success

ပိုပြီးအောင်မြင်လာစေမယ့် နည်းလမ်းကောင်းများ

အောင်မြင်ချင်တယ်ဆိုရင်တော့ အောင်မြင်စေမယ့်နည်းလမ်းတွေကို သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ ဉာဏ်ကောင်းရုံ ပြဿနာတွေကို ဖြေရှင်းနိုင်ရုံနဲ့ အောင်မြင်မှုကို မရနိုင်သေးပါဘူး။ ကိုယ့်ဆီမှာရှိတဲ့ အစွမ်းအစတွေ ပြီးတော့ ဘဝမှာဖြစ်ပျက်နေတာတွေ အားလုံးကို သေချာစွာ စီမံခန့်ခွဲတက်ဖို့လိုပါတယ်။

တခြားလူတွေရဲ့ ယုံကြည်မှုရယူပါ

 

ယုံကြည်မှု တည်ဆောက်ဖို့က မလွယ်ပါဘူး။ ဒါပေမယ့် တခြားလူတွေရဲ့ ယုံကြည်မှုရ ထားရင် စီးပွားရေးနယ်ပယ်မှာသာမက လူမှုရေးနယ်ပယ်တွေမှာလည်း အဆင်ပြေချောမွေ့စေပါတယ်။ တစ်စုံတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပေးခြင်းဖြင့် ယုံကြည်မှုတည်ဆောက်လို့ရပါတယ်။ အလုပ်ထဲမှာ ဖြစ်ဖြစ်၊ အင်တာဗျူးမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကို အသုံးပြုလို့ရပါတယ်။

ဒါပေမယ့် တခုသတိထားရမှာက တခြားလူရဲ့ နာမည်ကို ထပ်ခါတလဲလဲ မခေါ်ဖို့ပါပဲ။ ဒီလိုလုပ်ခြင်းက သူတို့ကို သက်တောင့်သက်သာ မဖြစ်စေပါဘူး။ သူ့တို့နာမည်ကို သင်မှတ်မိကြောင်းနဲ့ သင်က ယုံကြည်လို့ရတဲ့သူဆိုတာကို သူတို့သိသွားရင်ရပါပြီ။

ဦးနှောက်စွမ်းဆောင်ရည် မြှင့်မားလာအောင်လုပ်ပါ

 

လေ့လာမှုတွေအရ ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းဟာ ဦးနှောက်စွမ်းရည်လျှော့ကျမှုကို (၅) နှစ်ခန့်အထိ နှောင့်နှေးစေတယ်လို့ပြောထားပါတယ်။ ဘာသာ စကားအသစ်တစ်ခု သင်ယူခြင်းဖြင့် သင့်ရဲ့မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးနိုင်သလို အာရုံစူးစိုက်နိုင်စွမ်း၊ နားထောင်နိုင်စွမ်းနဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းတွေ တိုးမြှင့်ပေးနိုင်ပါတယ်။

အကောင်းမြင်စိတ်ရှိပါစေ

 

ကျေးဇူးတင်စကားပြောတာ ပြီးတော့ ကျေးဇူးတင်ထိုက်သူတွေရဲ့ စာရင်းကို လုပ်ထားခြင်းဟာ သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုလို့လန်းဆန်းလာစေပြီး အကောင်းမြင်တတ်လာစေပါတယ်။ အကယ်၍ သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူတွေ ဝန်းရံနေစေချင်တယ်ဆိုရင် သင်ကိုယ်တိုင်က ကျေးဇူးတင်တတ်ခြင်းကနေ စတင်ဖို့လိုပါမယ်။

မနက်မိုးလင်းတာနဲ့ လောကကြီးမှာ ကျေးဇူးတင်ထိုက်တဲ့ အရာ (၁၀) ခုအကြောင်း စာရင်းလုပ်ပါ။ ဒီလိုလုပ်ခြင်းဖြင့် အကောင်းမြင်စိတ်ကို မွေးမြူလို့ရပါတယ်။

အငြင်းအခုံတိုင်းမှာ အနိုင်ယူပါ

 

အချေအတင် စကားများတိုင်း အနိုင်ရနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် နောက်တစ်ခါ အကြောင်းတစ်စုံတစ်ရာကြောင့် အငြင်းအခုံဖြစ်ရပြီဆိုရင် သူတို့ကို မေးခွန်းထုတ်ပြီး ပြန်လည်ဖြေရှင်းခိုင်းလိုက်ပါ။

အချက်အလက်တွေကို မတူညီတဲ့နည်းလမ်းကနေ ပြန်တွေးခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းက ပဋိပက္ခတွေကို လျော့နည်းလာစေပြီး အကြောင်းအရာအားလုံးကို သင့်ထိန်းချုပ်မှုအောက် ရောက်လာစေပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

Zawgyi

ေအာင္ျမင္ခ်င္တယ္ဆိုရင္ေတာ့ ေအာင္ျမင္ေစမယ့္နည္းလမ္းေတြကို သိရွိနားလည္ထားဖို႔လိုအပ္ပါတယ္။ ဉာဏ္ေကာင္း႐ုံ ျပႆနာေတြကို ေျဖရွင္းႏိုင္႐ုံနဲ႔ ေအာင္ျမင္မႈကို မရႏိုင္ေသးပါဘူး။ ကိုယ့္ဆီမွာရွိတဲ့ အစြမ္းအစေတြ ၿပီးေတာ့ ဘဝမွာျဖစ္ပ်က္ေနတာေတြ အားလုံးကို ေသခ်ာစြာ စီမံခန႔္ခြဲတက္ဖို႔လိုပါတယ္။ ဒီေန႔ kwee page က ပရိသတ္ေတြအတြက္ ပိုၿပီးေအာင္ျမင္ေစမယ့္ နည္းလမ္းတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

တျခားလူေတြရဲ႕ ယုံၾကည္မႈရယူပါ

 

 

ယုံၾကည္မႈ တည္ေဆာက္ဖို႔က မလြယ္ပါဘူး။ ဒါေပမယ့္ တျခားလူေတြရဲ႕ ယုံၾကည္မႈရ ထားရင္ စီးပြားေရးနယ္ပယ္မွာသာမက လူမႈေရးနယ္ပယ္ေတြမွာလည္း အဆင္ေျပေခ်ာေမြ႕ေစပါတယ္။ တစ္စုံတစ္ေယာက္ရဲ႕ နာမည္ကိုေခၚေပးျခင္းျဖင့္ ယုံၾကည္မႈတည္ေဆာက္လို႔ရပါတယ္။ အလုပ္ထဲမွာ ျဖစ္ျဖစ္၊ အင္တာဗ်ဴးမွာပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္ ဒီနည္းလမ္းေလးကို အသုံးျပဳလို႔ရပါတယ္။

ဒါေပမယ့္ တခုသတိထားရမွာက တျခားလူရဲ႕ နာမည္ကို ထပ္ခါတလဲလဲ မေခၚဖို႔ပါပဲ။ ဒီလိုလုပ္ျခင္းက သူတို႔ကို သက္ေတာင့္သက္သာ မျဖစ္ေစပါဘူး။ သူ႔တို႔နာမည္ကို သင္မွတ္မိေၾကာင္းနဲ႔ သင္က ယုံၾကည္လို႔ရတဲ့သူဆိုတာကို သူတို႔သိသြားရင္ရပါၿပီ။

ဦးေႏွာက္စြမ္းေဆာင္ရည္ ျမႇင့္မားလာေအာင္လုပ္ပါ

 

 

ေလ့လာမႈေတြအရ ဘာသာစကားအသစ္တစ္ခုကို သင္ယူျခင္းဟာ ဦးေႏွာက္စြမ္းရည္ေလွ်ာ့က်မႈကို (၅) ႏွစ္ခန႔္အထိ ေႏွာင့္ေႏွးေစတယ္လို႔ေျပာထားပါတယ္။ ဘာသာ စကားအသစ္တစ္ခု သင္ယူျခင္းျဖင့္ သင့္ရဲ႕မွတ္ဉာဏ္စြမ္းအားကို ျမႇင့္တင္ေပးႏိုင္သလို အာ႐ုံစူးစိုက္ႏိုင္စြမ္း၊ နားေထာင္ႏိုင္စြမ္းနဲ႔ ဦးေႏွာက္အလုပ္လုပ္ႏိုင္စြမ္းေတြ တိုးျမႇင့္ေပးႏိုင္ပါတယ္။

အေကာင္းျမင္စိတ္ရွိပါေစ

 

 

ေက်းဇူးတင္စကားေျပာတာ ၿပီးေတာ့ ေက်းဇူးတင္ထိုက္သူေတြရဲ႕ စာရင္းကို လုပ္ထားျခင္းဟာ သင့္ရဲ႕စိတ္ခံစားခ်က္ေတြကို ပိုလို႔လန္းဆန္းလာေစၿပီး အေကာင္းျမင္တတ္လာေစပါတယ္။ အကယ္၍ သင့္ပတ္ဝန္းက်င္မွာ အေကာင္းျမင္စိတ္ရွိသူေတြ ဝန္းရံေနေစခ်င္တယ္ဆိုရင္ သင္ကိုယ္တိုင္က ေက်းဇူးတင္တတ္ျခင္းကေန စတင္ဖို႔လိုပါမယ္။

မနက္မိုးလင္းတာနဲ႔ ေလာကႀကီးမွာ ေက်းဇူးတင္ထိုက္တဲ့ အရာ (၁၀) ခုအေၾကာင္း စာရင္းလုပ္ပါ။ ဒီလိုလုပ္ျခင္းျဖင့္ အေကာင္းျမင္စိတ္ကို ေမြးျမဴလို႔ရပါတယ္။

အျငင္းအခုံတိုင္းမွာ အႏိုင္ယူပါ

 

 

အေခ်အတင္ စကားမ်ားတိုင္း အႏိုင္ရႏိုင္ဖို႔ မလြယ္ကူပါဘူး။ ဒါေပမယ့္ ေနာက္တစ္ခါ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ အျငင္းအခုံျဖစ္ရၿပီဆိုရင္ သူတို႔ကို ေမးခြန္းထုတ္ၿပီး ျပန္လည္ေျဖရွင္းခိုင္းလိုက္ပါ။

အခ်က္အလက္ေတြကို မတူညီတဲ့နည္းလမ္းကေန ျပန္ေတြးခိုင္းပါ။ ဒီလိုျပဳလုပ္ျခင္းက ပဋိပကၡေတြကို ေလ်ာ့နည္းလာေစၿပီး အေၾကာင္းအရာအားလုံးကို သင့္ထိန္းခ်ဳပ္မႈေအာက္ ေရာက္လာေစပါတယ္။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Comment