွာပြန်မေးပြီး တိကျတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်မှသာ ထိုက်သင့်တဲ့အောင်မြင်မှုတစ်ခု ရရှိစေမှာဖြစ်ပါတယ်။

(၃) ဆင်ခြင်ပေးခြင်း

 

ဆင်ခြင်ပေးတယ်ဆိုတာ တကယ်တော့ အကြောင်းပြချက်တစ်ခုသာ ဖြစ်ပါတယ်။ တခြားသော သက်ရှိသက်မဲ့အရာဝတ္တုတစ်ခုခုအပေါ် အပြစ်ပုံချပြီး ကိုယ့်ရဲ့အပြစ်အနာအဆာကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းလည်း ဖြစ်ပါတယ်။ လက်ရှိနယ်ပယ်အသီးသီးမှာ အောင်မြင်သူနေတိုင်းလိုလို ဆင်ခြင်ပေးခြင်းကို လက်တွန့်ကြပါတယ်။ သင့်ရဲ့ဘဝမှာလည်း အောင်မြင်မှုရချင်ရင်တော့ ဘာကြောင့်ညာကြောင့်ဆိုတဲ့ ဆင်ခြင်ပေးမှုတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။

(၄) လိုတာထက်ပိုပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်း

 

လူတွေနဲ့အတူ ယှဉ်တွဲနေထိုင်ပြီဆိုကတည်းက ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရတော့မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်နေလို့တော့ မရပါဘူး။ပ တ်ဝန်းကျင်ကလူတွေ ဘယ်လိုပြောကြမလဲ ၊ ဘယ်လိုထင်သွားမလဲ စသည်ဖြင့် လိုတာထက်ပိုပြီး စိုးရိမ်လွန်ကဲကာ ပတ်ဝန်းကျင်ကို အလေးထားနေမယ်ဆိုရင် သင်လုပ်ဆောင်တဲ့အရာတွေက ရှေ့ရောက်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဂရုစိုက်သင့်သလောက် ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ။ သို့သော်လည်း အလွန်အကျွံတော့ မဖြစ်မိပါစေနဲ့။

(၅) အရှုံးပေးခြင်း

လူတိုင်းလူတိုင်း အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ လက်လျော့အရှုံးပေးဖို့ တွေးမိကြပါတယ်။ တကယ်တော့ ရှုံးတယ်ဆိုတာ ဘယ်အရာကမှ သင့်ကိုလာသတ်မှတ်လို့မရပါဘူး။ သင်ကိုယ်တိုင် အရှုံးပေးပြီဆိုတော့မှသာ တကယ်ရှုံးတာဖြစ်ပါတယ်။ အောင်မြင်မှုလမ်းကြောင်းဆိုတာက လွယ်လွယ်နဲ့ရမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ဘယ်လိုအခက်ခဲအတားအဆီးတွေ ကြုံလာပါစေ သင်ကိုယ်တိုင် အရှုံးမပေးမိဖို့ ဂရုပြုသင့်ပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *