Wed. Oct 27th, 2021

အတွေးတွေဟာ လူတစ်ယောက်ကို ပြောင်းလဲဖို့ သိပ်ကို အရေးပါပါတယ်။ အတွေးတွေဟာ သဘောထားတွေ ဖြစ်လာပြီး သဘောထားခံယူချက်တွေကပဲ လူတွေကို အဆင့်အတန်းအမျိုးမျိုး ပြောင်းလဲပစ်တာပါ။ ဒါကြောင့် ကိုယ့်ကို တိုးတက်အောင် မြှင့်တင်ပေးနိုင်မယ့် နောက်ပြီး အမြဲခေါင်းထဲမှာ ထားသင့်တဲ့ အတွေးတစ်ချို့ကို ညွှန်းချင်ပါတယ်။

(၁) ကိုယ့်ဘဝကို လက်ခံပါ။ ကိုယ့်ဘဝကို အတိုက်အခံမလုပ်ပါနဲ့

 

ဘဝမှာ ကြုံလာတဲ့ အခြေအနေတစ်ချို့ကို အကြံ့ခိုင်ဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရှိတရားကို လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ ပြုပြင်လို့မရခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် တွန်းလှန်ငြင်းဆန်နေမယ့်အစား လက်ခံလိုက်ခြင်းဟာ ပိုပြီးကောင်းမွန်တဲ့အရာတွေ ဖန်တီးဖို့ တံခါးတစ်ချပ်ဖွင့်လှပ်လိုက်တာပါပဲ။
ဒါ့ကြောင့် အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ ဖြစ်ခဲ့သမျှတွေ ၊ ပြီးဆုံးသွားတဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် လက်ခံမယ်လို့ အရင်ဆုံးတွေးပါ။

(၂) ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ မရှုံ့ချပါနဲ့။

 

 

လေးစားမှုရှိပါ။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် လေးစားချီးကျူးမှုလုပ်ပါ။ နှိုးဆော်တိုက်တွန်းအားပေးတတ်တဲ့ အကျင့်ထားပါ။ အဆိုးမြင်ခြင်းကို တိုက်ထုတ်ဖို့ အကောင်းဆုံး အကောင်းမြင်နည်းတွေထဲက တစ်ခုက ပိုကောင်းတဲ့ အဖြေတစ်ခု ရှာကြည့်တာပဲ ဖြစ်ပါတယ်။

(၃) ဦးနှောက်မုန်တိုင်းဆင်ပါ။ အပြစ်မုန်တိုင်းတွေ မတင်ပါနဲ့။

 

\

ဘယ်သူနဲ့ပဲ ကြုံကြုံ ဘာတွေပဲ လုပ်လုပ် ဖန်တီးမှုစွမ်းရည်တက်ဖို့ အများနဲ့ ဦးနှောက်ချင်းမီးကူးတဲ့ Brainstorm အလေ့လုပ်ပါ။ တစ်ယောက်ကိုတစ်ယောက် အပြစ်‌တွေ လွှဲချတတ်တဲ့ Blame-Storm မလုပ်ပါနဲ့။ ဘယ်တော့ဖြစ်ဖြစ် ဘယ်သူ့ကိုဖြစ်ဖြစ် ပူးပေါင်းပြီး အကောင်းဆုံးတွေ ဖော်ထုတ်ဖို့ပဲ စဉ်းစားပါ။ အပြစ်တင်မှုရပ်စဲခြင်းလုပ်မယ်လို့သာ တွေးထားပါ။

(၄) တစ်ခုချင်းစီပဲ လုပ်နေပါ။ ဟိုဟာဒီဟာ အကုန်ထဲ မပါပါနဲ့

 

 

ကိုယ့်ရဲ့ အရည်အချင်း ၊ စရိုက် ၊ ဝါသနာနဲ့ အကိုက်ညီဆုံး ကိစ္စကိုပဲ လုပ်ပါ။ အားလုံးကို သိမ်းကြုံးလုပ်ဖို့ မစဉ်းစားပါနဲ့။ Pareto Principle စည်းမျဉ်းဆိုတာ ရှိပါတယ်။ ကိုယ့်မှာ လုပ်စရာ ၁၀ ခုရှိရင် ကိုယ့်ရလဒ်ရဲ့ ၈၀% ဟာ ကိုယ့်အားထုတ်မှုရဲ့ ၂၀% က လာတာလို့ ဆိုပါတယ်။
ဒီတော့ အကောင်းဆုံးလုပ်နိုင်မယ့် အရာ၂ ခုကို အရင်ဆုံး ပြီးအောင်လုပ်။ ဒါဆို ကျန်တာတွေ လုပ်ရတာလွယ်သွားမှာ ဖြစ်သလို အချိန်နဲ့ စွမ်အင်ပိုင်းလည်း အထိရောက်ဆုံး သုံးပြီးသား ဖြစ်သွားမှာပါ။ ဒါကြောင့် Do Somethine , Not Everything လို့သာ ကိုယ့်ကိုယ်ကိုယ် သတိပေးထားသင့်ပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

Zawgyi

 

အေတြးေတြဟာ လူတစ္ေယာက္ကို ေျပာင္းလဲဖို႔ သိပ္ကို အေရးပါပါတယ္။ အေတြးေတြဟာ သေဘာထားေတြ ျဖစ္လာၿပီး သေဘာထားခံယူခ်က္ေတြကပဲ လူေတြကို အဆင့္အတန္းအမ်ိဳးမ်ိဳး ေျပာင္းလဲပစ္တာပါ။ ဒါေၾကာင့္ ကိုယ့္ကို တိုးတက္ေအာင္ ျမႇင့္တင္ေပးႏိုင္မယ့္ ေနာက္ၿပီး အၿမဲေခါင္းထဲမွာ ထားသင့္တဲ့ အေတြးတစ္ခ်ိဳ႕ကို ၫႊန္းခ်င္ပါတယ္။

(၁) ကိုယ့္ဘဝကို လက္ခံပါ။ ကိုယ့္ဘဝကို အတိုက္အခံမလုပ္ပါနဲ႔

 

 

ဘဝမွာ ႀကဳံလာတဲ့ အေျခအေနတစ္ခ်ိဳ႕ကို အႀကံ့ခိုင္ဆုံး ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔က အရွိတရားကို လက္ခံလိုက္တာပဲ ျဖစ္ပါတယ္။ ျပဳျပင္လို႔မရခဲ့တဲ့ အရာေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ ဒုကၡေရာက္ေအာင္ တြန္းလွန္ျငင္းဆန္ေနမယ့္အစား လက္ခံလိုက္ျခင္းဟာ ပိုၿပီးေကာင္းမြန္တဲ့အရာေတြ ဖန္တီးဖို႔ တံခါးတစ္ခ်ပ္ဖြင့္လွပ္လိုက္တာပါပဲ။
ဒါ့ေၾကာင့္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္မယ္။ ျဖစ္ခဲ့သမွ်ေတြ ၊ ၿပီးဆုံးသြားတဲ့အရာေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ လက္ခံမယ္လို႔ အရင္ဆုံးေတြးပါ။

(၂) ကိုယ့္ကိုယ္ကိုယ္ အားေပးပါ။ မရႈံ႕ခ်ပါနဲ႔။

 

 

ေလးစားမႈရွိပါ။ အထူးသျဖင့္ ကိုယ့္ကိုယ္ကိုယ္ ေလးစားခ်ီးက်ဴးမႈလုပ္ပါ။ ႏႈိးေဆာ္တိုက္တြန္းအားေပးတတ္တဲ့ အက်င့္ထားပါ။ အဆိုးျမင္ျခင္းကို တိုက္ထုတ္ဖို႔ အေကာင္းဆုံး အေကာင္းျမင္နည္းေတြထဲက တစ္ခုက ပိုေကာင္းတဲ့ အေျဖတစ္ခု ရွာၾကည့္တာပဲ ျဖစ္ပါတယ္။

(၃) ဦးေႏွာက္မုန္တိုင္းဆင္ပါ။ အျပစ္မုန္တိုင္းေတြ မတင္ပါနဲ႔။

 

 

ဘယ္သူနဲ႔ပဲ ႀကဳံႀကဳံ ဘာေတြပဲ လုပ္လုပ္ ဖန္တီးမႈစြမ္းရည္တက္ဖို႔ အမ်ားနဲ႔ ဦးေႏွာက္ခ်င္းမီးကူးတဲ့ Brainstorm အေလ့လုပ္ပါ။ တစ္ေယာက္ကိုတစ္ေယာက္ အျပစ္‌ေတြ လႊဲခ်တတ္တဲ့ Blame-Storm မလုပ္ပါနဲ႔။ ဘယ္ေတာ့ျဖစ္ျဖစ္ ဘယ္သူ႔ကိုျဖစ္ျဖစ္ ပူးေပါင္းၿပီး အေကာင္းဆုံးေတြ ေဖာ္ထုတ္ဖို႔ပဲ စဥ္းစားပါ။ အျပစ္တင္မႈရပ္စဲျခင္းလုပ္မယ္လို႔သာ ေတြးထားပါ။

(၄) တစ္ခုခ်င္းစီပဲ လုပ္ေနပါ။ ဟိုဟာဒီဟာ အကုန္ထဲ မပါပါနဲ႔

 

 

ကိုယ့္ရဲ႕ အရည္အခ်င္း ၊ စ႐ိုက္ ၊ ဝါသနာနဲ႔ အကိုက္ညီဆုံး ကိစၥကိုပဲ လုပ္ပါ။ အားလုံးကို သိမ္းႀကဳံးလုပ္ဖို႔ မစဥ္းစားပါနဲ႔။ Pareto Principle စည္းမ်ဥ္းဆိုတာ ရွိပါတယ္။ ကိုယ့္မွာ လုပ္စရာ ၁၀ ခုရွိရင္ ကိုယ့္ရလဒ္ရဲ႕ ၈၀% ဟာ ကိုယ့္အားထုတ္မႈရဲ႕ ၂၀% က လာတာလို႔ ဆိုပါတယ္။
ဒီေတာ့ အေကာင္းဆုံးလုပ္ႏိုင္မယ့္ အရာ၂ ခုကို အရင္ဆုံး ၿပီးေအာင္လုပ္။ ဒါဆို က်န္တာေတြ လုပ္ရတာလြယ္သြားမွာ ျဖစ္သလို အခ်ိန္နဲ႔ စြမ္အင္ပိုင္းလည္း အထိေရာက္ဆုံး သုံးၿပီးသား ျဖစ္သြားမွာပါ။ ဒါေၾကာင့္ Do Somethine , Not Everything လို႔သာ ကိုယ့္ကိုယ္ကိုယ္ သတိေပးထားသင့္ပါတယ္။

Credit: Original Writer
Sharing By: #Believe In yourself

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *