success

သင့်ဘဝထဲကနေ အပြီးတိုင်ဖယ်ရှားသင့်တဲ့ ကြောက်စိတ်များအကြောင်း

တစ်ခါတစ်လေမှာ မလိုလားအပ်တွေကြောက်ရွံ ထိတ်လန့်စိတ်တွေကြောင့် ဘဝမှာထင်သလောက်မတိုးတက်တာတွေ အောင်မြင်ဖို့ကြန့်ကြာသွားစေတာတွေ ရည်မှန်းချက်ပန်းတိုင်တွေဆီရောက်ဖို့ နှောင့်နှေးသွားတာတွေဖြစ်တက်ပါတယ်။ သင့်ဘဝကိုအမှန်တကယ်ပဲ တိုးတက်ပြောင်းလဲချင်တယ်ဆိုရင် အခုပြောပြမယ့် ကြောက်စိတ်တွေကို သင့်ဘဝထဲကနေ အပြီးတိုင်းဖယ်ရှားလိုက်ဖို့အကြံပြုချင်ပါတယ်။

(၁) ကျရှုံးမှာကြောက်တဲ့စိတ်

 

လူတိုင်းလူတိုင်းကတော့ ဘဝမှာ ကျရှုံးမှုတွေနဲ့ကြုံရမှာကို ကြောက်ကြတဲ့ သူတွေကြီးပါပဲ။ သို့သော်လည်း သင့်အနေနဲ့ ကျရှုံးမှာကြောက်ပြီး ဘားမှမလုပ်ဘူးဆိုရင် အောင်မြင်မှုဆိုတာလည်းရှိလာနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာပေါ်က အောင်မြင်နေသူအများစုရဲ့ဘဝတွေမှာလည်း ကျရှုံးခြင်းတွေများစွာရှိခဲ့ကြပါတယ်။ ကျရှုံးခြင်းတွေက အောင်မြင်ဖို့အတွက် အကောင်းဆုံးသင်ခန်းစာတွေဆိုတာမမေ့ပါနဲ့။ ဒါကြောင့်ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် ကျရှုံးမှာမကြောက်ပါနဲ့။ ကျရှုံးမှုတွေကြုံခဲ့ရင်တောင် အကောင်းဆုံးသင်ခန်းစာယူပြီး ပြန်လည်ရုန်းထနိုင်ဖို့ပဲလိုအပ်တာဖြစ်ပါတယ်။

(၂) ပြောင်းလဲဖို့ကြောက်တဲ့စိတ်

 

သင့်ဘဝမှာ ပိုမိုကောင်းမွန်တဲ့ အရာတွေပိုင်ဆိုင်နိုင်ဖို့ ရည်းမှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ပြောင်းလဲခြင်းတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိရပါမယ်။ Comfort Zone ထဲကရုန်းမထွက်သ၍တော့ သင့်အနေနဲ့ မျှော်မှန်းထားတဲ့အောင်မြင်မှုကိုရရှိဖို့ ခက်ခဲနေမှာပါ။ လက်ရှိ အဆင်ပြေရုံဆိုတဲ့အခြေအနေကိုဖက်တွယ်ပြီး ပြောင်းလဲဖို့တွန့်ဆုတ်နေမယ်ဆိုရင် ယခုအခြေအနေထက်ပိုကောင်းတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးရနိုင်ပါတယ်။ ဒါ့ကြောင့်ဘဝမှာ အပြောင်းအလဲတွေကိုမကြောက်ပါနဲ့။ သတ္တိရှိရှိနဲ့ ပြောင်းလဲလိုက်ပါ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လိုက်ပါ။

(၃) ဝေဖန်ခံရမှာကြောက်တဲ့စိတ်

 

လူအများစုဟာ သူတို့ပတ်ဝန်းကျင်ကလူတွေရဲ့ အမြင်တွေ သုံးသပ်ချက်တွေကို သိပ်ပြီးအလေးနက်ထားတက်ကြပါတယ်။ သင့်အနေနဲ့ တခြားသူတွေရဲ့ အမြင်တွေကိုပဲ ဦးစားပေး အလေးအနက်ထားလွန်းရင် ကိုယ်ကိုယ့်ကို ယုံကြည်မှုပျောက်ဆုံးပြီး စိုးရိမ်စိတ်နဲ့ကြောက်စိတ်တွေကသာ ပိုပြီးနေရာယူလာမှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ယုံကြည်ရာ စိတ်ကူးအိပ်မက်တွေကိုလုပ်ဆောင်ရာမှာ တခြားသူတွေရဲ့အမြင်တွေ ဝေဖန်မှုတွေကို လျစ်လျူရှုထားသင့်ပါတယ်။ သူများတွေရဲ့ အမြင်တွေကို ဝေဖန်မှုတွေကို အချိန်တိုင်းလက်ခံနေဖို့မလိုအပ်ပါဘူး။

(၄) မဖြစ်သေးတဲ့အရာတွေအပေါ်ကြောက်တဲ့စိတ်

 

သေချာရေရာစွာမသိနိုင်တဲ့အရာတွေ အပေါ်ကြောက်တဲ့စိတ်ဟာ များသောအားဖြင့် စိုးရိမ်စိတ်လွန်ကဲသူတွေမှာ အဖြစ်များပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင် ဖြစ်မလာသေးတဲ့အနာဂတ်ကို ကြိုတင်တွေးတောပြီး စိုးရိမ်ပူပင်နေခြင်းဖြစ်ပါတယ်။ မဖြစ်သေးတဲ့အရာတစ်ခု ကိုယ်တိုင်လည်းတိတိကျကျမသိရသေးတဲ့ အခြေအနေတစ်ခုကို ကိုယ်အနေနဲ့ ကြိုတွေးပြီး ကြောက်နေတာဟာ သင့်ကို ပိုပြီးအားနည်းသွားစေနိုင်ပါတယ်။ တစ်ချို့ကိစ္စတွေဟာ ကိုယ်တကယ်ရင်ဆိုင်လိုက်တဲ့အခါ တွေးထားသလောက် မဆိုးတဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ အရာရာကို သတိရှိတာကောင်းပေမယ့် မဖြစ်သေးတဲ့အရာတွေကို ကြိုတင်ပြီးကြောက်နေခြင်းကတော့ မကောင်းပါဘူး။

 

Credit: Original Writer
Sharing By: #Believe In yourself

Zawgyi

တစ္ခါတစ္ေလမွာ မလိုလားအပ္ေတြေၾကာက္႐ြံ ထိတ္လန႔္စိတ္ေတြေၾကာင့္ ဘဝမွာထင္သေလာက္မတိုးတက္တာေတြ ေအာင္ျမင္ဖို႔ၾကန႔္ၾကာသြားေစတာေတြ ရည္မွန္းခ်က္ပန္းတိုင္ေတြဆီေရာက္ဖို႔ ေႏွာင့္ေႏွးသြားတာေတြျဖစ္တက္ပါတယ္။ သင့္ဘဝကိုအမွန္တကယ္ပဲ တိုးတက္ေျပာင္းလဲခ်င္တယ္ဆိုရင္ အခုေျပာျပမယ့္ ေၾကာက္စိတ္ေတြကို သင့္ဘဝထဲကေန အၿပီးတိုင္းဖယ္ရွားလိုက္ဖို႔အႀကံျပဳခ်င္ပါတယ္။

(၁) က်ရႈံးမွာေၾကာက္တဲ့စိတ္

 

 

လူတိုင္းလူတိုင္းကေတာ့ ဘဝမွာ က်ရႈံးမႈေတြနဲ႔ႀကဳံရမွာကို ေၾကာက္ၾကတဲ့ သူေတြႀကီးပါပဲ။ သို႔ေသာ္လည္း သင့္အေနနဲ႔ က်ရႈံးမွာေၾကာက္ၿပီး ဘားမွမလုပ္ဘူးဆိုရင္ ေအာင္ျမင္မႈဆိုတာလည္းရွိလာႏိုင္မွာမဟုတ္ပါဘူး။ ကမာၻေပၚက ေအာင္ျမင္ေနသူအမ်ားစုရဲ႕ဘဝေတြမွာလည္း က်ရႈံးျခင္းေတြမ်ားစြာရွိခဲ့ၾကပါတယ္။ က်ရႈံးျခင္းေတြက ေအာင္ျမင္ဖို႔အတြက္ အေကာင္းဆုံးသင္ခန္းစာေတြဆိုတာမေမ့ပါနဲ႔။ ဒါေၾကာင့္ဘဝမွာေအာင္ျမင္ခ်င္တယ္ဆိုရင္ က်ရႈံးမွာမေၾကာက္ပါနဲ႔။ က်ရႈံးမႈေတြႀကဳံခဲ့ရင္ေတာင္ အေကာင္းဆုံးသင္ခန္းစာယူၿပီး ျပန္လည္႐ုန္းထႏိုင္ဖို႔ပဲလိုအပ္တာျဖစ္ပါတယ္။

(၂) ေျပာင္းလဲဖို႔ေၾကာက္တဲ့စိတ္

 

 

