Wed. Oct 27th, 2021

လူချမ်းသားတွေရဲ့ ပိုက်ဆံစုနည်းများ

ပိုက်ဆံဟာကျနော်တို့ ဘဝအိပ်မက်တွေ ရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတခုပါ။ လူတော်တော်များများက နေ့စဉ်အသုံးစရိတ်ဒါမှမဟုတ်နှစ်စဉ်အသုံးစရိတ်တွေအတွက်တွေးတောစဉ်းစားနေချိန်မှာ တခြားလူတွေကတော့ ဘဏ်ထဲမှာ လစဉ်ငွေတွေ စုနေပါပြီ။

သူတို့လည်း တခြားလူတွေလိုပဲ အလုပ်တူတူလုပ်တဲ့ သူတွေပါ။ ကွာသွားတာကတော့ ငွေစုပုံစုနည်းပါပဲ။အခု kwee page ကနေပြီးတော့ ချမ်းသာတဲ့လူတွေ ငွေဘယ်လိုစုကြလဲ ဆိုတာကိုပြောပြပေးသွားမှာပါ။

ဈေးကြီးတဲ့အရာတွေကို ဝယ်သင့်မဝယ်သင့် တစ်ရက်စဉ်းစားတယ် (The 24-hour rule)

 

သန်းကြွယ်သူဌေးတွေက သူစည်းကမ်းချက်ကို အလေးထားလိုက်နာကြပါတယ်။ သူတို့က ချမ်းသာကြပါတယ်။ သူတို့လိုချင်တာ ဘယ်ပစ္စည်းမဆို နှစ်ခါပြန် မစဉ်းစားပဲနဲ့ ဝယ်လို့ရပါတယ်။

ဒါပေမဲ့ သူတို့တွေဟာ ဒီပစ္စည်းတွေကို ဝယ်သင့်မဝယ်သင့် နောက်တနေ့အထိ စောင့်ဆိုင်းပြီး စဉ်းစားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့အရာတွေကို မဆိုင်မတွ ဝယ်လိုက်တယ်ဆိုပါဆို့။ ဒီပစ္စည်းတွေက သူတို့အတွက် မလိုအပ်တဲ့ပစ္စည်းတွေဖြစ်နိူင်ပါတယ်။ နောက်နေ့ ရောက်ရင် ဝယ်ထားတဲ့ ပစ္စည်းကို မလိုချင်တော့တာတွေလည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ “လိုချင်တာလာ၊လိုအပ်တာလာ” ဆိုတဲ့ မေးခွန်းကို တခုခုမဝယ်ခင် အမြဲမေးလေ့ရှိပါတယ်။

ရေရှည်အသုံးဝင်မဲ့ ပစ္စည်းတွေပဲဝယ်ပါ

 

ပိုက်ဆံစုဖို့အတွက်အရမ်းကြီး အရမ်းကြီးကက်စေးနည်းစရာမလိုပါဘူး။ ချမ်းသာတဲ့သူတွေဟာ ရေရှည်အတွက် ရင်းနှီးမြှပ်နှံတတ်တဲ့ အကျင့်ရှိပါတယ်။

သူတို့ဟာ အလုပ်အတွက် ဒါမှမဟုတ်အိမ်အတွက် ရေရှည်အသုံးခံမယ့် ပစ္စည်းတွေကိုသာ ဝယ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဈေးပေါပြီး အရည်အသွေး နှိမ့်တဲ့ ပစ္စည်းတွေက ကြာကြာ အသုံးခံလေ့ မရှိတာကြောင့် မကြာခဏ ထပ်ဝယ်ရလေ့ရှိပါတယ်။ ဒီလိုမကြာခဏ ထပ်ပြီးဝယ်ရတဲ့အခါမှာ ဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာ အရည်အသွေးမြှင့် ရေရှည်အသုံးခံတဲ့ ပစ္စည်းတွေထက် ငွေကြေးပိုကုန်ကျလေ့ရှိတတ်ပါတယ်။

လျှော့ဈေးရတဲ့အချိန် ပစ္စည်းဝယ်တယ်

 

လူတော်တော်များများ လျှော့ဈေးပေးနေတဲ့ ပစ္စည်းတွေ ဝယ်ရတာ နှစ်သက်ကြပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေကို လျှော့ဈေးပေးတဲ့ အချိန်ထိ စောင့်ပြီး ဝယ်တာဟာ ကုန်ကျစရိတ်အများကြီးသက်သာစေပါတယ်။ လျှော့ဈေးတွေက တနှစ်ပက်လုံးရှိပါတယ်။ ချမ်းသာတဲ့ သူတွေဟာ တစ်နှစ်လုံးစားအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ထားပြီး လျှော့ဈေးပေးတဲ့ အချိန်မှာ ဝယ်ကြလေ့ရှိပါတယ်။

သူတို့ကိုပျော်ရွှင်စေတဲ့ အရာတွေအတွက် ပိုက်ဆံအသုံးပြုကြတယ်

 

ချမ်းသာတဲ့သူတွေဟာ သူတို့ကိုပျော်ရွှင်စေတဲ့ အရာတွေ ဥပမာ သူတို့ရဲ့ဝါသနာ တွေအပေါ်ငွေကြေးသုံးစွဲ တတ်ကြပါတယ်။ သူတို့တွေဟာ တဖက်ကလည်း အလုပ်ကြိုးစားပြီးငွေစုဆောင်းသလို တဖက်ကလည်း သူတို့ရဲ့ပျော်ရွှင်မှုအတွက် ငွေကြေးသုံးစွဲလေ့ရှိကြပါတယ်။

ပိုက်ဆံအကြွေတွေကို ပြန်သုံးပါ

 

 

လူတချို့တွေက ပိုက်ဆံအကြွေတွေကို ပြန်သုံးလေ့မရှိကြပါဘူး။ သူတို့က တစ်ရာတန်နှစ်ရာတန်တွေ သိမ်းထားပြီး ပြန်မသုံးဖြစ်ပဲ မေ့ထားလေ့ရှိတတ်ကြပါတယ်။ချမ်းသာတဲ့သူတွေအတွက်က တော့ တစ်ကျပ်တန်လည်းငွေပါပဲ။ ဒါကြောင့် သူတို့တွေဟာ ပိုက်ဆံအကြွေတွေကို စုဆောင်းပြီး ကော်ဖီဝယ်သောက်တဲ့ အချိန်မှာဖြစ်ဖြစ် ကလေးတွေအတွက် သကြားလုံးလေးတွေ ဝယ်ပေးတဲ့အချိန်မှာဖြစ်ဖြစ် ပြန်သုံးလေ့ရှိကြပါတယ်။

ပြင်လို့ရတဲ့ ပစ္စည်းတွေကို ပြန်ပြင်ပြီး သုံးကြတယ်

 

 

သူတို့တွေက ဝယ်ထားတဲ့ ပစ္စည်းတွေ လုံးဝသုံးလို့ မရတဲ့အချိန်ကြမှ စွန့်ပစ်လေ့ရှိကြတယ်။ စက်ပစ္စည်းတွေ အသေးစားကိရိယာတွေ ဥပမာ စားပွဲတင်နာရီ စတာတွေကို ပျက်သွားရင် ပြန်ပြင်ပြီးသုံးလေ့ရှိကြပါတယ်။ လုံးဝပြင်လို့ မရတော့တဲ့ အခြေအနေရောက်မှာသာ အမှိုက်ပုံးထဲ ပစ်လေ့ရှိကြတာပါ။

Credit: Original Writer
Sharing By: #Believe In yourself

Zawgyi

လူခ်မ္းသားေတြရဲ႕ ပိုက္ဆံစုနည္းမ်ား

ပိုက္ဆံဟာက်ေနာ္တို႔ ဘဝအိပ္မက္ေတြ ရွင္သန္ဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ႔အရာတခုပါ။ လူေတာ္ေတာ္မ်ားမ်ားက ေန႔စဥ္အသံုးစရိတ္ဒါမွမဟုတ္နွစ္စဥ္အသံုးစရိတ္ေတြအတြက္ေတြးေတာစဥ္းစားေနခ်ိန္မွာ တျခားလူေတြကေတာ႔ ဘဏ္ထဲမွာ လစဥ္ေငြေတြ စုေနပါျပီ။

သူတို႔လည္း တျခားလူေတြလိုပဲ အလုပ္တူတူလုပ္တဲ႔ သူေတြပါ။ ကြာသြားတာကေတာ႔ ေငြစုပံုစုနည္းပါပဲ။အခု kwee page ကေနျပီးေတာ႔ ခ်မ္းသာတဲ႔လူေတြ ေငြဘယ္လိုစုႀကလဲ ဆုိတာကိုေျပာျပေပးသြားမွာပါ။

ေစ်းႀကီးတဲ႔အရာေတြကို ဝယ္သင္႔မဝယ္သင္႔ တစ္ရက္စဥ္းစားတယ္ (The 24-hour rule)

 

 

သန္းၾကြယ္သူေဌးေတြက သူစည္းကမ္းခ်က္ကို အေလးထားလိုက္နာႀကပါတယ္။ သူတို႔က ခ်မ္းသာႀကပါတယ္။ သူတို႔လိုခ်င္တာ ဘယ္ပစၥည္းမဆို နွစ္ခါျပန္ မစဥ္းစားပဲနဲ႔ ဝယ္လို႔ရပါတယ္။

ဒါေပမဲ႔ သူတို႔ေတြဟာ ဒီပစၥည္းေတြကို ဝယ္သင္႔မဝယ္သင္႔ ေနာက္တေန႔အထိ ေစာင္႔ဆုိင္းျပီး စဥ္းစားေလ႔ရွိပါတယ္။ ဘာလို႔လဲဆိုေတာ႔ သူတို႔လုိခ်င္တဲ႔အရာေတြကို မဆုိင္မတြ ဝယ္လိုက္တယ္ဆိုပါဆို႔။ ဒီပစၥည္းေတြက သူတို႔အတြက္ မလုိအပ္တဲ႔ပစၥည္းေတြျဖစ္နိူင္ပါတယ္။ ေနာက္ေန႔ ေရာက္ရင္ ဝယ္ထားတဲ႔ ပစၥည္းကို မလိုခ်င္ေတာ႔တာေတြလည္းျဖစ္တတ္ပါတယ္။ ဒါေႀကာင္႔ သူတို႔ေတြဟာ “လိုခ်င္တာလာ၊လုိအပ္တာလာ” ဆိုတဲ႔ ေမးခြန္းကို တခုခုမဝယ္ခင္ အျမဲေမးေလ႔ရွိပါတယ္။

ေရရွည္အသံုးဝင္မဲ႔ ပစၥည္းေတြပဲဝယ္ပါ

 

 

ပိုက္ဆံစုဖို႔အတြက္အရမ္းႀကီး အရမ္းႀကီးကက္ေစးနည္းစရာမလိုပါဘူး။ ခ်မ္းသာတဲ႔သူေတြဟာ ေရရွည္အတြက္ ရင္းနွီးျမွပ္နွံတတ္တဲ႔ အက်င္႔ရွိပါတယ္။

သူတို႔ဟာ အလုပ္အတြက္ ဒါမွမဟုတ္အိမ္အတြက္ ေရရွည္အသံုးခံမယ္႔ ပစၥည္းေတြကိုသာ ဝယ္ေလ႔ရွိပါတယ္။ ဘာလို႔လဲဆိုေတာ႔ ေစ်းေပါျပီး အရည္အေသြး နွိမ္႔တဲ႔ ပစၥည္းေတြက ႀကာႀကာ အသံုးခံေလ႔ မရွိတာေႀကာင္႔ မႀကာခဏ ထပ္ဝယ္ရေလ႔ရွိပါတယ္။ ဒီလိုမၾကာခဏ ထပ္ျပီးဝယ္ရတဲ႔အခါမွာ ဒီပစၥည္းေတြရဲ႕ တန္ဖုိးဟာ အရည္အေသြးျမွင္႔ ေရရွည္အသံုးခံတဲ႔ ပစၥည္းေတြထက္ ေငြေႀကးပိုကုန္က်ေလ႔ရွိတတ္ပါတယ္။

ေလွ်ာ႔ေစ်းရတဲ႔အခ်ိန္ ပစၥည္းဝယ္တယ္

 

 

လူေတာ္ေတာ္မ်ားမ်ား ေလွ်ာ႔ေစ်းေပးေနတဲ႔ ပစၥည္းေတြ ဝယ္ရတာ နွစ္သက္ႀကပါတယ္။ ေစ်းႀကီးတဲ႔ ပစၥည္းေတြကို ေလွ်ာ႔ေစ်းေပးတဲ႔ အခ်ိန္ထိ ေစာင္႔ျပီး ဝယ္တာဟာ ကုန္က်စရိတ္အမ်ားႀကီးသက္သာေစပါတယ္။ ေလွ်ာ႔ေစ်းေတြက တနွစ္ပက္လံုးရွိပါတယ္။ ခ်မ္းသာတဲ႔ သူေတြဟာ တစ္နွစ္လံုးစားအတြက္ လိုအပ္တဲ႔ ပစၥည္းေတြကို စာရင္းလုပ္ထားျပီး ေလွ်ာ႔ေစ်းေပးတဲ႔ အခ်ိန္မွာ ဝယ္ႀကေလ႔ရွိပါတယ္။

သူတို႔ကိုေပ်ာ္ရႊင္ေစတဲ႔ အရာေတြအတြက္ ပိုက္ဆံအသံုးျပဳႀကတယ္

 

 

ခ်မ္းသာတဲ႔သူေတြဟာ သူတို႔ကိုေပ်ာ္ရႊင္ေစတဲ႔ အရာေတြ ဥပမာ သူတို႔ရဲ႕ဝါသနာ ေတြအေပၚေငြေႀကးသံုးစြဲ တတ္ႀကပါတယ္။ သူတို႔ေတြဟာ တဖက္ကလည္း အလုပ္ႀကိဳးစားျပီးေငြစုေဆာင္းသလို တဖက္ကလည္း သူတို႔ရဲ႕ေပ်ာ္ရႊင္မႈအတြက္ ေငြေႀကးသံုးစြဲေလ႔ရွိႀကပါတယ္။

ပိုက္ဆံအေၾကြေတြကို ျပန္သံုးပါ

 

 

လူတခ်ိဳ႕ေတြက ပိုက္ဆံအေႀကြေတြကို ျပန္သံုးေလ႔မရွိႀကပါဘူး။ သူတို႔က တစ္ရာတန္နွစ္ရာတန္ေတြ သိမ္းထားျပီး ျပန္မသံုးျဖစ္ပဲ ေမ႔ထားေလ႔ရွိတတ္ႀကပါတယ္။ခ်မ္းသာတဲ႔သူေတြအတြက္က ေတာ႔ တစ္က်ပ္တန္လည္းေငြပါပဲ။ ဒါေႀကာင္႔ သူတို႔ေတြဟာ ပိုက္ဆံအေႀကြေတြကို စုေဆာင္းျပီး ေကာ္ဖီဝယ္ေသာက္တဲ႔ အခ်ိန္မွာျဖစ္ျဖစ္ ကေလးေတြအတြက္ သႀကားလံုးေလးေတြ ဝယ္ေပးတဲ႔အခ်ိန္မွာျဖစ္ျဖစ္ ျပန္သံုးေလ႔ရွိႀကပါတယ္။

ျပင္လို႔ရတဲ႔ ပစၥည္းေတြကို ျပန္ျပင္ျပီး သံုးႀကတယ္

 

 

သူတို႔ေတြက ဝယ္ထားတဲ႔ ပစၥည္းေတြ လံုးဝသံုးလို႔ မရတဲ႔အခ်ိန္ႀကမွ စြန္႔ပစ္ေလ႔ရွိႀကတယ္။ စက္ပစၥည္းေတြ အေသးစားကိရိယာေတြ ဥပမာ စားပြဲတင္နာရီ စတာေတြကို ပ်က္သြားရင္ ျပန္ျပင္ျပီးသံုးေလ႔ရွိႀကပါတယ္။ လံုးဝျပင္လို႔ မရေတာ႔တဲ႔ အေျခအေနေရာက္မွာသာ အမိႈက္ပံုးထဲ ပစ္ေလ႔ရွိႀကတာပါ။

Credit: Original Writer
Sharing By: #Believe In yourself

 

 

Leave a Reply

Your email address will not be published. Required fields are marked *