Wed. Oct 27th, 2021

ရေစက်ပါလို့ ဆုံကြတဲ့အခိုက်မှာ ကျွန်မတို့ချစ်ခြင်းတွေကို အမြစ်တွယ်ခိုင်မာနေဖို့ နားလည်မှုတွေကိုယ်စီထားပေးပါ။တစ်ယောက်က တင်းတဲ့အခါ ကျန်တစ်ယောက်က အလျော့ပေးပြီး မျှမျှတတ ခံစားချက်တွေကို အသိအမှတ်ပြုနားလည်ပေးပါ။

တစ်ဦးနဲ့တစ်ဦးအပေါ် အပြန်အလှန် လေးစားပေးပါ။ချစ်ခြင်းရဲ့နောက်ကွယ်မှာ လေးစားမှုမရှိရင် ဖြစ်ချင်သလိုဖြစ်ပြီး ပျက်လွယ်တဲ့ကြိုးတစ်ချောင်းအတွက် အဓိက တရားခံက သံသယတွေ ဆိုတာ မမေ့လိုက်ပါနဲ့ ။ဘယ်လောက်ထိချစ်နေပါစေ သံသယဝင်သွားရင် နီးနေလည်း အဝေးဆုံးကိုရောက်သွားနိူင်တာပဲလေ။

ဝေးနေလည်း အနီးဆုံးရှိနေသလို ခံစားစေနိူင်တာ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့မေတ္တာတွေစစ်မှန်နေတာကြောင့်ပါ။တစ်နေ့နေ့တစ်ချိန်ချိန်မှာ အခြေအနေမတိုက်ဆိုင်လို့ ဝေးသွားလည်းပဲ တစ်ချိန်ကထားခဲ့တဲ့ချစ်ခြင်းမေတ္တာတွေကြောင့်သတိရလွမ်းစရာတွေအဖြစ် ထင်ကျန်နေခဲ့မှာပါ။

လက်ရှိအချိန်လေးမှာ ချစ်ခြင်းတွေမျှ ဝေပေးပါ။နားလည်မှုတွေမျှပေးပါ။လေးစားမှုတွေ အပြန်အလှန် ထားပေးပါ။ သည်းခံခြင်းတွေနဲ့ နှုတ်စောင့်ထိန်းပေးပါ။ကိုယ်ချင်းစာနာခြင်းတွေနဲ့ လူသားဆန်စွာ မျှတွေးပေးပါ။ မေတ္တာတွေနဲ့တတ်နိူင်သမျှနုညံ့ကြင်နာ ဖေးမပေးပါ။

အကယ်၍ ချစ်ခြင်းတွေနဲ့ အမြဲထိတွေ့မိတဲ့အခါ နေ့ရက်တိုင်းက ချစ်သူများနေ့ပါ။စကားအခြေအတင်းတွေနဲ့ နားလည်မှုတွေ အမြဲလွဲနေတတ်တဲ့အခါ နေ့ရက်တိုင်းက ဝဋ်ကြွေးနဲ့ထပ်တူညီနေတတ်ပါတယ် ဒါကြောင့်ကျွန်မတို့ရဲ့ ချစ်ခြင်းတွေကို ဘဝတစ်ခုတည်ဆောက်တဲ့အခါ နားလည်မှုတွေနဲ့ လူသားဆန်စွာ မေတ္တာနဲ့နှောင်ဖွဲ့ပေးပါချစ်သူ။

Credit – MayHsu(ရာမညမြေ)

Zawgyi ဖြင့်ဖတ်ပါ

ဘဝတစ်ခုတည်ဆောက်တဲ့အခါ နားလည်မှုတွေ၊ မေတ္တာတွေနဲ့ နှောင်ဖွဲ့ပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *