Wed. Oct 27th, 2021

လူတိုင်းနီးပါးမှာ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ တစ်ချို့အိပ်မက်တွေက ဈေးကြီးကြတယ်။ တော်ရုံ အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။ အတားအဆီးတွေ အတိုက်အခိုက်တွေ အများကြီး ကြုံရတက်ပါတယ်။ ဒီနေ့ kwee page က အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အတားအဆီးတွေအကြောင်း မျှဝေပေးသွားမှာပါ။

အကူအညီ (သို့) အခွင့်အလမ်းကို စောင့်နေခြင်း

 

သင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် တခြားလူရဲ့အကူအညီ ရယူဖို့စောင့်နေတာ (သို့) အခွင့်အလမ်းကြုံမှာကို စောင့်နေမယ်ဆိုရင်တော့ အိပ်မက်ပန်းတိုင်ဆီ ရောက်ဖို့မလွယ်ကူလှပါဘူး။ အခွင့်အလမ်းဆိုတာ စောင့်ကြိုပြီးနေနေတာထက် ကိုယ်တိုင်ဖန်တီးယူရတာပါ။ ပြီးတော့ သင့်ကို ကူညီမယ့်လူက တွေ့ချင်မှလည်းတွေ့နိုင်တာပါ။

ဒါ့ကြောင့် တခြားလူရဲ့အကူအညီတွေကို စောင့်နေမယ့်အစား ကိုယ့်ရဲ့ အိပ်မက်ကို ပုံမှန်အကောင်အထည် ဖော်ဖို့ကြိုးစားပါ။ သင့်အိပ်မက်က ဈေးကြီးတယ်ဆိုရင်တော့ တခြားလူတွေထက် ပိုပြီး ကြိုးစားရပါမယ်။ တစ်နေ့တစ်လှမ်းခြင်း လှမ်းသွားလိုက်ပါ။ အိပ်မက်က တဖြည်းဖြည်းနီးလာပါလိမ့်မယ်။

အဆိပ်လိုလူစားများ

 

အိပ်မက်ကို အကောင်အထည်ဖော်တဲ့အချိန်မှာ အဆိပ်လိုလူစားတွေကို သေချာပေါက် တွေ့ရပါလိမ့်မယ်။ ဒီလိုလူတွေက သင့်အိပ်မက်အကောင်အထည်ဖော်ရာတွင် အားပေးစကားတွေပြောရမယ့်အစား စိတ်ပျက်အားလျှော့စေတဲ့ စကားတွေကိုပဲ ပြောတက်သူတွေပါ။ သင်ကသူ့တို့ထက် သာသွားမှာမလိုချင်ကြတဲ့ စိတ်ဓာတ်တွေ ဒီလိုလူမျိုးတွေမှာ ရှိနေတက်ကြတယ်။

ဒါ့ကြောင့် သင်တခုခုလုပ်မယ်လို့ ကြံရွယ်လိုက်တိုင်း “မဖြစ်နိုင်ဘူး၊ ဒုက္ခရောက်လိမ့်မယ်” စတဲ့ စကားတွေကိုသာ ပြောလေ့ရှိကြတယ်။ အကယ်၍ သူတို့ကိုယ်တိုင် ကြုံးဖူးတဲ့ အကြောင်းအရာတွေကို စေတနာဖြင့် ပြောပြနေရင်တော့ နားထောင်ပေးလိုက်ပါ။ နောက်ကျမှ သင်ကိုယ်တိုင် ဖြစ်နိူင်၏ မဖြစ်နိူင်၏ ကိုဆုံးဖြတ်ရမှာပါ။ ဒီလိုမှမဟုတ်ဘဲ သူတို့ကိုယ်တိုင်လည်း မယ်မယ်ရရ ဘာမှအကောင်အထည် မဖော်ဘူးဘဲ စိုးရိမ်စိတ်နဲ့ ဆန့်ကျင်ဘက်စကားတွေ ပြောနေတယ်ဆိုရင်တော့ ဒီလိုလူတွေကို ဝေးဝေးရှောင်ဖို့လိုပါတယ်။

အိပ်မက်ကို အကောင်အထည်မဖော်ခြင်း

 

အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် စိတ်နှစ်ပြီး အားသွန်ခွန်စိုက် ကြိုးစားရမှာပါ။ ဒီလိုမှမဟုတ်ဘဲ အိပ်မက်သာရှိပြီး အားထုတ်ကြိုးပမ်းမူ မရှိပါက ခရီးတွင်မှာမဟုတ်ပါဘူး။ လူးတိုင်းမှာ စိတ်ကူးတွေ၊ အကြံဉာဏ်သစ်တွေ ရှိတက်ကြပါတယ်။ စိတ်ကူးထဲမှာ အိပ်မက်တွေကို အကောင်အထည်ဖော်ရတာဟာ အင်မတန်မှ လွယ်ကူလှပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူးကို အကောင်အထည်ဖော်ပြီး ကိုယ့်ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် ဘာပဲ ဖြစ်ဖြစ်ဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေဖို့ အလွန်အရေးကြီးပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

Zawgyi

လူတိုင္းနီးပါးမွာ အိပ္မက္ကိုယ္စီ ရွိၾကပါတယ္။ တစ္ခ်ိဳ႕အိပ္မက္ေတြက ေဈးႀကီးၾကတယ္။ ေတာ္႐ုံ အေကာင္အထည္ေဖာ္ဖို႔ မလြယ္ကူပါဘူး။ အတားအဆီးေတြ အတိုက္အခိုက္ေတြ အမ်ားႀကီး ႀကဳံရတက္ပါတယ္။ ဒီေန႔ kwee page က အိပ္မက္ေတြကို အေကာင္အထည္ေဖာ္တဲ့အခ်ိန္မွာ ႀကဳံေတြ႕ရႏိုင္တဲ့ အတားအဆီးေတြအေၾကာင္း မွ်ေဝေပးသြားမွာပါ။

အကူအညီ (သို႔) အခြင့္အလမ္းကို ေစာင့္ေနျခင္း

 

 

သင့္အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ တျခားလူရဲ႕အကူအညီ ရယူဖို႔ေစာင့္ေနတာ (သို႔) အခြင့္အလမ္းႀကဳံမွာကို ေစာင့္ေနမယ္ဆိုရင္ေတာ့ အိပ္မက္ပန္းတိုင္ဆီ ေရာက္ဖို႔မလြယ္ကူလွပါဘူး။ အခြင့္အလမ္းဆိုတာ ေစာင့္ႀကိဳၿပီးေနေနတာထက္ ကိုယ္တိုင္ဖန္တီးယူရတာပါ။ ၿပီးေတာ့ သင့္ကို ကူညီမယ့္လူက ေတြ႕ခ်င္မွလည္းေတြ႕ႏိုင္တာပါ။

ဒါ့ေၾကာင့္ တျခားလူရဲ႕အကူအညီေတြကို ေစာင့္ေနမယ့္အစား ကိုယ့္ရဲ႕ အိပ္မက္ကို ပုံမွန္အေကာင္အထည္ ေဖာ္ဖို႔ႀကိဳးစားပါ။ သင့္အိပ္မက္က ေဈးႀကီးတယ္ဆိုရင္ေတာ့ တျခားလူေတြထက္ ပိုၿပီး ႀကိဳးစားရပါမယ္။ တစ္ေန႔တစ္လွမ္းျခင္း လွမ္းသြားလိုက္ပါ။ အိပ္မက္က တျဖည္းျဖည္းနီးလာပါလိမ့္မယ္။

အဆိပ္လိုလူစားမ်ား

 

 

အိပ္မက္ကို အေကာင္အထည္ေဖာ္တဲ့အခ်ိန္မွာ အဆိပ္လိုလူစားေတြကို ေသခ်ာေပါက္ ေတြ႕ရပါလိမ့္မယ္။ ဒီလိုလူေတြက သင့္အိပ္မက္အေကာင္အထည္ေဖာ္ရာတြင္ အားေပးစကားေတြေျပာရမယ့္အစား စိတ္ပ်က္အားေလွ်ာ့ေစတဲ့ စကားေတြကိုပဲ ေျပာတက္သူေတြပါ။ သင္ကသူ႔တို႔ထက္ သာသြားမွာမလိုခ်င္ၾကတဲ့ စိတ္ဓာတ္ေတြ ဒီလိုလူမ်ိဳးေတြမွာ ရွိေနတက္ၾကတယ္။

ဒါ့ေၾကာင့္ သင္တခုခုလုပ္မယ္လို႔ ႀကံ႐ြယ္လိုက္တိုင္း “မျဖစ္ႏိုင္ဘူး၊ ဒုကၡေရာက္လိမ့္မယ္” စတဲ့ စကားေတြကိုသာ ေျပာေလ့ရွိၾကတယ္။ အကယ္၍ သူတို႔ကိုယ္တိုင္ ႀကဳံးဖူးတဲ့ အေၾကာင္းအရာေတြကို ေစတနာျဖင့္ ေျပာျပေနရင္ေတာ့ နားေထာင္ေပးလိုက္ပါ။ ေနာက္က်မွ သင္ကိုယ္တိုင္ ျဖစ္ႏိူင္၏ မျဖစ္ႏိူင္၏ ကိုဆုံးျဖတ္ရမွာပါ။ ဒီလိုမွမဟုတ္ဘဲ သူတို႔ကိုယ္တိုင္လည္း မယ္မယ္ရရ ဘာမွအေကာင္အထည္ မေဖာ္ဘူးဘဲ စိုးရိမ္စိတ္နဲ႔ ဆန႔္က်င္ဘက္စကားေတြ ေျပာေနတယ္ဆိုရင္ေတာ့ ဒီလိုလူေတြကို ေဝးေဝးေရွာင္ဖို႔လိုပါတယ္။

အိပ္မက္ကို အေကာင္အထည္မေဖာ္ျခင္း

 

 

အိပ္မက္တစ္ခုကို အေကာင္အထည္ေဖာ္ဖို႔အတြက္ စိတ္ႏွစ္ၿပီး အားသြန္ခြန္စိုက္ ႀကိဳးစားရမွာပါ။ ဒီလိုမွမဟုတ္ဘဲ အိပ္မက္သာရွိၿပီး အားထုတ္ႀကိဳးပမ္းမူ မရွိပါက ခရီးတြင္မွာမဟုတ္ပါဘူး။ လူးတိုင္းမွာ စိတ္ကူးေတြ၊ အႀကံဉာဏ္သစ္ေတြ ရွိတက္ၾကပါတယ္။ စိတ္ကူးထဲမွာ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ရတာဟာ အင္မတန္မွ လြယ္ကူလွပါတယ္။ ဒါေပမဲ့ ဒီစိတ္ကူးကို အေကာင္အထည္ေဖာ္ၿပီး ကိုယ့္ရဲ႕အိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔အတြက္ ဘာပဲ ျဖစ္ျဖစ္ေျဖရွင္းမယ္ဆိုတဲ့ စိတ္ဓာတ္ရွိေနဖို႔ အလြန္အေရးႀကီးပါတယ္။

Credit: Original Writer
Sharing By: #Believe In yourself

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *