Tue. Oct 26th, 2021

အရောင်အသွေးစုံလင်ပြီး လှပလွန်းတဲ့ ပုံတစ်ချို့ကို သင်ကြည့်မိတဲ့အခါ ဒါက‌တကယ်ရောရှိရဲ့လား
Photoshopများလားလို့ သင်တွေးမိတဲ့အခါလည်း ရှိနိုင်ပါတယ်။

ဒါကြောင့်ပဲ ကိုယ်တိုင်အမြင်နဲ့ အတည်ပြုဖို့ တခြားဒေသနေရာတွေကို သွားရောက်လည်ပတ်ချင်တဲ့စိတ်များ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အခုတခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှ သင့်ကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ့် ဓာတ်ပုံတစ်ချို့ကို ဖော်ပြပေးသွားပါမယ်။

(၁) The Wave, Arizona,USA

 

The Waveဆိုတာ အမေရိကန်ပြည်ထောင်စု၊Arizonaပြည်နယ်နဲ့ Utah ပြည်နယ်ကြားတွင် တည်ရှိတဲ့ သဲကျောက်ဆောင်ချောက်နက်များပဲဖြစ်ပါတယ်။
အရောင်အဆင်းရှိပြီး လှိုင်းထနေသကဲ့သို အသွင်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားများနှင့် ဓာတ်ပုံဆရာများအကြား နာမည်ကြီးသောနေရာတစ်ခုပဲဖြစ်ပါတယ်။

(၂) Salary De Uyuni, