Tue. Oct 26th, 2021

အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာစေမယ့် အလေ့အထများ

ကမ္ဘာပေါ်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါင်း သန်း ၄၀၀ လောက် ရှိတယ်လို့ဆိုပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ဆိုတာကတော့ စနစ်တကျတည်ဆောက်ရတာ ဖြစ်ပြီး အခုပြောမယ့် အလေ့အကျင့်တွေလည်း ရှိထားဖို့လိုပါတယ်။

(၁) အခက်ဆုံးအရာကို အရင်ရှင်းပါ

 

ဦးစားပေးဖြေရှင်းရမယ့် အရာကို အရင်ဆုံးလုပ်မယ်လို့စီစဉ်တာဟာ စွန့်ဦးတီထွင်သူတွေရဲ့ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ အရေးကြီးတဲ့ အလုပ်တွေကို ဟိုရွှေ့ဒီရွှေ့မရွှေ့ဖြစ်တော့တာကြောင့် အလုပ်လည်း ပိုတွင်ပါတယ်။ အချိန်ကို စီမံခြင်းရဲ့ ၉၀% ဟာ အစီအစဉ်ကောင်းကောင်း ရှိခြင်းဖြစ်ပါတယ်။

အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အထိ စည်းစနစ်ရှိတဲ့ အစီအစဉ်တစ်ရပ်လိုပါတယ်။ဒါမှသာ ကိုယ့်ရဲ့ အလုပ်နဲ့ဘဝကို ဟန်ချက်ညီညီ ထိန်းကျောင်းကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

(၂) အရံှူးကနေ ရုန်းထပါ

 

Entrepreneurs တိုင်းဟာ မိုးကျရွှေကိုယ်တွေ မဟုတ်ပါဘူး။ များသောအားဖြင့် ပထမဆုံး လုပ်တဲ့ စီးပွားရေး ၅ ခုမှာ တစ်ခုတော့ အနည်းဆုံး အရံှူးပေါ်ကြတာပါပဲ။ မအောင်မြင်ခင်ကဆိုရင် ကမ္ဘာကျော် ဖိုဒ့်ကားကုမ္ဗဏီတည်ထောင်ခဲ့တဲ့ ဟင်နရီဖို့ဟာ သုံးကြိမ် စီးပွားပျက်သလို ကိုကာကိုလာကုမ္ဗဏီလည်း ပထမဆုံးနှစ်မှာ ဒေါ်လာ ၂၀၀ ဖိုးပဲ ရောင်းချနိုင်ခဲ့ပါတယ်။

အရေးကြီးတာက အရံှူးကိုတွေးမကြောက်ဖို့နဲ့ရံှူးနိမ့်မှူကနေ အောင်မြင်ခြင်းဆီ ကိုယ့်ကိုယ်ကို ဆက်သွားအောင် တွန်းနေဖို့လိုပါတယ်။

(၃) လူတော်တွေနဲ့ပေါင်းပါ

 

အောင်မြင်တဲ့ လုပ်ငန်းရှင်တွေဟာ သူတို့ထက် ဝါရင့်သမ္ဘာရင့်ပြီး အသိပညာ ၊ အတတ်ပညာကြွယ်ဝသူတွေနဲ့ဆွေးနွေး ပြောဆိုမှူတွေ လုပ်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့သိချင်တဲ့ စီးပွားရေးပုံစံတွေ လမ်းကြောင်းတွေကို ချပြနိုင်တဲ့ သူတွေကို အနားမှာ ထားပါတယ်။

သူတို့ဘေးမှာ လူတော်တွေ ရှိတော့ သူကိုယ်တိုင်ပါ အတွေးအမြင်တွေ ပြောင်းလဲ တိုးတက်လာပါတယ်။ ဒီအရည်အသွေးတွေနဲ့ပဲ သူ့ရဲ့ လုပ်ငန်းကို တိုးတက်အေင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မြင်လာပါတယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

 

လွယ်လွယ်လေး ပြောရရင် အောင်မြင်တယ်ဆိုတာ ပိုက်ဆံများများ ရတာကိုပဲ ပြောတာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ဘဝဟာ ပြန်တွေးကြည့်ရင် ကျေနပ်စရာ။ အခုလက်ရှိလည်း လူ့အသိုင်းအဝိုင်းအတွက် တကယ့်ကို အရေးပါတဲ့လူ ၊ ကျန်းမာရေးကောင်းတယ်။ နေမှူဘဝမှာ ပျော်နေတယ်။ ဒါမျိုးမှ အောင်မြင်မှူဟာ ရသစုံမှာပါ။

ဒါကြောင့်ပဲ ငွေလည်း ရှာလည်း ကိုယ်ကာယနဲ့စိတ်နေစိတ်ထားကို အမြင့်ရောက်အောင် စောင့်ရှောက်ပြုပြင်နေဖို့အကြံပြုချင်ပါတယ်။ Gym သွားပြီး ပုံမှန် Workout လုပ်ပါ။ တရားထိုင်ပြီး စိတ်အေးချမ်းမှူ ရှာပါ။ လောကဓံ အတက်အကျနဲ့ကြုံလာချိန်မှာ ဒီအလေ့အထကောင်းတွေဟာ အများကြီး အထောက်အကူပြုပါလိမ့်မယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

 

Leave a Reply

Your email address will not be published. Required fields are marked *