သင့္ဘဝမွာ ပိုမိုေကာင္းမြန္တဲ့ အရာေတြပိုင္ဆိုင္ႏိုင္ဖို႔ ရည္းမွန္းခ်က္ေတြအေကာင္အထည္ေဖာ္ႏိုင္ဖို႔ဆိုရင္ ေျပာင္းလဲျခင္းေတြကို ရင္ဆိုင္ရဲတဲ့ သတၱိရွိရပါမယ္။ Comfort Zone ထဲက႐ုန္းမထြက္သ၍ေတာ့ သင့္အေနနဲ႔ ေမွ်ာ္မွန္းထားတဲ့ေအာင္ျမင္မႈကိုရရွိဖို႔ ခက္ခဲေနမွာပါ။ လက္ရွိ အဆင္ေျပ႐ုံဆိုတဲ့အေျခအေနကိုဖက္တြယ္ၿပီး ေျပာင္းလဲဖို႔တြန႔္ဆုတ္ေနမယ္ဆိုရင္ ယခုအေျခအေနထက္ပိုေကာင္းတဲ့ အခြင့္အေရးေတြကို ဆုံးရႈံးရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ဘဝမွာ အေျပာင္းအလဲေတြကိုမေၾကာက္ပါနဲ႔။ သတၱိရွိရွိနဲ႔ ေျပာင္းလဲလိုက္ပါ စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္လိုက္ပါ။

(၃) ေဝဖန္ခံရမွာေၾကာက္တဲ့စိတ္

 

 

လူအမ်ားစုဟာ သူတို႔ပတ္ဝန္းက်င္ကလူေတြရဲ႕ အျမင္ေတြ သုံးသပ္ခ်က္ေတြကို သိပ္ၿပီးအေလးနက္ထားတက္ၾကပါတယ္။ သင့္အေနနဲ႔ တျခားသူေတြရဲ႕ အျမင္ေတြကိုပဲ ဦးစားေပး အေလးအနက္ထားလြန္းရင္ ကိုယ္ကိုယ့္ကို ယုံၾကည္မႈေပ်ာက္ဆုံးၿပီး စိုးရိမ္စိတ္နဲ႔ေၾကာက္စိတ္ေတြကသာ ပိုၿပီးေနရာယူလာမွာျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ ကိုယ္ယုံၾကည္ရာ စိတ္ကူးအိပ္မက္ေတြကိုလုပ္ေဆာင္ရာမွာ တျခားသူေတြရဲ႕အျမင္ေတြ ေဝဖန္မႈေတြကို လ်စ္လ်ဴရႈထားသင့္ပါတယ္။ သူမ်ားေတြရဲ႕ အျမင္ေတြကို ေဝဖန္မႈေတြကို အခ်ိန္တိုင္းလက္ခံေနဖို႔မလိုအပ္ပါဘူး။

(၄) မျဖစ္ေသးတဲ့အရာေတြအေပၚေၾကာက္တဲ့စိတ္

 

 

ေသခ်ာေရရာစြာမသိႏိုင္တဲ့အရာေတြ အေပၚေၾကာက္တဲ့စိတ္ဟာ မ်ားေသာအားျဖင့္ စိုးရိမ္စိတ္လြန္ကဲသူေတြမွာ အျဖစ္မ်ားပါတယ္။ နားလည္ေအာင္ေျပာရမယ္ဆိုရင္ ျဖစ္မလာေသးတဲ့အနာဂတ္ကို ႀကိဳတင္ေတြးေတာၿပီး စိုးရိမ္ပူပင္ေနျခင္းျဖစ္ပါတယ္။ မျဖစ္ေသးတဲ့အရာတစ္ခု ကိုယ္တိုင္လည္းတိတိက်က်မသိရေသးတဲ့ အေျခအေနတစ္ခုကို ကိုယ္အေနနဲ႔ ႀကိဳေတြးၿပီး ေၾကာက္ေနတာဟာ သင့္ကို ပိုၿပီးအားနည္းသြားေစႏိုင္ပါတယ္။ တစ္ခ်ိဳ႕ကိစၥေတြဟာ ကိုယ္တကယ္ရင္ဆိုင္လိုက္တဲ့အခါ ေတြးထားသေလာက္ မဆိုးတဲ့အေျခအေနေတြ အမ်ားႀကီးရွိပါတယ္။ အရာရာကို သတိရွိတာေကာင္းေပမယ့္ မျဖစ္ေသးတဲ့အရာေတြကို ႀကိဳတင္ၿပီးေၾကာက္ေနျခင္းကေတာ့ မေကာင္းပါဘူး။

 

Credit: Original Writer
Sharing By: #Believe In yourself

 

 

Leave a Comment