Tue. Oct 26th, 2021

စတိုးဆိုင် ပိုင်ရှင်က ဆိုင်တံခါးရဲ့ အဝမှာ ဆိုင်းဘုတ် အသစ်တစ်ခု ချိတ်လိုက်သည် ။

” ခွေးပေါက်ကလေးများ ရောင်းရန် ရှိသည် ” တဲ့ ။

သည်လို ကြော်ငြာမျိုးကို ကလေးတွေ အလွန် စိတ်ဝင်စားကြသည် ။ သူတို့က ခွေး ချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေး တစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည် ။

” ခွေးလေး တစ်ကောင်ကို ဘယ်လောက်နဲ့ ရောင်းသလဲ ခင်ဗျ ” သူက မေးလိုက်သည် ။

” ဒေါ်လာ ၃၀ ကနေ ၅၀ အထိ ဈေး အစားစား ရှိတယ်ကွဲ့ ” ဆိုင်ရှင်က ဖြေသည် ။

ကောင်လေးက သူ့အိတ်ထဲမှာ ရှိသော ပိုက်ဆံ အကြွေလေးတွေကို နှိုက်ထုတ်သည် ။

” ကျွန်တော့်ဆီမှာ ၂ ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ် ၊ ခွေးလေးတွေ ကျွန်တော် ကြည့်လို့ ရမလား ခင်ဗျ ”

ဆိုင်ရှင်က ပြုံးသည် ။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည် ။ ခွေးမကြီး ဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့ နောက်က ခွေးပေါက်ကလေး ငါးကောင် တန်းဆီ၍ လိုက်ပါလာသည် ။ ခွေးလေးတွေက ပိစိကွေးလေးတွေ ၊ အမွေးက သိပ်ရှည်တော့ တကိုယ်လုံး အမွှေးတွေ ဖုံးကာ လုံးနေသည် ။

အဲသည့် အထဲမှ ခွေးလေးတစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန် ခဲ့သည် ။ ထော့တီး ထော့နဲ့နှင့် လမ်း မလျှောက်တတ်သလို ၊ ကောင်လေးက သည်ဟာလေး မြင်တော့ ချက်ချင်း စိတ်ဝင်စား သွားခဲ့သည် ။

” ဒီခွေးလေးက ဘာဖြစ်တာလဲဟင် ”

ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက် ပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့် အကြောင်း ဆိုင်ရှင်က ရှင်းပြသည် ။ ကောင်လေးက ပို၍ စိတ်ဝင်စားသွားသည် ။

” ဒီခွေးလေးကို ကျွန်တော် ဝယ်ချင်တယ်ဗျာ ” ဟု ကောင်လေးက ဆိုသည် ။

” ဟာ.. မဝယ်ပါနဲ့ကွာ ၊ မင်းလိုချင်ရင် ငါ ပေးပါ့မယ် ”

သည်စကားကို ကြားတော့ ကောင်လေး မျက်နှာ ပျက်သွားသည် ။ သူက မကျေနပ်သည့် အမူအရာမျိုးနှင့် ဆိုင်ရှင်ကို မော့ကြည့်ပြီး ပြန်ပြောသည် ။

” အလကား ပေးတာမျိုး ကျွန်တော် မလိုချင်ဘူး ခင်ဗျ ၊ ဒီခွေးလေးလဲ ကျန်တဲ့ ခွေးတွေနဲ့ အတူတူ တန်ဖိုး ရှိတာပဲ ၊ တစ်ပြားသားမှ မလျှော့ပါဘူး ၊ ကျွန်တော် တန်ဖိုး အပြည့်ပဲ ပေးပါ့မယ် ၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃ ဆင့်ပဲ ပါတယ်.. အခု အဲဒါ ယူထားပါ။ နောက်ကို တလ ဆင့်ငါးဆယ်ဆီ ကျေတဲ့အထိ ကျွန်တော် ဆက်ပေးပါ့မယ် ”

