ကိုယ်ထူကိုယ်ထ လုပ်ငန်းလေး အောင်မြင်စေမယ့် နည်းလမ်း (၄) သွယ်
Startup ဆိုတဲ့ စကားလုံးဟာ တစ်ချို့သူတွေ နားထဲမှာ အသစ်ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အိုင်ဒီယာတစ်ခု အရင်းပြုပြီး စွန့်ဦးတီထွင်မှု အပြည့်နဲ့မောင်းနှင်ရတဲ့ စီးပွားရေး မော်ဒယ်ဖြစ်ပြီး Startup တွေကနေမှ ဒေါ်လာဘီလျံတန်တဲ့ Unicorn တွေ ဖြစ်လာတာပါ။
Startup စီးပွားရေးမော်ဒယ်ဟာ သမရိုးကျ စီးပွားရေးပုံစံတွေနဲ့ကွာခြားသလို ကနဦး ရပ်တည်အောင်မြင်ဖို့လည်း ခက်ပါတယ်။ လေ့လာမှုတစ်ခုအရ Startups အားလုံးရဲ့ ၅၀% ဟာ ၅ နှစ်အတွင်း ယိုင်လဲသွားကြတယ်လို့ဆိုပါတယ် ။Startup တစ်ခု ကျဆုံးရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိသလို အောင်မြင်စေမယ့် နည်းလမ်း တစ်ချို့လည်း ရှိနေပါတယ်။
(၁) ခေါင်းနှစ်လုံး သုံးပါ
founder နှစ်ယောက်နဲ့လည်ပတ်တဲ့ Startup တစ်ခုဟာ သိသိသာသာ အောင်မြင်မှု ရကြတယ်လို့ဆိုပါတယ်။ co-founder ထားရှိခြင်းကြောင့် startup တစ်ခု ဟန်ချက်ညီ လည်ပတ်နိုင်သလို အပြည့်အဝ ရင်းနှီးမြှပ်နှံဖို့အတွက်လည်း အခြေအနေပိုကောင်းလာစေပါတယ်။
အခက်အခဲတွေကို အတူဖြေရှင်းနိုင်သလို တစ်ယောက်ကို တစ်ယောက်လည်း Motivate လုပ်နိုင်တာကြောင့် လုပ်ငန်းအောင်မြင်ဖို့အခြေအနေ ပိုများလာပါတယ်။
(၂) Website ၊ app များ ရှိထားပါစေ
လူတိုင်း ဖုန်းကိုင်တဲ့ ခေတ်မှာ ကိုယ့်ရဲ့ စီးပွားရေးကို ဖုန်းတွေထဲ ရုံးပြောင်းထားလို့ရပါပြီ။ ဒီအတွက် ကိုယ့်လုပ်ငန်းရဲ့ ဝက်ဘ်ဆိုက် နဲ့အက်ပလီကေးရှင်း ကောင်းကောင်းတည်ဆောက်ထားဖို့ငွေသုံးစွဲသင့်ပါတယ်။ ဒီ app/website ဟာ ကိုယ့်ရဲ့ ဖောက်သည်ဖြစ်လာမယ့် clients တွေနဲ့ရင်းနှီးမြှပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
(၃) လူသိအောင် လုပ်ပါ
လုပ်ငန်းတစ်ခုမှာ Branding လုပ်ခြင်းနဲ့Marketing ဆင်းခြင်းဟာ အသက်သွေးကြောပါ။ Startup တစ်ခု Survive ဖြစ်ဖို့အတွက် ဆိုရင် Branding နဲ့Marketing မဖြစ်မနေ လုပ်ဖို့လိုပါတယ်။ အွန်လိုင်းမှာရော Branding လုပ်ရသလို အပြင်မှာလည်း ပွဲတွေ ၊ ကမ်ပိန်းတွေ လုပ်ပြီး လူသိအောင် လုပ်သင့်ပါတယ်။
(၄) ကိုယ့်ပုံရိပ်ကို ထိန်းပါ
ကတိအတိုင်း ဝန်ဆောင်မှုပေးတာ ၊ ဖောက်သည်တွေကို ညစ်ပတ်ခြင်း မရှိဘဲ Client တွေ စိတ်ကျေနပ်စေတဲ့ Services တွေ ပေးတာမျိုးလည်း လုပ်ရမှာပါ။ startup တစ်ခုဟာ အိုင်ဒီယာမှာ စတင်ပြီး တကယ့်ပုံရိပ်ကောင်းတွေ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေနဲ့သွားနေသင့်ပါတယ်။ ဒါမှသာ အောင်မြင်တဲ့ startup ဖြစ်လာမှာပါ။
Credit: Original Writer
Sharing By: #Believe In yourself