Wed. Oct 27th, 2021

ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုပဲဘာလို့ရွေးသင့်သလဲ

လူတစ်ယောက်ရဲ့ ဘဝအခြေအနေကို ပြန်ဆန်းစစ်ဖို့ကိုယ့်ကိုယ်ကို မေးလို့ရတဲ့ မေးခွန်းရှိပါတယ်။ အဲ့ဒါကတော့ “ဘာလုပ်ချင်တာလဲ” ဆိုတာပါပဲ။ ဒီမေးခွန်းဟာကိုယ့်ဘဝကို ပုံဖော် နေချိန်မှာ အများကြီး စကားပြောပါတယ်။

ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်မျိုးကို ရွေးပြီး စိုက်လိုက်မတ်တပ် ကြိုးစားခဲ့သူတွေပဲ စင်ပေါ်မှာ ကျွန်တော်တို့တွေ့ခဲ့ကြပြီးပါပြီ။ ဘဝမှာကိုယ်လုပ်ချင်တာကို နားလည်ခြင်းဟာ ဘာကြောင့် အရေးကြီးသလဲဆိုတာကို အကြောင်းပြချက် (၅) ခုနဲ့ပြောလို့ရပါတယ် ။

(၁) အနာဂါတ် ရေရှည်ပန်းတိုင်တွေ ချမှတ်နိုင်မယ်

 

ဘဝတစ်ခုလုံး သွားမယ့် ပန်းတိုင်တစ်ခု ရှိတဲ့သူဟာ အနာဂါတ်ကို သစ္စာရှိသူ ၊ လက်ရှိဘဝကို မြှင့်တင်နေသူ ဖြစ်ပါတယ်။ သူ့ဘဝဟာ လမ်းပြမြေပုံရှိတဲ့ ၊ ခရီးဆုံး ပန်းတိုင်တစ်ခုရှိတဲ့ မျှော်လင့်ရင်ခုန်စရာ ဘဝဖြစ်ပါတယ်။ နေ့တိုင်း သူရှင်သန်နေခြင်းဟာ အဓိပ္ပါယ်တွေနဲ့ပြည့် နေပါတယ်။

(၂) စိတ်ရှုပ်ထွေးမှုတွေလည်း ခါချနိုင်ပါတယ်

 

ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်ခွင့်ရသူအတွက် စိတ်ညစ်စရာ ၊ စိတ်ပျက်စရာဆိုတာ ထင်သလောက် မဆိုးပါဘူး။ အခိုက်အတန့်အားဖြင့် သူ့မှာလည်း ထွက်ပြေးချင်လောက်အောင် စိတ်ကုန်ခဲ့တာတွေ ရှိရင်ရှိပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့အကောင်အထည်ဖော်လိုစိတ်ဟာ သူ့ကို မကောင်းတဲ့ အမြင်နဲ့အခြေအနေကနေ ဆွဲထုတ်ပေးနိုင်ပါတယ်။

(၃) ပိုပြီးလည်း ပျော်ရွှင်လာမယ်

 

ကိုယ်လုပ်နေတဲ့ အလုပ်မှာ မပျော်တဲ့သူတွေဟာ ကိုယ်တကယ်လုပ်ချင်တဲ့အလုပ်ကို မလုပ်ရလို့ပါ။ တစ်ချို့လူတွေဟာ ဝင်ငွေကောင်းဖို့တစ်ခုတည်း ကြည့်ပြီး ကိုယ်တကယ်ချစ်မြတ်နိုးတဲ့ အလုပ်ကို စွန့်ခွာရာကနေ ဘဝကို ငြီးငွေ့လာတတ်ပါတယ်။ တစ်ခါတစ်လေမှာ လုပ်သင့်တဲ့ အရာတစ်ခုကို လုပ်လိုက်လို့ဘဝတစ်ခုလုံး နောင်တကင်းကင်း ပျော်ရွှင်ချမ်းမြေ့စွာနဲ့အဆုံးသတ်ရတဲ့သူတွေလည်း မရှိဘူး မဟုတ် ရှိပါတယ်။

ဒါပေမယ့်လည်း ဘဝမှာ ကိုယ်တကယ်လုပ်ချင်တာကို လုပ်ရင်း ၊ ဒီအလုပ်ကနေ ရတဲ့ ပီတိနဲ့ကိုယ့်စွမ်းရည်ကို အပြည့်အဝ ထုတ်သုံးနိုင်ခြင်းဆိုတဲ့ ကြည်နူးမှု ရသကိုတော့ သူတို့ရဖို့မလွယ်ပါဘူး

