Knowledge

လူကောင်းဆိုရင် အနိုင်ကျင့်ရတာ လွယ်တယ်

တခါတုန်းက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ် ။ နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ် ကိုယ်တော်ကြီး ။ တနေ့တော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပီး ဟိုဘက်ကမ်းကို ကူးမယ် လုပ်တယ် ။

အဲ့ဒီ မြောင်းထဲမှာ ရေတော်တော် များနေတယ် ။ ညက မိုးရွာထားတာကိုး ။ ခုန်ကူးရအောင် ကလဲ မမီမကမ်းနဲ့ ။ မြောင်းထဲ ဆင်းကူးရင်လဲ ရေစိုမယ်လေ ။ ပြီးတော့ ဒီလူကလည်း ခပ်ရွတ်ရွတ် ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ ၊ မြောင်းပေါ်ခွကျော်ပီး ချ ၊ ပီးမှ နတ်ရုပ်ကြီးကို တုံးတံတား လုပ်ပီး မြောင်းကို ကူးသွားတယ် ။

ဟိုဘက်ကမ်း အဆင်းမှာ နတ်ရုပ်ကြီး မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွား လိုက်သေးသတဲ့ ။ သိပ်မကြာလိုက်ပါဘူး ။ လယ်သမားကြီး တယောက် ရောက်လာတယ် ။ သူကတော့ နတ်ရုပ်ကြီး မျက်ခွက်မှာ ရွှံ့ခြေရာကြီး ပေနေတာ တွေ့တဲ့အခါ မျက်စေ့တောင် ပျာခနဲ ဖြစ်သွားပီး မြောင်းထဲဆင်း ၊ ရေတွေ လက်ခုပ်နဲ့ ခပ်၊ နတ်ရုပ်ကြီးကိုဆေး ၊ မနိုင့်တနိုင်နဲ့ မ၊ နတ်ကွန်းထဲ ပြန်ထူထား လိုက်တယ် ။

အဲ့ဒီမှာ မထီမဲ့မြင် လုပ်တယ် ဆိုပီး နတ်ကြီးက ဖမ်းစားသတဲ့ ။ ဘယ်သူ့ကိုလဲ ဆိုတော့ သူ့ကို နတ်ကွန်းထဲ ပြန်ထားတဲ့ လယ်သမားကြီးကိုပဲ ။ သူ့ကို ချနင်းသွားတဲ့ လူကို မဟုတ်ဘူး ။ နတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ထွန်းပီး မပင့်မလျှောက် လို့ပါတဲ့ ။ နတ်ဆရာတွေက ဒီလိုဟောလို့ လယ်သမားကြီးက ဝက်ပေါ်ပီး ပူဇော်ရသတဲ့ ။

အဲ့ဒါနဲ့ သူ့သူငယ်ချင်း နတ်တွေက အဲ့နတ်ကို ဝိုင်းလှောင်ကြတယ် ။

” မင်းကွာ.. မင့်ကို တက်နင်းသွားတဲ့ ကောင်တော့ ဖမ်းမစားရဲဘူး ” ပေါ့ ။

” ဟ.. ငါ့ကို မရိုမသေ မကြောက်မရွံ့လို့မှ မျက်ခွက်တောင် ဖနောင့်နဲ့ ပေါက်သွားတဲ့လူကို ငါက သွားကိုင်ရင် မကြောက်ရွံ့တဲ့ အပြင် ငါ့နတ်စင်ပါ အမှုန့် ကြိတ်သွားမှာပေါ့ .. ”

သူငယ်ချင်းနတ်တွေက..

” ဒါဆို.. မင်းကို ရိုသေကြောက်ရွံ့တဲ့ လူကိုပဲ အမိအရ ကိုင်လိုက်တာပေါ့ ”

ဒီတော့ အဲ့နတ်က အားရပါးရ ရယ်ပီး ပြန်ပြောသတဲ့..

” ဟေ့ကောင်တွေ ၊ မင်းတို့ မသိဘူးလား၊ လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ကွ ” တဲ့ ။

တချို့တွေက သူတို့ အခွက်ကို တက်နင်းတဲ့ ကောင်တွေနဲ့ပဲ တန်တယ် ။

Tin Maung Nyunt

for zawgyi

လူေကာင္းဆိုရင္ အႏိုင္က်င့္ရတာ လြယ္တယ္

တခါတုန္းက ႐ြာတ႐ြာမွာ ႐ြာဦးနတ္ကြန္းေဘးမွာ ေရႏႈတ္ေျမာင္း ျဖတ္စီးေနတယ္ ။ နတ္ကြန္းထဲက နတ္႐ုပ္က မတ္တတ္ ကိုယ္ေတာ္ႀကီး ။ တေန႔ေတာ့ လူတေယာက္က ေျမာင္းေဘာင္အတိုင္း ေလွ်ာက္လာပီး ဟိုဘက္ကမ္းကို ကူးမယ္ လုပ္တယ္ ။

အဲ့ဒီေျမာင္းထဲမွာ ေရေတာ္ေတာ္ မ်ားေနတယ္ ။ ညက မိုး႐ြာထားတာကိုး ။ ခုန္ကူးရေအာင္ ကလဲ မမီမကမ္းနဲ႔ ။ ေျမာင္းထဲ ဆင္းကူးရင္လဲ ေရစိုမယ္ေလ ။ ၿပီးေတာ့ ဒီလူကလည္း ခပ္႐ြတ္႐ြတ္ ဆိုေတာ့ နတ္ကြန္းထဲက နတ္႐ုပ္ႀကီးကို ဆြဲခ်လာ ၊ ေျမာင္းေပၚခြေက်ာ္ပီး ခ် ၊ ပီးမွ နတ္႐ုပ္ႀကီးကို တုံးတံတား လုပ္ပီး ေျမာင္းကို ကူးသြားတယ္ ။

ဟိုဘက္ကမ္း အဆင္းမွာ နတ္႐ုပ္ႀကီး မ်က္ႏွာခြက္ကိုေတာင္ ေဆာင့္နင္းသြား လိုက္ေသးသတဲ့ ။ သိပ္မၾကာလိုက္ပါဘူး ။ လယ္သမားႀကီး တေယာက္ ေရာက္လာတယ္ ။ သူကေတာ့ နတ္႐ုပ္ႀကီး မ်က္ခြက္မွာ ႐ႊံ႕ေျခရာႀကီး ေပေနတာ ေတြ႔တဲ့အခါ မ်က္ေစ့ေတာင္ ပ်ာခနဲ ျဖစ္သြားပီး ေျမာင္းထဲဆင္း ၊ ေရေတြ လက္ခုပ္နဲ႔ ခပ္၊ နတ္႐ုပ္ႀကီးကိုေဆး ၊ မႏိုင့္တႏိုင္နဲ႔ မ၊ နတ္ကြန္းထဲ ျပန္ထူထား လိုက္တယ္ ။

အဲ့ဒီမွာ မထီမဲ့ျမင္ လုပ္တယ္ ဆိုပီး နတ္ႀကီးက ဖမ္းစားသတဲ့ ။ ဘယ္သူ႔ကိုလဲ ဆိုေတာ့ သူ႔ကို နတ္ကြန္းထဲ ျပန္ထားတဲ့ လယ္သမားႀကီးကိုပဲ ။ သူ႔ကို ခ်နင္းသြားတဲ့ လူကို မဟုတ္ဘူး ။ နတ္႐ုပ္ကို ေ႐ႊ႕ေျပာင္းရာမွာ အစဥ္အလာရွိတဲ့အတိုင္း အေမႊးတိုင္ထြန္းပီး မပင့္မေလွ်ာက္ လို႔ပါတဲ့ ။ နတ္ဆရာေတြက ဒီလိုေဟာလို႔ လယ္သမားႀကီးက ဝက္ေပၚပီး ပူေဇာ္ရသတဲ့ ။

အဲ့ဒါနဲ႔ သူ႔သူငယ္ခ်င္း နတ္ေတြက အဲ့နတ္ကို ဝိုင္းေလွာင္ၾကတယ္ ။

” မင္းကြာ.. မင့္ကို တက္နင္းသြားတဲ့ ေကာင္ေတာ့ ဖမ္းမစားရဲဘူး ” ေပါ့ ။

” ဟ.. ငါ့ကို မ႐ိုမေသ မေၾကာက္မ႐ြံ႕လို႔မွ မ်က္ခြက္ေတာင္ ဖေနာင့္နဲ႔ ေပါက္သြားတဲ့လူကို ငါက သြားကိုင္ရင္ မေၾကာက္႐ြံ႕တဲ့ အျပင္ ငါ့နတ္စင္ပါ အမႈန႔္ ႀကိတ္သြားမွာေပါ့ .. ”

သူငယ္ခ်င္းနတ္ေတြက..

” ဒါဆို.. မင္းကို ႐ိုေသေၾကာက္႐ြံ႕တဲ့ လူကိုပဲ အမိအရ ကိုင္လိုက္တာေပါ့ ”

ဒီေတာ့ အဲ့နတ္က အားရပါးရ ရယ္ပီး ျပန္ေျပာသတဲ့..

” ေဟ့ေကာင္ေတြ ၊ မင္းတို႔ မသိဘူးလား၊ လူေကာင္းကို အႏိုင္က်င့္ရတာ လြယ္တယ္ကြ ” တဲ့ ။

တခ်ိဳ႕ေတြက သူတို႔ အခြက္ကို တက္နင္းတဲ့ ေကာင္ေတြနဲ႔ပဲ တန္တယ္ ။

Tin Maung Nyunt

Leave a Comment