success

ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ဘာတွေလုပ်ဆောင်သင့်လဲ

ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ဘာတွေလုပ်ဆောင်သင့်လဲ

အောင်မြင်တိုးတက်လိုသူတိုင်းက မိမိတို့ရောက်နေတဲ့နေရာမှာပဲရပ်တန့်နေလေ့မရှိကြပါဘူး။ကိုယ်ရဲ့အရည်အချင်းကို ဓားသွေးကျောက်တစ်ခုသဖွယ်အချိန်တိုင်းသွေးနေပြီး ဘဝတိုးတက် ရာတိုးတက်ကြောင်းအတွက် အမြဲကြံဆောင်နေကြတာဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ ဘဝအောင်မြင်ချင် သူတွေအတွက် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းကောင်း လေးတွေဖော်ပြပေးလိုက်ပါတယ်။

(၁) လူတွေနဲ့စကားပြောပါ

 

လူတစ်ယောက်နဲ့တစ်ယောက်ခံယူချက်တွေ ဗဟုသုတတွေ ဖြတ်သန်းခဲ့တဲ့ဘဝပုံစံတွေကမတူနိုင်ပါဘူး။လူများများနဲ့ ပြောဆိုဆက်ဆံကြည့်လေလူတွေစီက သင်ယူစရာတွေလေ့လာစရာတွေအများကြီးရှိတယ်ဆိုတာသိလာပါလိမ့်မယ်။ဒါကြောင့် လူတွေနဲ့စကားပြောပါ။ဆိုရှယ်မီဒီယာတွေကနေမဟုတ်ပါဘူး ပြင်ပလောကကလူတွေနဲ့ ထိတွေ့ဆက်ဆံကြည့်ပါ။

(၂) တိုးတက်မှုကိုမှတ်တမ်းပြုလုပ်ပါ

 

တစ်လအတွင်းကိုယ်ဘာတွေတိုးတက်လာလဲဆိုတာနဲ့ပတ်သတ်ပြီးမှတ်တမ်းတစ်ခုပြုလုပ်ထားပါ။ဒီတစ်လမှာ ငါဘာတွေလုပ်နိုင်ခဲ့လဲ ဘယ်လိုအောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရောက်ခဲ့လဲ စသည့်ဖြင့်မှတ်ထားပါ။ကိုယ့်ရဲ့ တိုးတက်မှုကိုသိနိုင်ခြင်းက အကောင်းဆုံးစိတ်ဓာတ်ခွန်းအားဖြစ်စေမယ့်အရာတစ်ခုဖြစ်ပြီး နောက်ထပ်နောက်ထပ် ပိုပြီးကြိုးစားလိုစိတ်တွေ ဖြစ်လာမှာသေချာပါတယ်။

(၃) ကျန်းမာစွာနေထိုင်စားသောက်ပါ

 

ဘယ်လောက်ပဲအောင်မြင်အောင်ကြိုးစားနေပါစေ ကျန်းမာရေးမကောင်းရင်လည်း စိတ်သွားတိုင်းကိုယ်ပါမှာမဟုတ်ပါဘူး။ယနေ့ခေတ်အစားအသောက်တော်တော်များများကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေများပါတယ်။အကောင်းဆုံးကအပြင်အစားစာတွေတက်နိုင်သလောက်လျော့စားပါ။လက်ဆတ်တဲ့ဟင်းသီးဟင်းရွှက်များများစားပေးပါ။ဆားလျော့စားပါ။တစ်နေ့ကို အနည်းဆုံးနာရီဝက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ကလည်းအရေးကြီးပါတယ်။

(၄) သဘာဝကိုချစ်မြတ်နိုးပါ

 

နည်းပညာတိုးတက်လာတာနဲ့ အမျှ လူတွေရဲ့ နေ့စဉ်ဘဝက ဖုန်းတွေ အိုင်တီပစ္စည်းတွေပေါ်မှာပဲ အချိန်ကုန်လာတာများပါတယ်။ဆိုရှယ်မီဒီယာတွေ ဖုန်းတွေ လူတွေရဲ့ စွမ်းအားတွေကို လျော့ကျစေတာကြောင့် တက်နိုင်သလောက် ဖုန်းတွေ အိုင်တီ ပစ္စည်းတွေကိုအချိန်အပိုင်းအခြားတစ်ခုနဲ့သာ အသုံးပြုသင့်ပါ တယ်။ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝတရားတွေ စိမ်းလန်းတဲ့သစ်ပင်တွေ ကိုချစ်မြတ်နိုးပါ။

(၅) စာအုပ်ဖတ်ပါ

 

ကျွန်တော်တို့ လူသားတွေအတွက် လေ့လာသင်ယူခြင်းဆိုတာ ဘယ်တော့ပြီး ဆုံးသွားတယ်ဆိုတာရှိမှာမဟုတ်ပါဘူး။လောကမှာသင်ယူစရာပညာတွေ လေ့လာမှတ်သားစရာဗဟုသုတတွေက အရမ်းကိုများပြားလှပါတယ်။ဒီလိုဘဝအတွက် ကောင်းမွန်တဲ့ အသိပညာဗဟုသုတတွေရရှိနိုင်ဖို့ အကောင်းဆုံးကစာဖတ်ခြင်းပါ။လက်ရှိကမ္ဘာပေါ်ကအာင်မြင်နေသူတိုင်းလည်းစာဖတ်ခြင်းအလေ့ကိုပြုလုပ်ကြပါတယ်။အကောင်းဆုံးသောဗဟုသုတတွေနဲ့ ကိုယ့်ရဲ့ အရည်အသွေးကိုမြှင့်တင်ချင်တယ်ဆိုရင်တော့ စာများများဖတ်ပါ။

 

Credit: Original Writer
Sharing By: #Believe In yourself

ကုိယ္ရည္ကိုယ္ေသြး တိုးတက္ေကာင္းမြန္ေအာင္ ဘာေတြလုပ္ေဆာင္သင့္လဲ

ေအာင္ျမင္တိုးတက္လိုသူတိုင္းက မိမိတို႔ေရာက္ေနတဲ့ေနရာမွာပဲရပ္တန္႔ေနေလ့မရွိၾကပါဘူး။ကိုယ္ရဲ႕အရည္အခ်င္းကို ဓားေသြးေက်ာက္တစ္ခုသဖြယ္အခ်ိန္တိုင္းေသြးေနၿပီး ဘဝတိုးတက္ ရာတိုးတက္ေၾကာင္းအတြက္ အၿမဲႀကံေဆာင္ေနၾကတာျဖစ္ပါတယ္။ဒီတစ္ေခါက္မွာေတာ့ ဘဝေအာင္ျမင္ခ်င္ သူေတြအတြက္ ကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးကို တိုးတက္ေကာင္းမြန္ေစမယ့္ နည္းလမ္းေကာင္း ေလးေတြေဖာ္ျပေပးလိုက္ပါတယ္။

(၁) လူေတြနဲ႔စကားေျပာပါ

 

 

လူတစ္ေယာက္နဲ႔တစ္ေယာက္ခံယူခ်က္ေတြ ဗဟုသုတေတြ ျဖတ္သန္းခဲ့တဲ့ဘဝပံုစံေတြကမတူႏုိင္ပါဘူး။လူမ်ားမ်ားနဲ႔ ေျပာဆိုဆက္ဆံၾကည့္ေလလူေတြစီက သင္ယူစရာေတြေလ့လာစရာေတြအမ်ားႀကီးရွိတယ္ဆိုတာသိလာပါလိမ့္မယ္။ဒါေၾကာင့္ လူေတြနဲ႔စကားေျပာပါ။ဆိုရွယ္မီဒီယာေတြကေနမဟုတ္ပါဘူး ျပင္ပေလာကကလူေတြနဲ႔ ထိေတြ႔ဆက္ဆံၾကည့္ပါ။

(၂) တိုးတက္မႈကိုမွတ္တမ္းျပဳလုပ္ပါ

 

 

တစ္လအတြင္းကိုယ္ဘာေတြတိုးတက္လာလဲဆိုတာနဲ႔ပတ္သတ္ၿပီးမွတ္တမ္းတစ္ခုျပဳလုပ္ထားပါ။ဒီတစ္လမွာ ငါဘာေတြလုပ္ႏုိင္ခဲ့လဲ ဘယ္လိုေအာင္ျမင္မႈအတိုင္းအတာတစ္ခုအထိ ေရာက္ခဲ့လဲ စသည့္ျဖင့္မွတ္ထားပါ။ကိုယ့္ရဲ႕ တိုးတက္မႈကိုသိႏိုင္ျခင္းက အေကာင္းဆံုးစိတ္ဓာတ္ခြန္းအားျဖစ္ေစမယ့္အရာတစ္ခုျဖစ္ၿပီး ေနာက္ထပ္ေနာက္ထပ္ ပိုၿပီးႀကိဳးစားလိုစိတ္ေတြ ျဖစ္လာမွာေသခ်ာပါတယ္။

(၃) က်န္းမာစြာေနထိုင္စားေသာက္ပါ

 

 

ဘယ္ေလာက္ပဲေအာင္ျမင္ေအာင္ႀကိဳးစားေနပါေစ က်န္းမာေရးမေကာင္းရင္လည္း စိတ္သြားတိုင္းကိုယ္ပါမွာမဟုတ္ပါဘူး။ယေန႔ေခတ္အစားအေသာက္ေတာ္ေတာ္မ်ားမ်ားက်န္းမာေရးနဲ႔ မညီညြတ္တဲ့အစားအစာေတြမ်ားပါတယ္။အေကာင္းဆံုးကအျပင္အစားစာေတြတက္ႏိုင္သေလာက္ေလ်ာ့စားပါ။လက္ဆတ္တဲ့ဟင္းသီးဟင္းရႊက္မ်ားမ်ားစားေပးပါ။ဆားေလ်ာ့စားပါ။တစ္ေန႔ကို အနည္းဆံုးနာရီဝက္ခန္႔ ေလ့က်င့္ခန္းျပဳလုပ္ေပးဖို႔ကလည္းအေရးႀကီးပါတယ္။

(၄) သဘာဝကိုခ်စ္ျမတ္ႏုိးပါ

 

 

နည္းပညာတိုးတက္လာတာနဲ႔ အမွ် လူေတြရဲ႕ ေန႔စဥ္ဘဝက ဖုန္းေတြ အိုင္တီပစၥည္းေတြေပၚမွာပဲ အခ်ိန္ကုန္လာတာမ်ားပါတယ္။ဆိုရွယ္မီဒီယာေတြ ဖုန္းေတြ လူေတြရဲ႕ စြမ္းအားေတြကို ေလ်ာ့က်ေစတာေၾကာင့္ တက္ႏုိင္သေလာက္ ဖုန္းေတြ အိုင္တီ ပစၥည္းေတြကိုအခ်ိန္အပိုင္းအျခားတစ္ခုနဲ႔သာ အသံုးျပဳသင့္ပါ တယ္။ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ သဘာဝတရားေတြ စိမ္းလန္းတဲ့သစ္ပင္ေတြ ကိုခ်စ္ျမတ္ႏုိးပါ။

(၅) စာအုပ္ဖတ္ပါ

 

ကြ်န္ေတာ္တို႔ လူသားေတြအတြက္ ေလ့လာသင္ယူျခင္းဆိုတာ ဘယ္ေတာ့ၿပီး ဆံုးသြားတယ္ဆိုတာရွိမွာမဟုတ္ပါဘူး။ေလာကမွာသင္ယူစရာပညာေတြ ေလ့လာမွတ္သားစရာဗဟုသုတေတြက အရမ္းကိုမ်ားျပားလွပါတယ္။ဒီလိုဘဝအတြက္ ေကာင္းမြန္တဲ့ အသိပညာဗဟုသုတေတြရရွိႏိုင္ဖို႔ အေကာင္းဆံုးကစာဖတ္ျခင္းပါ။လက္ရိွကမာၻေပၚကအာင္ျမင္ေနသူတိုင္းလည္းစာဖတ္ျခင္းအေလ့ကိုျပဳလုပ္ၾကပါတယ္။အေကာင္းဆံုးေသာဗဟုသုတေတြနဲ႔ ကိုယ့္ရဲ႕ အရည္အေသြးကိုျမွင့္တင္ခ်င္တယ္ဆိုရင္ေတာ့ စာမ်ားမ်ားဖတ္ပါ။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Comment