Wed. Oct 27th, 2021

ငွေကြေးဆိုင်ရာပြဿနာများမရှိစေဖို့ လုပ်ဆောင်သင့်တဲ့ ဆောင်ရန်ရှောင်ရန်များ

လူတိုင်းလူတိုင်း ချမ်းသာတဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်ကြပါတယ်။ဒါပေမယ့်တော်တော်များများဘာလို့ မချမ်းသာသေးတာလဲ။ တစ်လတစ်လရတဲ့ငွေဝင်တဲ့ထွက်ငွေ မမျှတရတာဘာကြောင့်လဲ။အဖြေကတော့ လွဲမှားနေတဲ့ ငွေးကြေးဆိုင်ရာအမှားတွေရှိနေလို့ပါပဲ။ဒီနေ့မှာတော့ ငွေကြေးဆိုင်ရာပြဿနာများမရှိစေဖို့ လုပ်ဆောင်သင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကိုပြောပြပေးချင်ပါတယ်။

(၁) ခိုင်မာတဲ့ ဝင်ငွေတစ်ခုရှိပါစေ

 

လစဉ်ပုံမှန်ဝင်ငွေလမ်းကြောင်တစ်ခုရှိဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ကိုယ်မှာ ပုံမှန်ဝင်ငွေရှိမှလည်း ကိုယ်ရဲ့လစာနဲ့ ပတ်သတ်ပြီး ဘယ်လောက်သုံးမယ်ဘယ်လိုစုမယ်ဆိုတာ စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပုံမှန်ဝင်ငွေရတဲ့အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ဆောင်ပါ။

(၂) အကြွေးကင်းပါစေ

 

အကြွေးဆိုတာက လွယ်လွယ်ပြောရရင်အဆိပ်သီးပါပဲ။အကြွေးယူပြီးသုံးလိုက်တဲ့အချိန်မှာတော့ ပျော်စရာကောင်းပေမယ့် သတ်မှတ်ထားတဲ့နေ့ကျရင် သေချာပေါက်ကိုပြန်ဆပ်ရမယ့်ငွေတွေဖြစ်ပါတယ်။ အကြွေးယူတယ်ဆိုတာကိုယ်ရဲ့လုပ်အားခ ဝင်ငွေမဟုတ်တဲ့အတွက် သုံးရတာလည်း Feeling မကောင်းပါဘူး။ဒါကြောင့်တက်နိုင်ရင် အကြွေးမယူမိပါစေနဲ့။ အကြွေးရှိတယ်ဆိုရင်လည်း ကြေအောင်ဆပ်ပါ။

(၃) ရင်းနှီးမြုပ်နှံတက်ပါစေ

 

ချမ်းသာနေတဲ့သူတွေဟာ ငွေစုဆောင်းတာထက် ရင်းနှီးမြုပ်နှံရတာကို ပိုပြီး သဘောကျသူတွေဖြစ်ပါတယ်။အကယ်၍ကိုယ်က စီးပွားရေးမှာသိပ်မကျွမ်းကျင်ဘူးဆိုရင် အိမ်ခြံမြေဖြစ်ဖြစ်ဝယ်ယူပြီးရင်းနှီးမြုပ်နှံထားလို့ရပါတယ်။အိမ်ခြံမြေဈေးက ရွေထက်ပိုပြီး တန်ဖိုးရှိပါတယ်။။နှစ်တွေကြာလေ တန်ဖိုးမြင့်လေဖြစ်တာကြောင့် တခြားစီးပွားရေးမလုပ်ချင်ရင်တောင် အိမ်ခြံမြေဝယ်ပြီးရင်းနှီးမြုပ်နှံပါ။

(၄) ငွေစုဆောင်းတက်ပါစေ

 

မိမိရဲ့ တစ်လဝင်ငွေကို ဘယ်လောက်သုံးမယ် ဘယ်လောက်ကတော့ စုမယ်ဆိုပြီး အစီစဉ်ချသင့်ပါတယ်။အနည်းဆုံး လစာငွေကို သုံးပုံတစ်ပုံ ပုံပြီး တစ်ပုံကိုစုမယ် ကျန်တဲ့နှစ်ပုံကိုသုံးမယ်ဆိုပြီး ခွဲခြားထားပါ။ငွေစုဆောင်ထားခြင်းဖြင့် အရေးပေါ်ငွေသုံးစရာကြုံလာတဲ့အခါတိုင်းမှာလည်း အဆင်ပြေသလို မိမိအတွက်အားတစ်ခုလည်းဖြစ်စေပါတယ်။

(၅) သုံးတာနဲ့ ဖြုန်းတာခွဲခြားတက်ပါစေ

 

သုံးတာနဲ့ ဖြုန်းတာက တူတယ်လို့ ထင်ရပေမယ့် တကယ်သေချာဆန်းစစ်ကြည့်ရင်လုံးဝကွဲပြားပါတယ်။သုံးတာက ကိုယ့်အတွက်တကယ်လိုအပ်တဲ့ အရာတစ်ခုကို ဝယ်ယူတာဖြစ်ပြီး ဖြုန်းတာကတော့ ကိုယ်အတွက်တကယ်လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ့်။ ဒါပေမယ့် ကိုယ့်စိတ်ဆန္ဒတစ်ခုကြောင့် သုံးလိုက်တာမျိုးဖြစ်ပါတယ်။ဒါကြောင့် သုံးတာနဲ့ ဖြုန်းတာကိုခွဲခြားသိမြင်ရင် ငွေကြေးဆိုင်ရာပြဿနာတွေက အတော်အတန်ရုန်းထွက်နိုင်ပါလိမ့်မယ်။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Reply

Your email address will not be published. Required fields are marked *