Wed. Oct 27th, 2021

Automaticကားများအပေါ် မပြုလုပ်သင့်တဲ့ အချက် (၉)ချက်

Automaticကားတွေက ကားကိုအခုမှ စသင်အသုံးပြုမယ့်သူတွေအတွက်တော့ ကောင်းချီးတစ်ခုလိုပါပဲ။ လွယ်ကူတယ်။ မြန်တယ်
။ ထွေထွေထူးထူးသင်နေစရာမလိုအပ်ဘူး။ဒါပေမယ့် စနစ်တကျမှန်မှန်ကန်ကန်အသုံးပြုတတ်ဖို့တော့ လိုအပ်ပါတယ်နော်။

အသုံးပြုရတာ လွယ်ကူသလောက် အလွယ်တကူပဲ ပျက်စီးနိုင်ပါတယ်။ တခါတခါ repairပြုလုပ်ရလျှင်လည်း များစွာကုန်ကြတတ်ပါတယ်။ ဒါကြောင့် Automatic transmissionများအသုံးပြုတဲ့အခါ သတိထားသင့်တဲ့ အချက်များကို ဖော်ပြပေးသွားပါမယ်။

၁) ကားကို အသုံးမပြုသေးနဲ့ စက်နှိုးထားခြင်းကို ရှောင်ပါ။\

တခါတရံ ကားပေါ်ထိုင်နေရုံလောက်နဲ့တော့ ” drive” sectionတွင်ထား၍ ရပ်ထားခြင်းကို မပြုလုပ်သင့်ပါဘူး။ အပူလွန်ကဲခြင်းကြောင့် သင့်ကားကို ပျက်စီးစေနိုင်ပါတယ်။

 

၂) parking ဘရိတ်ကို အသုံးပြုပါ။

သင့်ကားကို ကောင်းကောင်းမွန်မွန်သာ အသုံးပြုရင် ‌သင့်ရဲ့ငွေကြေးကုန်ပေါက်လည်း နည်းသွားပါလိမ့်မယ်။ ပါကင်ဘရိတ်ကို အသုံးမပြုဘဲထားခြင်းက သင့်ကားမပေါ်ကောင်းမွန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။

(၃) တောင်ဆင်းတဲ့အချိန် ဂီယာကို မူလနေရာတွင် ထား၍အသုံးပြုခြင်း မပြုလုပ်သင့်ပါ။

သင်ကတော့ ဒါကြိ ဓာတ်ဆီစားသက်သာတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ လုံးဝမှားပါတယ်။ တောင်ဆင်းတဲ့ အချိန် ဂီယာကို မချိန်းဘဲအသုံးပြုခြင်းက ကားကို သင့်၏ထိန်းချုပ်မှုအောက်မှ လွတ်စေပြီး အန္တရယ်များစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၄) ကားကြပ်တဲ့အချိန် ၊မီးပွိုင့်စောင့်ရတဲ့ အချိန်တွေမှာလည်း ဂီယာကို ထိန်းထားပါ။

(၅) ကားစက်လုံးလုံးမရပ်သေးဘဲ Parking ထိုးခြင်းကိုရှောင်ပါ။

တချို့ကားတွေက သင့်ကိုဒါမျိုးလုပ်ဆောင်ခွင့်တောင် မပေးပါဘူး
ထိုကဲ့သို့ ပြုလုပ်ခြင်းက သင့်ကားရဲ့ စက်လည်ပတ်မှုအတွက် အသုံးပြုရတဲ့ locking pinလေး ပျက်စီးသွားနိုင်စေပါတယ်။ ဒါကြောင့် ပါကင်ထိုးတဲ့အချိန်မှာ စက်ရပ်တာကို စောင့်ပြီးမှ “‌park” sectionကိုရွေးချယ်ပေးပါ။

(၆) ကားစက်အတွင်းပိုင်းသို့ ရေမဝင်စေပါနဲ့။

(၇) ဓာတ်ဆီကို ကုန်တဲ့အထိ အသုံးမပြုပါနဲ့။

သင့်ကရဲ့ ဓာတ်ဆီကို အနည်းဆုံး ၄ပုံ ၁ပုံသာ အသုံးပြုသင့်ပါတယ်။ gauge (ဂိတ်) ကအမြဲမှန်မနေနိုင်တာကြောင့် သင်ခန့်မှန်းထားတာထက်ပိုစောပြီး ဆီကုန်သွားနိုင်တာကြောင့်ပါ။

(၈) ကားကိုအရင်ဆုံးရပ်ပြီးမှ လှည့်ပါ။

(၉) autoကားများမောင်းနှင်တဲ့အခါ ခြေထောက်တစ်ဖက်ထဲကိုပဲ အသုံးပြုပေးပါ။

အော်တိုမက်တစ်ကားများကို မောင်းနှင်တဲ့အခါ ခြေထောက်တစ်ဖက်ထဲကိုပဲ အသုံးပြုသင့်ပါတယ်။ တချို့က ခြေထောက်နှစ်ဖက်အသုံးပြုရတဲ့ ရိုးရ်ုးဂီယာနဲ့မောင်းနှင်ခြင်းကို အကျင့်ပါနေတတ်ပါတယ်။ အကယ်၍ သင်သာခြေထောက်နှစ်ဖက်ကို အသုံးပြုမယ်ဆိုလျှင် အရေးပေါ်အခြေအနေများတွင် ယောင်မှား၍ pedalနှစ်ခုလုံးကို နင်းမိသွားနိုင်ပါတယ်
ဒါကြောင့် ခြေခောက်တစ်ဖက်ကိုပဲ အသုံးပြုဖို့ လေ့ကျင့်ထားသင့်ပါတယ်။

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်

One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *