Health

ညဘက်မှာ တော်တော်နဲ့ အိပ်မရတဲ့ယောကျာ်းများအတွက် မြန်မြန်အိပ်မောကျစေမယ့်နည်းလမ်းများ

အိပ်ရေးဝဝ အိပ်စက်ခြင်းသည် သင့်ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် များစွာအရေးပါပါတယ်။ အချို့သူတွေက ညဘက်မှာ တော်တော်နဲ့ အိပ်မပျော်ကြပါဘူး။ နှစ်ခြိုက်စွာ အိပ်စက်ခွင့်မရတဲ့အခါ မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံစူးစိုက်နိုင်မှု လျော့ကျခြင်း အစရှိတဲ့ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

ညဘက်မှာ တော်တော်နဲ့ အိပ်မရဖြစ်နေတဲ့ ယောကျာ်းများအတွက် လျင်မြန်စွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးချင်ပါတယ်။

တရားထိုင်ပါ (သို့) ယောဂဆော့ပါ

လူသားများသည် စိတ်ဖိစီးမှုများလာတဲ့အခါ အိပ်မောကျဖို့ ခက်ခဲလာပါတယ်။ စိတ်ဖိစီးမှုများကြောင့် စိတ်ရှုပ်ထွေးပြီး ထိုအရာက သင့်ရဲ့အိပ်စက်ခြင်းကို နှောင့်ယှက်တတ်ပါတယ်။ ဒါဆိုရင် စိတ်ဖိစီးမှု ပြေပျောက်အောင် အရင်လုပ်ရပါမယ်။ တရားထိုင်ခြင်း၊ ယောဂဆော့ခြင်းတို့သည် စိတ်ကို တည်ငြိမ်စေပြီး ခန္ဓာကိုယ်ကိုလည်း အနားရစေပါတယ်။

အိပ်ခါနီးမှာ နာရီခဏခဏ ကြည့်ခြင်းကို ရှောင်ကြဉ်ပါ

 

အိပ်မရရောဂါရှိတဲ့သူတော်တော်များများမှာ နာရီခဏခဏ ကြည့်တဲ့အကျင့်ရှိကြပါတယ်။ ဒီလိုနာရီခဏခဏ ကြည့်တဲ့အခါ စိတ်လှုပ်ရှားမှု ပြင်းထန်လာပြီး အိပ်လို့မရအောင် ဖြစ်စေပါတယ်။ ဒါ့ကြောင့် ခဏခဏ နာရီကြည့်တတ်တဲ့အလေ့အကျင့်ကိုလည်း ရှောင်ကြဉ်ရပါမယ်။

နေ့ဘက်တွင် လေ့ကျင့်ခန်းပြုလုပ်ပါ

ပြေးခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ တင်းနစ်ဆော့ကစားခြင်းတို့သည် သင့်ကို ညဘက်တွင် မြန်မြန်အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ဦးနှောက်ထဲတွင် Serotonin ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုဟော်မှုန်းများကိုတော့ လျော့ချပေးပါတယ်။ ဒါ့ကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာပါ။

လျှပ်စစ်ပစ္စည်းအားလုံးကို ပိတ်လိုက်ပါ

ညဘက်တွင် လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းသည် သင့်ရဲ့အိပ်စက်ခြင်းကို ကြန့်ကြာစေပါတယ်။ ဒါ့ကြောင့် အိပ်ခါနီး တစ်နာရီခန့်အလိုကတည်းက လျှပ်စစ်ပစ္စည်းများအသုံးပြုမှုကို ရပ်တန့်ပစ်လိုက်ပါ။

နေ့လည်ဘက်တရေး မအိပ်ပါနဲ့

၁၉၉၆ ခုနှစ်က ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်အရ နေ့လည်ဘက်တွင် တရေးတမောအိပ်တတ်ကြတဲ့ လူကြီးများသည် ညဘက်တွင် တော်တော်နဲ့ အိပ်မပျော်တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အဝလွန်နိုင်ချေလည်း ပိုများကြတယ်လို့ လေ့လာရပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

zawgyi

အိပ္ေရးဝဝ အိပ္စက္ျခင္းသည္ သင့္ခႏၶာကိုယ္ႏွင့္ ဦးေႏွာက္အတြက္ မ်ားစြာအေရးပါပါတယ္။ အခ်ိဳ႕သူေတြက ညဘက္မွာ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ၾကပါဘူး။ ႏွစ္ၿခိဳက္စြာ အိပ္စက္ခြင့္မရတဲ့အခါ မွတ္ဉာဏ္စြမ္းရည္က်ဆင္းျခင္း၊ စိတ္တိုစိတ္ဆတ္လြယ္ျခင္း၊ စိတ္အတက္အက်ျမန္ျခင္း၊ အာ႐ုံစူးစိုက္ႏိုင္မႈ ေလ်ာ့က်ျခင္း အစရွိတဲ့ ဆိုးက်ိဳးမ်ားကို ခံစားရႏိုင္ပါတယ္။

ညဘက္မွာ ေတာ္ေတာ္နဲ႔ အိပ္မရျဖစ္ေနတဲ့ ေယာက်ာ္းမ်ားအတြက္ လ်င္ျမန္စြာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစမယ့္ နည္းလမ္းေကာင္းတခ်ိဳ႕ကို ေဝမွ်ေပးခ်င္ပါတယ္။

တရားထိုင္ပါ (သို႔) ေယာဂေဆာ့ပါ

 

လူသားမ်ားသည္ စိတ္ဖိစီးမႈမ်ားလာတဲ့အခါ အိပ္ေမာက်ဖို႔ ခက္ခဲလာပါတယ္။ စိတ္ဖိစီးမႈမ်ားေၾကာင့္ စိတ္ရႈပ္ေထြးၿပီး ထိုအရာက သင့္ရဲ႕အိပ္စက္ျခင္းကို ေႏွာင့္ယွက္တတ္ပါတယ္။ ဒါဆိုရင္ စိတ္ဖိစီးမႈ ေျပေပ်ာက္ေအာင္ အရင္လုပ္ရပါမယ္။ တရားထိုင္ျခင္း၊ ေယာဂေဆာ့ျခင္းတို႔သည္ စိတ္ကို တည္ၿငိမ္ေစၿပီး ခႏၶာကိုယ္ကိုလည္း အနားရေစပါတယ္။

အိပ္ခါနီးမွာ နာရီခဏခဏ ၾကည့္ျခင္းကို ေရွာင္ၾကဥ္ပါ

 

အိပ္မရေရာဂါရွိတဲ့သူေတာ္ေတာ္မ်ားမ်ားမွာ နာရီခဏခဏ ၾကည့္တဲ့အက်င့္ရွိၾကပါတယ္။ ဒီလိုနာရီခဏခဏ ၾကည့္တဲ့အခါ စိတ္လႈပ္ရွားမႈ ျပင္းထန္လာၿပီး အိပ္လို႔မရေအာင္ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ခဏခဏ နာရီၾကည့္တတ္တဲ့အေလ့အက်င့္ကိုလည္း ေရွာင္ၾကဥ္ရပါမယ္။

ေန႔ဘက္တြင္ ေလ့က်င့္ခန္းျပဳလုပ္ပါ

 

ေျပးျခင္း၊ ေတာင္တက္ျခင္း၊ စက္ဘီးစီးျခင္း၊ တင္းနစ္ေဆာ့ကစားျခင္းတို႔သည္ သင့္ကို ညဘက္တြင္ ျမန္ျမန္အိပ္ေပ်ာ္ေအာင္ ကူညီေပးႏိုင္ပါတယ္။ ေလ့က်င့္ခန္းျပဳလုပ္ျခင္းသည္ ဦးေႏွာက္ထဲတြင္ Serotonin ထုတ္လုပ္မႈကို ျမႇင့္တင္ေပးၿပီး စိတ္ဖိစီးမႈေဟာ္မႈန္းမ်ားကိုေတာ့ ေလ်ာ့ခ်ေပးပါတယ္။ ဒါ့ေၾကာင့္ ညဘက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစတာပါ။

လွ်ပ္စစ္ပစၥည္းအားလုံးကို ပိတ္လိုက္ပါ

 

ညဘက္တြင္ လွ်ပ္စစ္ပစၥည္းမ်ား အသုံးျပဳျခင္းသည္ သင့္ရဲ႕အိပ္စက္ျခင္းကို ၾကန႔္ၾကာေစပါတယ္။ ဒါ့ေၾကာင့္ အိပ္ခါနီး တစ္နာရီခန႔္အလိုကတည္းက လွ်ပ္စစ္ပစၥည္းမ်ားအသုံးျပဳမႈကို ရပ္တန႔္ပစ္လိုက္ပါ။

ေန႔လည္ဘက္တေရး မအိပ္ပါနဲ႔

 

၁၉၉၆ ခုႏွစ္က ျပဳလုပ္ထားတဲ့ ေလ့လာေတြ႕ရွိခ်က္အရ ေန႔လည္ဘက္တြင္ တေရးတေမာအိပ္တတ္ၾကတဲ့ လူႀကီးမ်ားသည္ ညဘက္တြင္ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တာကို ေတြ႕ရွိရပါတယ္။ ဒါ့အျပင္ အဝလြန္ႏိုင္ေခ်လည္း ပိုမ်ားၾကတယ္လို႔ ေလ့လာရပါတယ္။

 

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Comment