success

သင့်အပေါ်မကောင်းတဲ့ မိတ်ဆွေအတုမှန်းသိသာစေတဲ့ အချက်များ

လူတိုင်းကို ယုံကြည်လို့မရဘူးဆိုတဲ့ စကားကမှန်ပါတယ်။ တချို့သော လူတွေကသင့်အနားမှာ ရှိနေပေမယ့် သင့်အတွက်အနီးကပ်ရန်သူတွေလည်း ဖြစ်နိုင်ပါတယ်။ မိတ်ဆွေတိုင်းက မိတ်ဆွေကောင်းမဖြစ်နိုင်ဘူးဆိုတာ လက်ခံထားသင့်ပါတယ်။ ဒီလို သင့်အပေါ်မကောင်းတဲ့ မိတ်ဆွေအတုအယောင်ဆိုတာ သိနိုင်မယ့်အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

မကောင်းပြောတက်သူ

 

ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး အမျိုးစုံကြိုးခုန်တက်တဲ့လူတွေဟာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ကိုယ်ရှေ့မှာမြှောက်ပင့်ပြီးပြောဆိုပေမယ့် ကိုယ်နောက်ကွယ်ရောက်တဲ့အခါ ကိုယ့်ရဲ့ မကောင်းသတင်း အတင်းအဖျင်းတွေကို သပုတ်လေ့လွင့်ပြောဆိုနေတက်တဲ့သူတွေဟာ တကယ့်ကိုကြောက်ဖို့ကောင်းတဲ့ မိတ်ဆွေအတုဖြစ်ပါတယ်။

အယူပဲရှိပြီး အပေးမရှိသူ

 

မိတ်ဆွေအစစ်ဆိုတာ ကိုယ်တကယ်ရောက်လာရင်ကူညီဖို့ဝန်မလေးသလို ကိုယ်ဘက်ကကူညီလိုက်တဲ့အကူအညီကိုလည်း ထာဝရမမေ့ကြပါဘူး။ ဒီလိုမှမဟုတ်ပဲ ဒုက္ခရောက်တဲ့အချိန် ကိုယ်စီကအကူညီရယူခဲ့ဖူးပေမယ့် ကိုယ်လည်း အခက်အခဲအကျပ်အတည်းတွေနဲ့ ပြန်ရင်ဆိုင်ရတဲ့အခါ မသိချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုထားတက်တဲ့သူဆိုရင်တော့ ဝေးဝေးကရှောင်ဖို့မှာချင်ပါတယ်။

အားနည်းချက်ကိုနိုင်ကွက်လုပ်သူ

 

တစ်ခါတစ်လေမှာ ကိုယ့်ဘဝရဲ့ လျို့ဝှက်ချက်တွေ အားနည်းချက်တွေကို ကိုယ့်ရဲ့ မိတ်ဆွေထံ ထုတ်ပြောမိတက်ကြပါတယ်။စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်မိတာ ကိစ္စမရှိပေမယ့် ကိုယ့်အပေါ်မစစ်မှန်တဲ့ လူတစ်ယောက်ကိုပြောပြလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ လျို့ဝှက်ချက် အားနည်းချက်တွေက သူတို့အတွက်နိုင်ကွက်ဖြစ်သွားတက်ပါတယ်။ ဒီလိုကိုယ့်အားချက်ကိုအနိုင်ယူပြီး ကိုယ့်အကျိုးစီးပွားတက်အသုံးချသူတွေကို မိတ်ဆွေစာရင်းကထုတ်လိုက်ပါ။

သစ္စာဖောက်ဖို့ ဝန်မလေးသူ

 

မိတ်ဆွေဆိုတာ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိဖို့လည်း လိုပါတယ်။ တစ်ယောက်ကိုတစ်ယောက် တိုးတက်ရာတိုးတက်ကြောင်း အချင်းချင်းမျှဝေ ကူညီပြီးလက်တွဲခေါ်ခြင်းက ဘဝမှာစစ်မှန်တဲ့ မိတ်ဆွေပါ။ဒီလိုမှမဟုတ်ပဲ ကိုယ့်အပေါ် သစ္စာဖောက်ဖို့ ကိုယ့်အပေါ် ကျော်ဖို့ခွဖို့ ဝန်မလေးတက်သူတစ်ယောက်ဆိုရင်တော့ လုံးဝကိုအပေါင်းအသင်း အဆက်အဆံ မလုပ်သင့်ပါဘူး။

Credit: Original Writer
Sharing By: #Believe In yourself

Zawgyi

လူတိုင္းကို ယုံၾကည္လို႔မရဘူးဆိုတဲ့ စကားကမွန္ပါတယ္။ တခ်ိဳ႕ေသာ လူေတြကသင့္အနားမွာ ရွိေနေပမယ့္ သင့္အတြက္အနီးကပ္ရန္သူေတြလည္း ျဖစ္ႏိုင္ပါတယ္။ မိတ္ေဆြတိုင္းက မိတ္ေဆြေကာင္းမျဖစ္ႏိုင္ဘူးဆိုတာ လက္ခံထားသင့္ပါတယ္။ ဒီလို သင့္အေပၚမေကာင္းတဲ့ မိတ္ေဆြအတုအေယာင္ဆိုတာ သိႏိုင္မယ့္အခ်က္ေလးေတြကိုေျပာျပေပးခ်င္ပါတယ္။

မေကာင္းေျပာတက္သူ

 

 

ေရွ႕တစ္မ်ိဳးကြယ္ရာတစ္မ်ိဳး အမ်ိဳးစုံႀကိဳးခုန္တက္တဲ့လူေတြဟာ အင္မတန္ေၾကာက္ဖို႔ေကာင္းပါတယ္။ကိုယ္ေရွ႕မွာေျမႇာက္ပင့္ၿပီးေျပာဆိုေပမယ့္ ကိုယ္ေနာက္ကြယ္ေရာက္တဲ့အခါ ကိုယ့္ရဲ႕ မေကာင္းသတင္း အတင္းအဖ်င္းေတြကို သပုတ္ေလ့လြင့္ေျပာဆိုေနတက္တဲ့သူေတြဟာ တကယ့္ကိုေၾကာက္ဖို႔ေကာင္းတဲ့ မိတ္ေဆြအတုျဖစ္ပါတယ္။

အယူပဲရွိၿပီး အေပးမရွိသူ

 

မိတ္ေဆြအစစ္ဆိုတာ ကိုယ္တကယ္ေရာက္လာရင္ကူညီဖို႔ဝန္မေလးသလို ကိုယ္ဘက္ကကူညီလိုက္တဲ့အကူအညီကိုလည္း ထာဝရမေမ့ၾကပါဘူး။ ဒီလိုမွမဟုတ္ပဲ ဒုကၡေရာက္တဲ့အခ်ိန္ ကိုယ္စီကအကူညီရယူခဲ့ဖူးေပမယ့္ ကိုယ္လည္း အခက္အခဲအက်ပ္အတည္းေတြနဲ႔ ျပန္ရင္ဆိုင္ရတဲ့အခါ မသိခ်င္ေယာင္ေဆာင္ၿပီး မ်က္ကြယ္ျပဳထားတက္တဲ့သူဆိုရင္ေတာ့ ေဝးေဝးကေရွာင္ဖို႔မွာခ်င္ပါတယ္။

အားနည္းခ်က္ကိုႏိုင္ကြက္လုပ္သူ

 

 

တစ္ခါတစ္ေလမွာ ကိုယ့္ဘဝရဲ႕ လ်ိဳ႕ဝွက္ခ်က္ေတြ အားနည္းခ်က္ေတြကို ကိုယ့္ရဲ႕ မိတ္ေဆြထံ ထုတ္ေျပာမိတက္ၾကပါတယ္။စစ္မွန္တဲ့ မိတ္ေဆြတစ္ေယာက္ကို ရင္ဖြင့္မိတာ ကိစၥမရွိေပမယ့္ ကိုယ့္အေပၚမစစ္မွန္တဲ့ လူတစ္ေယာက္ကိုေျပာျပလိုက္မယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ လ်ိဳ႕ဝွက္ခ်က္ အားနည္းခ်က္ေတြက သူတို႔အတြက္ႏိုင္ကြက္ျဖစ္သြားတက္ပါတယ္။ ဒီလိုကိုယ့္အားခ်က္ကိုအႏိုင္ယူၿပီး ကိုယ့္အက်ိဳးစီးပြားတက္အသုံးခ်သူေတြကို မိတ္ေဆြစာရင္းကထုတ္လိုက္ပါ။

သစၥာေဖာက္ဖို႔ ဝန္မေလးသူ

 

 

မိတ္ေဆြဆိုတာ တစ္ေယာက္အေပၚတစ္ေယာက္ သစၥာရွိဖို႔လည္း လိုပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ တိုးတက္ရာတိုးတက္ေၾကာင္း အခ်င္းခ်င္းမွ်ေဝ ကူညီၿပီးလက္တြဲေခၚျခင္းက ဘဝမွာစစ္မွန္တဲ့ မိတ္ေဆြပါ။ဒီလိုမွမဟုတ္ပဲ ကိုယ့္အေပၚ သစၥာေဖာက္ဖို႔ ကိုယ့္အေပၚ ေက်ာ္ဖို႔ခြဖို႔ ဝန္မေလးတက္သူတစ္ေယာက္ဆိုရင္ေတာ့ လုံးဝကိုအေပါင္းအသင္း အဆက္အဆံ မလုပ္သင့္ပါဘူး။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Comment