Wed. Oct 27th, 2021

ခရီးသည်များ မသိသေးသော လေယာဉ်အမှုထမ်းများရဲ့ လျှို့ဝှက်ချက်(၁၀)ချက်

လေယာဉ်တစ်စီးအပေါ် လေယာဉ်မှူးတစ်ဦး၏အမြင်နှင့် ခရီးသည်များ၏အမြင်များမှာ များစွာကွာခြားနိုင်ပါတယ်။ လေယာဉ်မှူးများဟာ ခရီးသည်များထက်ပိုမိုပြီး လေယာဉ်တစ်စီးအကြောင်း ဂဃနဏသိရှိဖို့လိုအပ်ပါတယ်။

ထို့ကြောင့် လေယာဉ်စီးရာမှာ သက်တောင့်သက်သာအရှိဆုံး ဖြစ်စေမယ့် အခြေအနေတစ်ခုအတွက် လေယာဉ်အမှုထမ်းများထံမှ အကြံဥာဏ် ၁၀ ချက်ကိုဖော်ပြပေးလိုပါတယ်။

(၁) အစားအသောက်တောင်းဆိုရန် မရှက်ပါနဲ့

လေယာဉ်တစ်စင်းပေါ်မှာ ဝန်ဆောင်မှု ပေးသောအစားအစာများဟာ ရက်ကြာရှည်ခံမှုသက်တမ်းတိုတောင်းပါတယ် ။ ပိုလျှံသော အရာများအားလုံးကိုချက်ချင်းစွန့်ပစ်ရပါတယ်။ ထို့ကြောင့်သင့် အစာအိမ်ကတောင်းဆိုလာလျှင်လေယာဉ်အမှုထမ်းကိုမေးရန်မရှက်ပါနှင့်။

(၂) လေယာဉ်မထွက်ခွာမီအသက်ကယ်အင်္ကျီရှိမရှိကိုစစ်ဆေးပါ။

အံ့သြစရာကောင်းပေမယ့် အဖြစ်မှန်တစ်ခုကတော့ ထိုင်ခုံအောက်ကနေအသက်ကယ်အင်္ကျီတွေကိုခိုးတဲ့ခရီးသည်တွေရှိနေတတ်ပါတယ်။ ထို့ကြောင့်လုံခြုံရေးအကြောင်းအရင်းများအရအသက်ကယ်အင်္ကျီအခိုးခံရခြင်းမရှိကြောင်းသေချာစေရန် လေယာဉ်မထွက်မီသင်၏ထိုင်ခုံကိုစစ်ဆေးပါ။

(၃)သတိလက်လွတ် ဆေးလိပ်သောက်မိလျှင်ပြာခွက်သုံးပါ

လေယာဉ်ပေါ်တွင် ဆေးလိပ်သောက်ခြင်းကိုတင်းကျပ်စွာတားမြစ်ထားသည့်ကြားမှပင်အိမ်သာများတွင် ပြာခွက်များရှိနေကြောင်းသင်သတိပြုမိပါလိမ့်မယ်။ ဒဏ်ငွေများကြားမှပင်ဆေးလိပ်သောက်နေကြဆဲဖြစ်ပါတယ်။အမှိုက်ပုံးထဲထက် ဆေးလိပ်ကိုဆေးလိပ်ပြာခွက်ထဲသာ ထည့်တာပိုကောင်းပါတယ်။ထို့ကြောင့်သင် သတိလက်လွတ် စီးကရက် သောက်မိလျှင်ပြာခွက်ကိုသုံးပါ ၊ ပြီးရင်ဒဏ်ငွေပေးဆောင်ပါ။

(၄) ဇီဇာမကြောင်ပါနှင့်

လေကြောင်းလိုင်းအများစုဟာ “ အပေါ်ယံသန့်ရှင်းရေး” ကိုသာလုပ်ဆောင်ပါတယ်။စောင်များနှင့်ခေါင်းအုံးများကို မလျှော်ဘဲလှပစွာပြန်လည်ပြင်ဆင်ထားရှိပါတယ်။ ထိုင်ခုံများကို ‌သုတ်သင်ထားပြီး စောင်များကို သန့်ရှင်းစွာခေ့က်ထားသေယ်လည်း သင့်ခုံတွင် နေမကောင်းဖြစ်နေသူတစ်ဦးဦး ထိုင်ခဲ့ဖူးခြင်း ရှိမရှ်ိ သင်အတိအကျမသိနိုင်ပါဘူး။

(၅) သန့်စင်ခန်းတံခါးကို အပြင်ဘက်မှဖွင့်နိုင်သည်အား သတိပြုပါ

ခရီးသည်တစ်ဦး ပိတ်မိနေခြင်းမှ ကာကွယ်ရန်လေယာဉ်အမှုထမ်းများမှာ ကိုယ်ပိုင်သော့အပိုများရှိကြပါတယ်။ ထို့အပြင် ဆေးလိပ်မသောက်ရဟူသော စာတမ်းများအောက်တွင် တံခါးသော့တပ်ဆင်ထားလေ့ရှိကြပြီး အဆိုပါနေရာမှတဆင့်လည်း တံခါးဖွင့်နိုင်ခြင်းမျိုးများရှိပါတယ်။

(၆) လေယာဉ်‌ပေါ်နောက်ဆုံးမှတက်ခြင်း

အကယ်၍ သင်ဟာ သင့်ရဲ့ခရီးသွားဖော်နဲ့ မတူညီတဲ့အချိန်တစ်ခုမှာ လေယာဉ် check in ဝင်ခဲ့ရင် စိတ်မပူပါနဲ့။လေယာဉ်ပေါ် တက်ရာတွင်နောက်ဆုံးမှတန်းစီခြင်းဖြင့် လွတ်နေသောထိုင်ခုံကိုအလွယ်တကူ ရှာတွေ့နိုင်ပါမယ်။ နောက်ဆုံးမှတက်သောကြောင့် သင့်နောက်မှာ တံခါးပိတ်ထားလိုက်ပြီး အခြားခရီးသည်တွေလည်း ရှိတော့မှာမဟုတ်ပါဘူး။

(၇) အရက်ဘီယာ အလွန်အကျွံမသောက်ပါနဲ့

လေယာဉ်အမှုထမ်းများက လေယာဉ်ပေါ်မှ ယမကာတစ်ခွက်ဟာ မြေပြင်ပေါ်မှနှစ်ခွက်နှင့်ညီမျှကြောင်းသတိပေးထားပါတယ်။ အကြောင်းကတော့ အမြင့်‌ပေဟာ သွေးလည်ပတ်မှုအပေါ် အကျိုးသက်ရောက်စေသောကြောင့် ဖြစ်ပါတယ်။ထို့ကြောင့် သင်စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်သောက်ခြင်းဖြင့်ပင် စိတ်သက်သာရာရစေမှာပါ။

(၈) ပိုင်းကန့်ထားသောခုံများ

လေယာဉ်ပေါ်တွင် ကလေးငယ်များပါဝင်လာသူ ခရီးသည်များဟာ အဆိုပါပိုင်းကန့်ထားသောခုံများကို ယူလေ့ရှိပါတယ်။ ထို့ကြောင့်သင်ဟာ သင့်အနီးအနားမှာ ကလေးအော်သံများကို သဘောကျနှစ်ခြိုက်သူဖြစ်ပါက မည်သည့်ခုံရွေးချယ်သင့်သည်ကို သင်သိလောက်ပါပြီ။

(၉) ရေသန့်ဘူးသာ သောက်သုံးရန်

၂၀၀၂ ခုနှစ် Wall Street Journal ၏အရှုပ်တော်ပုံထဲပါဝင်သည့် လေယာဉ်ပေါ်မှညစ်ညမ်းသော ရေပြဿနာဟာ လူအများရဲ့အာရုံစိုက်မှုများစွာရခဲ့ပါတယ်။နာမည်ကျော်လေကြောင်းလိုင်း ၁၄ ခုမှရေနမူနာများတွင် သတ်မှတ်စံနှုန်းထက်အဆရာချီပိုများသော ဘက်တီးရီးယားအရေအတွက်များပါဝင်နေပါတယ်။ယနေ့ထိတိုင်လဲ အများကြီးမပြောင်းလဲသေးပါဘူး။ ထို့ကြောင့် ရေဘူးကိုသာ သောက်ခြင်းကပိုကောင်းပါတယ်။ လက်ဖက်ရည်၊ ကော်ဖီနှင့် ဘေစင်မှရေများကိုရှောင်ကြဉ်သင့်ပါတယ်။

(၁၀) ခရီးစဉ် အဆုံးမှာလက်ခုပ်မတီးရပါ

အချို့နိုင်ငံများမှ ခရီးသည်များဟာ လေယာဉ်မြေပြင်ပေါ်ဆင်းသက်ချိန်မှာ လေယာဉ်မှူးကိုလက်ခုပ်တီးအား‌ ပေးတတ်ကြပါတယ် ။ လေယာဉ်မှုး ၊ လေယာဝန်ထမ်းများကိုကျေးဇူးတင်ကြောင်းပြောဖို့ကြိုးစားခြင်း ဒါမှမဟုတ် အိမ်ပြန်လာတာကို ၀မ်းမြောက်ကြတာ ဖြစ်နိုင်ပေမယ့် လေယာဉ်အမှုထမ်းများကတော့ ဒါကိုမကြိုက်ပါဘူး။ လေယာဉ်‌မောင်းခြင်းဟာ ကစားပွဲတခု မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ပုံမှန်အလုပ်သာဖြစ်ပါတယ်။

Source Brightside

Written One Daily Media

Zawgyi

ခရီးသည္မ်ား မသိေသးေသာ ေလယာဥ္အမႈထမ္းမ်ားရဲ႕ လွ်ိဳ႕ဝွက္ခ်က္(၁၀)ခ်က္

ေလယာဥ္တစ္စီးအေပၚ ေလယာဥ္မႉးတစ္ဦး၏အျမင္ႏွင့္ ခရီးသည္မ်ား၏အျမင္မ်ားမွာ မ်ားစြာကြာျခားႏိုင္ပါတယ္။ ေလယာဥ္မႉးမ်ားဟာ ခရီးသည္မ်ားထက္ပိုမိုၿပီး ေလယာဥ္တစ္စီးအေၾကာင္း ဂဃနဏသိရွိဖို႔လိုအပ္ပါတယ္။

ထို႔ေၾကာင့္ ေလယာဥ္စီးရာမွာ သက္ေတာင့္သက္သာအရွိဆုံး ျဖစ္ေစမယ့္ အေျခအေနတစ္ခုအတြက္ ေလယာဥ္အမႈထမ္းမ်ားထံမွ အႀကံဥာဏ္ ၁၀ ခ်က္ကိုေဖာ္ျပေပးလိုပါတယ္။

(၁) အစားအေသာက္ေတာင္းဆိုရန္ မရွက္ပါနဲ႔

ေလယာဥ္တစ္စင္းေပၚမွာ ဝန္ေဆာင္မႈ ေပးေသာအစားအစာမ်ားဟာ ရက္ၾကာရွည္ခံမႈသက္တမ္းတိုေတာင္းပါတယ္ ။ ပိုလွ်ံေသာ အရာမ်ားအားလုံးကိုခ်က္ခ်င္းစြန႔္ပစ္ရပါတယ္။ ထို႔ေၾကာင့္သင့္ အစာအိမ္ကေတာင္းဆိုလာလွ်င္ေလယာဥ္အမႈထမ္းကိုေမးရန္မရွက္ပါႏွင့္။

(၂) ေလယာဥ္မထြက္ခြာမီအသက္ကယ္အက်ႌရွိမရွိကိုစစ္ေဆးပါ။

အံ့ၾသစရာေကာင္းေပမယ့္ အျဖစ္မွန္တစ္ခုကေတာ့ ထိုင္ခုံေအာက္ကေနအသက္ကယ္အက်ႌေတြကိုခိုးတဲ့ခရီးသည္ေတြရွိေနတတ္ပါတယ္။ ထို႔ေၾကာင့္လုံၿခဳံေရးအေၾကာင္းအရင္းမ်ားအရအသက္ကယ္အက်ႌအခိုးခံရျခင္းမရွိေၾကာင္းေသခ်ာေစရန္ ေလယာဥ္မထြက္မီသင္၏ထိုင္ခုံကိုစစ္ေဆးပါ။

(၃)သတိလက္လြတ္ ေဆးလိပ္ေသာက္မိလွ်င္ျပာခြက္သုံးပါ

ေလယာဥ္ေပၚတြင္ ေဆးလိပ္ေသာက္ျခင္းကိုတင္းက်ပ္စြာတားျမစ္ထားသည့္ၾကားမွပင္အိမ္သာမ်ားတြင္ ျပာခြက္မ်ားရွိေနေၾကာင္းသင္သတိျပဳမိပါလိမ့္မယ္။ ဒဏ္ေငြမ်ားၾကားမွပင္ေဆးလိပ္ေသာက္ေနၾကဆဲျဖစ္ပါတယ္။အမႈိက္ပုံးထဲထက္ ေဆးလိပ္ကိုေဆးလိပ္ျပာခြက္ထဲသာ ထည့္တာပိုေကာင္းပါတယ္။ထို႔ေၾကာင့္သင္ သတိလက္လြတ္ စီးကရက္ ေသာက္မိလွ်င္ျပာခြက္ကိုသုံးပါ ၊ ၿပီးရင္ဒဏ္ေငြေပးေဆာင္ပါ။

(၄) ဇီဇာမေၾကာင္ပါႏွင့္

ေလေၾကာင္းလိုင္းအမ်ားစုဟာ “ အေပၚယံသန႔္ရွင္းေရး” ကိုသာလုပ္ေဆာင္ပါတယ္။ေစာင္မ်ားႏွင့္ေခါင္းအုံးမ်ားကို မေလွ်ာ္ဘဲလွပစြာျပန္လည္ျပင္ဆင္ထားရွိပါတယ္။ ထိုင္ခုံမ်ားကို ‌သုတ္သင္ထားၿပီး ေစာင္မ်ားကို သန႔္ရွင္းစြာေခ့က္ထားေသယ္လည္း သင့္ခုံတြင္ ေနမေကာင္းျဖစ္ေနသူတစ္ဦးဦး ထိုင္ခဲ့ဖူးျခင္း ရွိမရွ္ိ သင္အတိအက်မသိႏိုင္ပါဘူး။

(၅) သန႔္စင္ခန္းတံခါးကို အျပင္ဘက္မွဖြင့္ႏိုင္သည္အား သတိျပဳပါ

ခရီးသည္တစ္ဦး ပိတ္မိေနျခင္းမွ ကာကြယ္ရန္ေလယာဥ္အမႈထမ္းမ်ားမွာ ကိုယ္ပိုင္ေသာ့အပိုမ်ားရွိၾကပါတယ္။ ထို႔အျပင္ ေဆးလိပ္မေသာက္ရဟူေသာ စာတမ္းမ်ားေအာက္တြင္ တံခါးေသာ့တပ္ဆင္ထားေလ့ရွိၾကၿပီး အဆိုပါေနရာမွတဆင့္လည္း တံခါးဖြင့္ႏိုင္ျခင္းမ်ိဳးမ်ားရွိပါတယ္။

(၆) ေလယာဥ္‌ေပၚေနာက္ဆုံးမွတက္ျခင္း

အကယ္၍ သင္ဟာ သင့္ရဲ႕ခရီးသြားေဖာ္နဲ႔ မတူညီတဲ့အခ်ိန္တစ္ခုမွာ ေလယာဥ္ check in ဝင္ခဲ့ရင္ စိတ္မပူပါနဲ႔။ေလယာဥ္ေပၚ တက္ရာတြင္ေနာက္ဆုံးမွတန္းစီျခင္းျဖင့္ လြတ္ေနေသာထိုင္ခုံကိုအလြယ္တကူ ရွာေတြ႕ႏိုင္ပါမယ္။ ေနာက္ဆုံးမွတက္ေသာေၾကာင့္ သင့္ေနာက္မွာ တံခါးပိတ္ထားလိုက္ၿပီး အျခားခရီးသည္ေတြလည္း ရွိေတာ့မွာမဟုတ္ပါဘူး။

(၇) အရက္ဘီယာ အလြန္အကြၽံမေသာက္ပါနဲ႔

ေလယာဥ္အမႈထမ္းမ်ားက ေလယာဥ္ေပၚမွ ယမကာတစ္ခြက္ဟာ ေျမျပင္ေပၚမွႏွစ္ခြက္ႏွင့္ညီမွ်ေၾကာင္းသတိေပးထားပါတယ္။ အေၾကာင္းကေတာ့ အျမင့္‌ေပဟာ ေသြးလည္ပတ္မႈအေပၚ အက်ိဳးသက္ေရာက္ေစေသာေၾကာင့္ ျဖစ္ပါတယ္။ထို႔ေၾကာင့္ သင္စိတ္လႈပ္ရွားမႈေၾကာင့္ အနည္းငယ္ေသာက္ျခင္းျဖင့္ပင္ စိတ္သက္သာရာရေစမွာပါ။

(၈) ပိုင္းကန႔္ထားေသာခုံမ်ား

ေလယာဥ္ေပၚတြင္ ကေလးငယ္မ်ားပါဝင္လာသူ ခရီးသည္မ်ားဟာ အဆိုပါပိုင္းကန႔္ထားေသာခုံမ်ားကို ယူေလ့ရွိပါတယ္။ ထို႔ေၾကာင့္သင္ဟာ သင့္အနီးအနားမွာ ကေလးေအာ္သံမ်ားကို သေဘာက်ႏွစ္ၿခိဳက္သူျဖစ္ပါက မည္သည့္ခုံေ႐ြးခ်ယ္သင့္သည္ကို သင္သိေလာက္ပါၿပီ။

(၉) ေရသန႔္ဘူးသာ ေသာက္သုံးရန္

၂၀၀၂ ခုႏွစ္ Wall Street Journal ၏အရႈပ္ေတာ္ပုံထဲပါဝင္သည့္ ေလယာဥ္ေပၚမွညစ္ညမ္းေသာ ေရျပႆနာဟာ လူအမ်ားရဲ႕အာ႐ုံစိုက္မႈမ်ားစြာရခဲ့ပါတယ္။နာမည္ေက်ာ္ေလေၾကာင္းလိုင္း ၁၄ ခုမွေရနမူနာမ်ားတြင္ သတ္မွတ္စံႏႈန္းထက္အဆရာခ်ီပိုမ်ားေသာ ဘက္တီးရီးယားအေရအတြက္မ်ားပါဝင္ေနပါတယ္။ယေန႔ထိတိုင္လဲ အမ်ားႀကီးမေျပာင္းလဲေသးပါဘူး။ ထို႔ေၾကာင့္ ေရဘူးကိုသာ ေသာက္ျခင္းကပိုေကာင္းပါတယ္။ လက္ဖက္ရည္၊ ေကာ္ဖီႏွင့္ ေဘစင္မွေရမ်ားကိုေရွာင္ၾကဥ္သင့္ပါတယ္။

(၁၀) ခရီးစဥ္ အဆုံးမွာလက္ခုပ္မတီးရပါ

အခ်ိဳ႕ႏိုင္ငံမ်ားမွ ခရီးသည္မ်ားဟာ ေလယာဥ္ေျမျပင္ေပၚဆင္းသက္ခ်ိန္မွာ ေလယာဥ္မႉးကိုလက္ခုပ္တီးအား‌ ေပးတတ္ၾကပါတယ္ ။ ေလယာဥ္မႈး ၊ ေလယာဝန္ထမ္းမ်ားကိုေက်းဇူးတင္ေၾကာင္းေျပာဖို႔ႀကိဳးစားျခင္း ဒါမွမဟုတ္ အိမ္ျပန္လာတာကို ၀မ္းေျမာက္ၾကတာ ျဖစ္ႏိုင္ေပမယ့္ ေလယာဥ္အမႈထမ္းမ်ားကေတာ့ ဒါကိုမႀကိဳက္ပါဘူး။ ေလယာဥ္‌ေမာင္းျခင္းဟာ ကစားပြဲတခု မဟုတ္ပါဘူး။ ဒါဟာ သူတို႔ရဲ႕ ပုံမွန္အလုပ္သာျဖစ္ပါတယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *