Tue. Oct 26th, 2021

လစာမြင့်တဲ့ အလုပ်ရဖို့သိထားသင့်တဲ့ အချက် (၅) ချက်

ကျွန်တော်တို့ရဲ့ တစ်နှစ်တာ အဓိဌာန်ထဲမှာ အကျင့်ဆိုးတွေ ပြင်ဖို့အပြင် ရည်မှန်းချက် အသစ်တွေအကောင်အထည် ပေါ်ဖို့ဆိုတာလည်းပါမှာပါ။ ဒီထဲမှာ ဘဝအာမခံချက် ကောင်းပြီး လစာမြင့်မားတဲ့ အလုပ်အကိုင်သစ် ရဖို့ဆိုတာလည်းပါဖို့များပါတယ်။

တကယ်တော့ လစာမြင့်တဲ့ အလုပ်ဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးအမြင့်နဲ့သူဌေးဆီ ငှားလိုက်တာ ဖြစ်ပါတယ်။ ဘောလုံးသမားတွေ အပြောင်းအရွှေ့သတင်းလိုပဲ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ဈေးပိုကြီးမယ့် တက်လှမ်းပိုရမယ့် နေရာသစ်တွေကို ရွှေ့နေဖို့လိုပါတယ်။ဒီလိုရွှေ့ဖို့အတွက် အခုပြောမယ့် အချက် ၅ ချက်က အရေးပါပါတယ်။

(၁) သင့်အတွက် အပြည့်စုံဆုံးဆိုတဲ့ အဓိပ္ဗါယ်ကို စဉ်းစားပါ

 

Perfect ဆိုတဲ့ စကားကို Best နဲ့ဖလှယ်လို့ရပါတယ်။ အကောင်းဆုံး အလုပ်အကိုင်ဆိုရာမှာ ကိုယ်အကြိုက်ဆုံး အလုပ်အကိုင်က ဘာလဲ။ ငြိမ်ငြိမ်လေးထိုင်ပြီး ဂဏန်းတွေနဲ့ကစား နေရတဲ့ စာရင်းကိုင်လိုလား ၊ လူတွေနဲ့ဆက်ဆံပြီး လူအများရှေ့ထွက်ရတဲ့ MC တစ်ယောက် ဖြစ်ချင်တာလား။ဒါနဲ့ဆက်စပ်နေတာက ကိုယ့်ရဲ့ Key Power နဲ့Passion ဖြစ်တဲ့ နယ်ပယ်ကရော ဘာလဲ။ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် ပုံစံတစ်ခုထဲ ဝင်လို့ရမလား။ စဉ်းစားပါ။

(၂) သင့်ရဲ့ ကွန်ရက်ကို တိုးချဲ့ပါ

 

ဆက်သွယ်ရေးတာဝါတိုင်တွေကို မြင်ဖူးကြတယ်မလား။ ကွန်ရက်ဖြန့်ကျက်တာ အားကောင်းလေလေ လိုင်းဆွဲအားကောင်းလေလေပါ။ ဒီလိုပဲ လူတွေအကြား အသိအကျွမ်းကွန်ရက်တွေ များလာပြီဆိုရင် အခွင့်အလမ်းတွေ ပိုများလာပါလိမ့်မယ်။

(၃) လက်ရှိနေရာကနေ အကောင်းဆုံးစွမ်းရည်တွေ ထုတ်ပြနေပါ

 

ကိုယ့်ကိုယ်ကို ကတိပြုပါ။ ငါ့ရဲ့ Performance ဟာ တစ်နေ့ထက် တစ်နေ့အတက်ပြ ဂရပ်ဖ်မျဉ်းတစ်ခုလို ဖြစ်ရမယ်ဆိုပြီး။ ဒီအတိုင်းတကယ် ကြိုးစားသွားရင် ခင်ဗျားရဲ့ ထက်မြက်မှူနဲ့အလားအလာကို ဘယ်သူမှ တားလို့ရမှာ မဟုတ်ပါဘူး။တကယ်လို့ကိုယ့်ရဲ့ Performance က ကောင်းသလောက် ဒီအလုပ်မှာလစာအမြင့်မရတော့ရော ဘာအရေးလဲ။ သင့်ကိုကြိုဆိုဖို့တစ်ခြားသူတွေ တံခါးဖွင့်ထားမှာပါ။ အရေးကြီးတာ ကိုယ်ဟာ ထိုက်တန်ကြောင်း သက် သေ ပြနေဖို့ပါပဲ။

(၅) သင့်ရဲ့ လူမှူကွန်ရက်အကောင့်တွေကို စစ်ကြည့်ပါ

 


လူမှူကွန်ရက်တွေမှာ ပေါက်ကရ ပိုစ့်တွေ တင်တာ ၊လူအထင်သေးခံရမယ့် Content တွေ ပြန် Share တာလုပ်တာဟာ ဒီဘက်ခေတ်မှာ Impression အောက်ပါတယ်။ ဟို Group ဒီ Group ပေါက်ကရတွေထဲ ဝင်ခဲ့တာတွေ ထွက်လိုက်ပါတော့။

Social Media ဟာကိုယ့်ရဲ့ Personal Branding ဖြစ်လာပါပြီ။ ဒီနေရာကနေ ကိုယ့်ပုံရိပ်ကို တည်ဆောက်ပါ။ သင့်ကို အလုပ်ခန့်မယ့်သူဟာ သူ့Profile ကိုလည်း စိတ်ဝင်စားနေမယ်ဆိုတာ သတိပြုသင့်ပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

zawgyi

 

လစာျမင့္တဲ့ အလုပ္ရဖို ့သိထားသင့္တဲ့ အခ်က္ (၅) ခ်က္

ကြ်န္ေတာ္တို ့ရဲ့ တစ္ႏွစ္တာ အဓိဌာန္ထဲမွာ အက်င့္ဆိုးေတြ ျပင္ဖို ့အျပင္ ရည္မွန္းခ်က္ အသစ္ေတြအေကာင္အထည္ ေပၚဖို ့ဆိုတာလည္းပါမွာပါ။ ဒီထဲမွာ ဘဝအာမခံခ်က္ ေကာင္းျပီး လစာျမင့္မားတဲ့ အလုပ္အကိုင္သစ္ ရဖို ့ဆိုတာလည္းပါဖို ့မ်ားပါတယ္။

တကယ္ေတာ့ လစာျမင့္တဲ့ အလုပ္ဆိုတာ ကိုယ့္ကိုယ္ကို တန္ဖိုးအျမင့္နဲ ့သူေဌးဆီ ငွားလိုက္တာ ျဖစ္ပါတယ္။ ေဘာလံုးသမားေတြ အေျပာင္းအေရႊ ့သတင္းလိုပဲ ကြ်န္ေတာ္တို ့ဟာ ကိုယ့္ကိုယ္ကို ေစ်းပိုႀကီးမယ့္ တက္လွမ္းပိုရမယ့္ ေနရာသစ္ေတြကို ေရႊ ့ေနဖို ့လိုပါတယ္။ဒီလိုေရႊ ့ဖို ့အတြက္ အခုေျပာမယ့္ အခ်က္ ၅ ခ်က္က အေရးပါပါတယ္။

(၁) သင့္အတြက္ အျပည့္စံုဆံုးဆိုတဲ့ အဓိပၺါယ္ကို စဥ္းစားပါ

 

Perfect ဆိုတဲ့ စကားကို Best နဲ ့ဖလွယ္လို ့ရပါတယ္။ အေကာင္းဆံုး အလုပ္အကိုင္ဆိုရာမွာ ကိုယ္အႀကိဳက္ဆံုး အလုပ္အကိုင္က ဘာလဲ။ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ဂဏန္းေတြနဲ ့ကစား ေနရတဲ့ စာရင္းကိုင္လိုလား ၊ လူေတြနဲ ့ဆက္ဆံၿပီး လူအမ်ားေရွ ့ထြက္ရတဲ့ MC တစ္ေယာက္ ျဖစ္ခ်င္တာလား။ဒါနဲ ့ဆက္စပ္ေနတာက ကိုယ့္ရဲ့ Key Power နဲ ့Passion ျဖစ္တဲ့ နယ္ပယ္ကေရာ ဘာလဲ။ ဝင္ေငြေကာင္းတဲ့ အလုပ္အကိုင္ ပံုစံတစ္ခုထဲ ဝင္လို ့ရမလား။ စဥ္းစားပါ။

(၂) သင့္ရဲ့ ကြန္ရက္ကို တိုးခ်ဲ ့ပါ

 

\

ဆက္သြယ္ေရးတာဝါတိုင္ေတြကို ျမင္ဖူးၾကတယ္မလား။ ကြန္ရက္ျဖန္ ့က်က္တာ အားေကာင္းေလေလ လိုင္းဆဲြအားေကာင္းေလေလပါ။ ဒီလိုပဲ လူေတြအၾကား အသိအကြ်မ္းကြန္ရက္ေတြ မ်ားလာၿပီဆိုရင္ အခြင့္အလမ္းေတြ ပိုမ်ားလာပါလိမ့္မယ္။

(၃) လက္ရိွေနရာကေန အေကာင္းဆံုးစြမ္းရည္ေတြ ထုတ္ျပေနပါ

 

 

ကိုယ့္ကိုယ္ကို ကတိျပဳပါ။ ငါ့ရဲ့ Performance ဟာ တစ္ေန ့ထက္ တစ္ေန ့အတက္ျပ ဂရပ္ဖ္မ်ဥ္းတစ္ခုလို ျဖစ္ရမယ္ဆိုၿပီး။ ဒီအတိုင္းတကယ္ ႀကိဳးစားသြားရင္ ခင္ဗ်ားရဲ့ ထက္ျမက္မႉနဲ ့အလားအလာကို ဘယ္သူမွ တားလို ့ရမွာ မဟုတ္ပါဘူး။တကယ္လို႔ကိုယ့္ရဲ့ Performance က ေကာင္းသေလာက္ ဒီအလုပ္မွာလစာအျမင့္မရေတာ့ေရာ ဘာအေရးလဲ။ သင့္ကိုႀကိဳဆိုဖို ့တစ္ျခားသူေတြ တံခါးဖြင့္ထားမွာပါ။ အေရးႀကီးတာ ကိုယ္ဟာ ထိုက္တန္ေၾကာင္း သက္ ေသ ျပေနဖို ့ပါပဲ။

(၅) သင့္ရဲ့ လူမႉကြန္ရက္အေကာင့္ေတြကို စစ္ၾကည့္ပါ

 

\
လူမႉကြန္ရက္ေတြမွာ ေပါက္ကရ ပိုစ္႔ေတြ တင္တာ ၊လူအထင္ေသးခံရမယ့္ Content ေတြ ျပန္ Share တာလုပ္တာဟာ ဒီဘက္ေခတ္မွာ Impression ေအာက္ပါတယ္။ ဟို Group ဒီ Group ေပါက္ကရေတြထဲ ဝင္ခဲ့တာေတြ ထြက္လိုက္ပါေတာ့။

Social Media ဟာကိုယ့္ရဲ့ Personal Branding ျဖစ္လာပါၿပီ။ ဒီေနရာကေန ကိုယ့္ပံုရိပ္ကို တည္ေဆာက္ပါ။ သင့္ကို အလုပ္ခန္ ့မယ့္သူဟာ သူ ့Profile ကိုလည္း စိတ္ဝင္စားေနမယ္ဆိုတာ သတိျပဳသင့္ပါတယ္။

 

Leave a Reply

Your email address will not be published. Required fields are marked *