သို့သော် ဆိုင်ရှင်က အလျှော့မပေး ။

” မဝယ်ပါနဲ့ ကလေးရယ် ၊ နောက်ကျတော့ မင်းစိတ်ပျက်သွား လိမ့်မယ် ၊ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး ၊ မင်းနဲ့ ခုန်ပေါက် ကစားနိုင်မှာ မဟုတ်ဘူး ”

သည်အခါ ကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့်ကြည်ကာ သူ့ဘောင်းဘီ အောက်စနားကို လှန်ပြရင်း လေသံတိုးတိုးနှင့် ပြောသည် ။

” ကျွန်တော်လည်း ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ ၊ ပါပီလေး ခမြာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့ လိုမှာပေါ့ ” တဲ့ ။

ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော် ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက်နိုင်ရန် အတွက် သတ္တု ချုပ်တံများဖြင့် အားဖြည့် ပေးထားရလေသည် ။

ဆရာဖေမြင့်

for zawgyi

ေခြးေလးနဲ႔ ေကာင္ေလး

စတိုးဆိုင္ ပိုင္ရွင္က ဆိုင္တံခါးရဲ႕ အဝမွာ ဆိုင္းဘုတ္ အသစ္တစ္ခု ခ်ိတ္လိုက္သည္ ။

” ေခြးေပါက္ကေလးမ်ား ေရာင္းရန္ ရွိသည္ ” တဲ့ ။

သည္လို ေၾကာ္ျငာမ်ိဳးကို ကေလးေတြ အလြန္ စိတ္ဝင္စားၾကသည္ ။ သူတို႔က ေခြး ခ်စ္တတ္သူမ်ား မဟုတ္လား။ ခဏအၾကာမွာပင္ ကေလး တစ္ေယာက္ ဆိုင္ေပါက္ဝသို႔ ေရာက္လာသည္ ။

” ေခြးေလး တစ္ေကာင္ကို ဘယ္ေလာက္နဲ႔ ေရာင္းသလဲ ခင္ဗ် ” သူက ေမးလိုက္သည္ ။

” ေဒၚလာ ၃၀ ကေန ၅၀ အထိ ေဈး အစားစား ရွိတယ္ကြဲ႕ ” ဆိုင္ရွင္က ေျဖသည္ ။

ေကာင္ေလးက သူ႔အိတ္ထဲမွာ ရွိေသာ ပိုက္ဆံ အေႂကြေလးေတြကို ႏႈိက္ထုတ္သည္ ။

” ကြၽန္ေတာ့္ဆီမွာ ၂ ေဒၚလာနဲ႔ ၃၇ ဆင့္ ရွိပါတယ္ ၊ ေခြးေလးေတြ ကြၽန္ေတာ္ ၾကည့္လို႔ ရမလား ခင္ဗ် ”

ဆိုင္ရွင္က ၿပဳံးသည္ ။ ထို႔ေနာက္ ေခြးအိမ္ထဲမွာ ရွိေနသည့္ ေခြးမႀကီးကို ေလခြၽန္ၿပီး ေခၚလိုက္သည္ ။ ေခြးမႀကီး ဆိုင္ခန္းထဲ ေျပးဝင္လာေတာ့ သူ႔ ေနာက္က ေခြးေပါက္ကေလး ငါးေကာင္ တန္းဆီ၍ လိုက္ပါလာသည္ ။ ေခြးေလးေတြက ပိစိေကြးေလးေတြ ၊ အေမြးက သိပ္ရွည္ေတာ့ တကိုယ္လုံး အေမႊးေတြ ဖုံးကာ လုံးေနသည္ ။

အဲသည့္ အထဲမွ ေခြးေလးတစ္ေကာင္က ဟိုးေနာက္မွာ ျပတ္က်န္ ခဲ့သည္ ။ ေထာ့တီး ေထာ့နဲ႔ႏွင့္ လမ္း မေလွ်ာက္တတ္သလို ၊ ေကာင္ေလးက သည္ဟာေလး ျမင္ေတာ့ ခ်က္ခ်င္း စိတ္ဝင္စား သြားခဲ့သည္ ။

” ဒီေခြးေလးက ဘာျဖစ္တာလဲဟင္ ”

ေခြးေလးမွာ ေမြးကတည္းက တင္ပါးဆုံ အ႐ိုးခြက္ ပါမလာသျဖင့္ တစ္သက္လုံး ေျခေထာ့နဲ႔ ျဖစ္ေနမည္ဟု တိရစာၦန္ေဆးကု ဆရာဝန္က ေျပာဆိုသည့္ အေၾကာင္း ဆိုင္ရွင္က ရွင္းျပသည္ ။ ေကာင္ေလးက ပို၍ စိတ္ဝင္စားသြားသည္ ။

” ဒီေခြးေလးကို ကြၽန္ေတာ္ ဝယ္ခ်င္တယ္ဗ်ာ ” ဟု ေကာင္ေလးက ဆိုသည္ ။

” ဟာ.. မဝယ္ပါနဲ႔ကြာ ၊ မင္းလိုခ်င္ရင္ ငါ ေပးပါ့မယ္ ”

သည္စကားကို ၾကားေတာ့ ေကာင္ေလး မ်က္ႏွာ ပ်က္သြားသည္ ။ သူက မေက်နပ္သည့္ အမူအရာမ်ိဳးႏွင့္ ဆိုင္ရွင္ကို ေမာ့ၾကည့္ၿပီး ျပန္ေျပာသည္ ။

” အလကားေပးတာမ်ိဳး ကြၽန္ေတာ္ မလိုခ်င္ဘူး ခင္ဗ် ၊ ဒီေခြးေလးလဲ က်န္တဲ့ ေခြးေတြနဲ႔ အတူတူ တန္ဖိုး ရွိတာပဲ ၊ တစ္ျပားသားမွ မေလွ်ာ့ပါဘူး ၊ ကြၽန္ေတာ္ တန္ဖိုး အျပည့္ပဲ ေပးပါ့မယ္ ၊ ဒါေပမဲ့ ကြၽန္ေတာ့္မွာ ေလာေလာဆယ္ ၂ ေဒၚလာနဲ႔ ၃ ဆင့္ပဲ ပါတယ္.. အခု အဲဒါ ယူထားပါ။ ေနာက္ကို တလ ဆင့္ငါးဆယ္ဆီ ေက်တဲ့အထိ ကြၽန္ေတာ္ ဆက္ေပးပါ့မယ္ ”

သို႔ေသာ္ ဆိုင္ရွင္က အေလွ်ာ့မေပး ။

” မဝယ္ပါနဲ႔ ကေလးရယ္ ၊ ေနာက္က်ေတာ့ မင္းစိတ္ပ်က္သြား လိမ့္မယ္ ၊ ဒီေခြးေလးက ေျပးႏိုင္လႊားႏိုင္မွာ မဟုတ္ဘူး ၊ မင္းနဲ႔ ခုန္ေပါက္ ကစားႏိုင္မွာ မဟုတ္ဘူး ”

သည္အခါ က်ေတာ့မွ ေကာင္ေလးက ဆိုင္ရွင္ႀကီးကို ေမာ့္ၾကည္ကာ သူ႔ေဘာင္းဘီ ေအာက္စနားကို လွန္ျပရင္း ေလသံတိုးတိုးႏွင့္ ေျပာသည္ ။

” ကြၽန္ေတာ္လည္း ေကာင္းေကာင္း မေျပးႏိုင္ပါဘူးဗ်ာ ၊ ပါပီေလး ချမာမွာ သူ႔ကို ကိုယ္ခ်င္းစာမယ့္ လူတစ္ေယာက္ေတာ့ ရွိဖို႔ လိုမွာေပါ့ ” တဲ့ ။

ေကာင္ေလး၏ ဘယ္ေျခေထာက္ကေလးက အေတာ္ ဆိုးဆိုးဝါးဝါးပင္ သိမ္ေန ေကာက္ေနကာ လမ္းေလွ်ာက္ႏိုင္ရန္ အတြက္ သတၱဳ ခ်ဳပ္တံမ်ားျဖင့္ အားျဖည့္ ေပးထားရေလသည္ ။

ဆရာေဖျမင့္

Leave a Reply

Your email address will not be published. Required fields are marked *