Wed. Oct 27th, 2021

သင်အချိန်ခဏပေးပြီး ကြည့်ရကျိုးနပ်စေမယ့် အဓိပ္ပာယ်ရှိတဲ့ ဓာတ်ပုံ (17) ပုံ

ဓာတ်ပုံ – စာလုံးနှစ်လုံးသာ ဆိုပေမယ့် အဓိပ္ပာယ်တွေ အများကြီးပါ။ သင့်ကိုပျော်ရွှင်အောင်လည်း လုပ်နိုင်သလို၊ ဝမ်းနည်းအောင်လည်း လုပ်နိုင်ပါတယ်။ အတိတ်ကိုလည်း ပြန်လည်ခေါ်ဆောင်သွားနိုင်သလို အနာဂတ်ကိုလည်း ခန့်မှန်းနိုင်ပါတယ်။ သင်မရောက်ဖူး၊ မမြင်ဖူး၊ နေတွေ့ဖူးသေးတဲ့ နေရာမှ အရာများကိုလည်း ပြသပေးနိုင်ပါတယ်။ ယခုဖော်ပြမယ့် ပုံ (17) ကို ခဏလောက်အချိန်ပေးပြီး ကြည့်လိုက်ပါ။ ကျွန်တော်ဘာကိုဆိုလိုချင်လည်းဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

1) လူတွေက ဒီရှဉ့်လေးနေတဲ့ သစ်ပင်ကို သူမရှိတုန်း ခုတ်သွားခဲ့တာကြောင့် သူအိမ်ပြန်လာခဲ့တဲ့အခါ အိမ်မတွေ့တော့လို့ ဘာတွေ ဘယ်လိုဖြစ်သွားလဲ စဉ်းစားနေတာပါ။

(2) ဒီခွေးလေးက ခွေး‌ေပါက်လေးတွေအတွက် သွေးလှူပေးတာ ပထမဆုံးအကြိမ်မို့ စိတ်လှုပ်ရှားနေတာကြောင့် သူရဲ့အကြိုက်ဆုံး အရုပ်လေးကိုပါ ဆေးရုံကို ယူဆောင်လာခဲ့ပါတယ်။

(3) သူမ မလာခဲ့ပါဘူး

(4) Israel တပ်မတော် သင်တန်းဆင်းပွဲမှ မြေးဖြစ်သူကို အလေးပြုနေတဲ့ အဖိုး

(5) ကကျော်ခဲ့တာ

(6) အဖိုးတစ်ယောက်ထဲ ညစာစားနေပေမယ့် အထီးမကျန်ပါဘူး။
သူ့အမျိုးသမီးလေး ဘေးမှာ ‌ရှိနေလို့

(6) အဖိုးကတစ်ယောက်ထဲ ညစာစားနေတာပါ သူ့အမျိုးသမီးဓာတ်ပုံကို ဘေးမှာချပြီးတော့

(7) တိရစ္ဆာန်ဆေးခန်းမှ မှတ်စုတစ်ခု

(😎 ခွေးလေအားငယ်နေတယ်ထင်လို့ သားသားကလာအားပေးတာပါ

 

(9) ကျွန်တော် သုံးနှစ်သားတုန်းက ခြေရာလေး အခုထိရှိတုန်း။

(10) နောက်ဆုံးအချိန်ထိ သူ ကျွန်တော့်ကို စောင့်နေခဲ့ပါတယ်။

(11) ရေဘူးတစ်ခုထဲမှာ ပလတ်စတစ်အိတ်ထည့်ထားတာဖြစ်ပြီး တခြားတစ်ဘူးထဲမှာတော့ ဂျယ်လီငါးလေးရှိပါတယ်။ သင်သာ လိပ်ဆို ဘယ်ဟာကို ရွေးစားမလဲ။

(12) အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံကြားက နယ်ခြားမျဉ်းတွင်တွေ့ရတဲ့ မက္ကဆီကိုနိုင်ငံသားတစ်ဦးရဲ့ အနုပညာ

(13) လမ်းလျှောက်ထွက်မယ်ဆိုပြီး ပိုင်ရှင်တွေရဲ့ စွန့်ပစ်မှုကို နှစ်ကြိမ်တိတိခံခဲ့ရတဲ့ ခွေးလေးက နောက်ထပ် ဘယ်သူ့ကိုမှ ယုံကြည်တော့မယ် မထင်ဘူး

(14) ဒုတိယကမ္ဘာစစ်တုန်းက ကျွန်တော့်အဖိုးနှစ်ယောက်လုံး ပါဝင်တိုက်ခိုက်ခဲ့ကြရပါတယ် ရန်သူအနေနဲ့

(15) ပျော်ရွှင်မှုဆိုတာ လက်တကမ်းမှာပါ။

(16) ဘာတွေပဲဖြစ်ဖြစ် အသက်ရှင်ဖို့တော့ ဆက်လက်လှုပ်ရှားနေကြရအုန်းမှာပဲ မလား။ (ဓာတ်ပုံထဲက အမျိုးသားက သူအိမ်ပြိုပြီးနောက်နေ့မှာ ဈေးဆက်လက်ရောင်းချခဲ့ပါတယ်။)

(17တောင်ကိုရီးယားနဲ့ မြောက်ကိုရီယား နှစ်နိုင်ငံ ခဏတာပြန်လည်ပူးပေါင်းမှုပြီးဆုံးတော့ အပြီးတိုင်ခွဲခွာရတော့မယ့် သူငယ်ချင်နှစ်ယောက်။

ဖော်ပြခဲ့တဲ့ ဓာတ်ပုံထဲက အချို့ကြောင့် သသ်စိတ်မကောင်းဖြစ်မိပေမယ့် အချို့တဝက်ကြောင့်တော့ ပြုံးမိခဲ့တယ် ထင်ပါရဲ့။
ဓာတ်ပုံတစ်ပုံစီတိုင်းမှာ သူ့ဇာတ်လမ်းနဲ့သူရှိပါတယ်။ ဘယ်ပုံကြောင့် ဘယ်လိုခံစားရမိတယ်ဆိုတာကိုလည်း commentမှာ ဝင်ရောက်ဆွေးနွေးသွားကြပါအုန်းနော်။

 

Leave a Reply

Your email address will not be published. Required fields are marked *