(၄) မပင်မပန်းလုပ်နိုင်တယ်

 

ကိုယ်တကယ် လုပ်ချင်တာများ လုပ်ရပြီဆိုရင် လူတွေဟာ မောရကောင်းမှန်း မသိ ပန်းရကောင်းမှန်းလည်း မသိတော့ပါဘူး။ ဘဝမှာလည်း ပန်းတိုင်ငယ်လေးတွေနဲ့သူ့မှာ အစီအစဉ်တွေ ရှိထားတော့ ကိုယ်မျှော်မှန်းထားတဲ့ ပန်းတိုင်တစ်ခုပြီး တစ်ခု ဖြတ်ကျော်တိုင်း သူ့မှာ စိတ်အားလည်း တက်လာသလို ပိုပြီးလည်း ပျော်မွေ့လာပါတယ်။

(၅) တကယ်ကျွမ်းကျင်သူ ဖြစ်လာမယ်

 

အလုပ်တစ်ခုမှာ တကယ် ဝါသနာလည်းပါပြီး ဇွဲနပဲနဲ့နှစ်ပေါင်းများစွာ ဖြတ်သန်းလာသူဟာ သူ့နယ်ပယ်မှာ တကယ့်ပြိုင်စံရှား ဖြစ်လာမှာပါ။ ဘယ်အတတ်ပညာမဆို တစ်ဖက်ကမ်းရောက် ဆိုသလိုထက်မြက် ထူးချွန်သူကို လူ့အသိုင်းအဝိုင်းကြီးက နေရာပေးပြီး ချီးမြှောက်ကြပါတယ်။ တကယ်ကို တတ်ကျွမ်းကျင်လည်တဲ့ ပရော်ဖက်ရှင်နယ်ကြီး ဖြစ်ဖို့ပဲ လိုတာပါ။

 

Zawgyi

ကိုယ္တကယ္လုပ္ခ်င္တဲ့ အလုပ္ကိုပဲဘာလို ့ေရြးသင့္သလဲ

လူတစ္ေယာက္ရဲ့ ဘဝအေျခအေနကို ျပန္ဆန္းစစ္ဖို ့ကိုယ့္ကိုယ္ကို ေမးလို ့ရတဲ့ ေမးခြန္းရိွပါတယ္။ အဲ့ဒါကေတာ့ “ဘာလုပ္ခ်င္တာလဲ” ဆိုတာပါပဲ။ ဒီေမးခြန္းဟာကိုယ့္ဘဝကို ပံုေဖာ္ ေနခ်ိန္မွာ အမ်ားႀကီး စကားေျပာပါတယ္။

ကိုယ္တကယ္လုပ္ခ်င္တဲ့ အလုပ္မ်ိဳးကို ေရြးၿပီး စိုက္လိုက္မတ္တပ္ ႀကိဳးစားခဲ့သူေတြပဲ စင္ေပၚမွာ ကြ်န္ေတာ္တို ့ေတြ ့ခဲ့ၾကၿပီးပါၿပီ။ ဘဝမွာကိုယ္လုပ္ခ်င္တာကို နားလည္ျခင္းဟာ ဘာေၾကာင့္ အေရးႀကီးသလဲဆိုတာကို အေၾကာင္းျပခ်က္ (၅) ခုနဲ ့ေျပာလို ့ရပါတယ္ ။

(၁) အနာဂါတ္ ေရရွည္ပန္းတိုင္ေတြ ခ်မွတ္ႏိုင္မယ္

 

ဘဝတစ္ခုလံုး သြားမယ့္ ပန္းတိုင္တစ္ခု ရိွတဲ့သူဟာ အနာဂါတ္ကို သစၥာရိွသူ ၊ လက္ရိွဘဝကို ျမွင့္တင္ေနသူ ျဖစ္ပါတယ္။ သူ ့ဘဝဟာ လမ္းျပေျမပံုရိွတဲ့ ၊ ခရီးဆံုး ပန္းတိုင္တစ္ခုရိွတဲ့ ေမွ်ာ္လင့္ရင္ခုန္စရာ ဘဝျဖစ္ပါတယ္။ ေန႔တိုင္း သူရွင္သန္ေနျခင္းဟာ အဓိပၸါယ္ေတြနဲ ့ျပည့္ ေနပါတယ္။

(၂) စိတ္ရႈပ္ေထြးမႈေတြလည္း ခါခ်ႏိုင္ပါတယ္

 

ကိုယ္လုပ္ခ်င္တဲ့ အလုပ္တစ္ခုကို လုပ္ခြင့္ရသူအတြက္ စိတ္ညစ္စရာ ၊ စိတ္ပ်က္စရာဆိုတာ ထင္သေလာက္ မဆိုးပါဘူး။ အခိုက္အတန္ ့အားျဖင့္ သူ ့မွာလည္း ထြက္ေျပးခ်င္ေလာက္ေအာင္ စိတ္ကုန္ခဲ့တာေတြ ရိွရင္ရိွပါလိမ့္မယ္။ ဒါေပမယ့္ သူ ့ရဲ့ ျပင္းျပတဲ့ စိတ္ဆႏၵနဲ ့အေကာင္အထည္ေဖာ္လိုစိတ္ဟာ သူ ့ကို မေကာင္းတဲ့ အျမင္နဲ ့အေျခအေနကေန ဆဲြထုတ္ေပးႏိုင္ပါတယ္။

(၃) ပိုၿပီးလည္း ေပ်ာ္ရႊင္လာမယ္

 

 

ကိုယ္လုပ္ေနတဲ့ အလုပ္မွာ မေပ်ာ္တဲ့သူေတြဟာ ကိုယ္တကယ္လုပ္ခ်င္တဲ့အလုပ္ကို မလုပ္ရလို ့ပါ။ တစ္ခ်ိဳ ့လူေတြဟာ ဝင္ေငြေကာင္းဖို ့တစ္ခုတည္း ၾကည့္ၿပီး ကိုယ္တကယ္ခ်စ္ျမတ္ႏိုးတဲ့ အလုပ္ကို စြန္ ့ခြာရာကေန ဘဝကို ၿငီးေငြ ့လာတတ္ပါတယ္။ တစ္ခါတစ္ေလမွာ လုပ္သင့္တဲ့ အရာတစ္ခုကို လုပ္လိုုက္လို ့ဘဝတစ္ခုလံုး ေနာင္တကင္းကင္း ေပ်ာ္ရႊင္ခ်မ္းေျမ့စြာနဲ ့အဆံုးသတ္ရတဲ့သူေတြလည္း မရိွဘူး မဟုတ္ ရိွပါတယ္။

ဒါေပမယ့္လည္း ဘဝမွာ ကိုယ္တကယ္လုပ္ခ်င္တာကို လုပ္ရင္း ၊ ဒီအလုပ္ကေန ရတဲ့ ပီတိနဲ ့ကိုယ့္စြမ္းရည္ကို အျပည့္အဝ ထုတ္သံုးႏိုင္ျခင္းဆိုတဲ့ ၾကည္ႏူးမႈ ရသကိုေတာ့ သူတို ့ရဖို ့မလြယ္ပါဘူး

(၄) မပင္မပန္းလုပ္ႏိုင္တယ္

 

 

ကိုယ္တကယ္ လုပ္ခ်င္တာမ်ား လုပ္ရၿပီဆိုရင္ လူေတြဟာ ေမာရေကာင္းမွန္း မသိ ပန္းရေကာင္းမွန္းလည္း မသိေတာ့ပါဘူး။ ဘဝမွာလည္း ပန္းတိုင္ငယ္ေလးေတြနဲ ့သူ ့မွာ အစီအစဥ္ေတြ ရိွထားေတာ့ ကိုယ္ေမွ်ာ္မွန္းထားတဲ့ ပန္းတိုင္တစ္ခုၿပီး တစ္ခု ျဖတ္ေက်ာ္တိုင္း သူ ့မွာ စိတ္အားလည္း တက္လာသလို ပိုၿပီးလည္း ေပ်ာ္ေမြ့လာပါတယ္။

(၅) တကယ္ကြ်မ္းက်င္သူ ျဖစ္လာမယ္

 

 

အလုပ္တစ္ခုမွာ တကယ္ ဝါသနာလည္းပါၿပီး ဇဲြနပဲနဲ ့ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းလာသူဟာ သူ ့နယ္ပယ္မွာ တကယ့္ျပိဳင္စံရွား ျဖစ္လာမွာပါ။ ဘယ္အတတ္ပညာမဆို တစ္ဖက္ကမ္းေရာက္ ဆိုသလိုထက္ျမက္ ထူးခြ်န္သူကို လူ ့အသိုင္းအဝိုင္းႀကီးက ေနရာေပးၿပီး ခ်ီးေျမွာက္ၾကပါတယ္။ တကယ္ကို တတ္ကြ်မ္းက်င္လည္တဲ့ ပေရာ္ဖက္ရွင္နယ္ႀကီး ျဖစ္ဖို ့ပဲ လိုတာပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *