Tue. Oct 26th, 2021

ဝင်ငွေ တိုးတက်လာစေမယ့် နည်းလမ်း (၄) မျိုး

လက်ရှိလစာက ဝင်ငွေထွက်ငွေမမျှ ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ ဝင်ငွေကို တိုးတက်ဖို့နည်းလမ်းတွေ စဉ်းစားရမယ့် အချိန်လို့ဆိုရမှာပါ။ ဝင်ငွေတိုးလာဖို့နည်းလမ်းရှာနေသူတွေအတွက် စဉ်းစားလို့ရမယ့် အချက် ၄ ချက် ပြောပြချင်ပါတယ်။

(၁) လစာတိုးတောင်းခြင်း

 

လုပ်ခလစာဟာ လုပ်အားနဲ့မမျှဖြစ်နေပြီ ၊ ကိုယ့်မှာ နောက်ထပ် တာဝန်တွေ ပိုပြီး ယူနိုင်တယ်လို့ယုံကြည်နေတယ်ဆိုရင် ကုမ္ပဏီကို လစာတိုးတောင်းပါ။ အပြင်တစ်ခြား အလုပ်ကို ပြောင်းဖို့မလုပ်ခင် ကိုယ့် HR ၊ သူဌေးတို့နဲ့ညှိပါ။ ကိုယ်လုပ်နိုင်တဲ့ တာဝန်သစ်တွေကို ပြောပြပြီး ဒီအတွက်ထိုက်တန်တဲ့ လစာတောင်းသင့်ပါတယ်။

သဘောတရားအရတော့ အလုပ်တစ်ခုမှာ လုပ်သက်ရင့်ပြီး ကျွမ်းကျင်သူတွေဟာ ၆ လတစ်ကြိမ် လစာတိုးတောင်းဖို့အခွင့်အရေးရှိကြပါတယ်။ တကယ်လို့အလုပ်က အချိန်ပိုင်းဖြစ် နေတယ် ၊ ကိုယ်ကလည်း ဒီထက် နာရီတွေ ပိုလုပ်နိုင်တယ်ဆိုရင် သူဌေးနဲ့ညှိပြီး လုပ်အားနဲ့တန်တဲ့ လစာ တောင်းကြည့်ဖို့အကြံပြုချင်ပါတယ်။

(၂) လုပ်ရည်ကိုင်ရည် အရင်းပြုခြင်း

ကုမ္ပဏီငယ်လေးတွေမှာတော့ ရာထူးတိုးဖို့၊ လစာတိုးဖို့ဆိုတာ နည်းနည်းခက်ပါတယ်။ ကိုယ်ကတကယ် အလုပ်အကိုင် ကျွမ်းကျင်မှု ရှိတယ် ၊ အများကြီးလည်း လုပ်နိုင်ကိုင်နိုင်တယ်ဆိုရင်ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကို အရင်းအနှီးလို သဘောထားပြီး လစာမြင့်တဲ့ အလုပ်ကို သွားနိုင်ပါတယ်။

(၃) ရင်းနှီးမြှပ်နှံခြင်း

 

ဝင်ငွေတိုးဖို့နောက်ထပ် ကြိုးစားသင့်တဲ့အချက်က ရင်းနှီးမြှပ်နှံမှု သေးသေးလေးတွေ လုပ်တာပါပဲ။ တစ်ချို့သူတွေက အိမ်ခြံမြေ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံပြီး တစ်ချို့တွေက စတော့လို ရှယ်ယာတွေမှာ ရင်းနှီးမြှပ်နှံကြပါတယ်။ ရင်းနှီးမြှပ်နှံမယ်ဆိုရင်တော့ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေနဲ့သေချာ စကားပြောပြီးမှ ရင်းနှီးမြှပ်နှံသင့်ပါတယ်။

(၄) အပြင်အလုပ်လုပ်ခြင်း

 

ကိုယ့်ရဲ့ တတ်ကျွမ်းမှုကို သုံးပြီး အလုပ်ခွင်ပြင်ပမှာ တစ်ခြားအလုပ်ကလေးတွေ လုပ်ပြီး ငွေရှာနိုင်ပါတယ်။ ဥပမာ- ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် သူ့ကုမ္ပဏီမှာလည်း ဒီဇိုင်းဆွဲတယ် ၊ အပြင်မှာလည်း Freelance လုပ်တယ်ဆိုတာမျိုးဟာ ဝင်ငွေတိုးစေတဲ့ နည်းလမ်းတွေပါပဲ။ နောက်ဆုံး အဝတ်အစား ၊ ဖက်ရှင်နဲ့အလှဆင် လက်ဆောင်ပစ္စည်းလေးတွေကို အွန်လိုင်းမှာ ရောင်းတာမျိုး လုပ်ပြီးလည်း ငွေရှာနိုင်ပါတယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

 

Leave a Reply

Your email address will not be published. Required fields are marked *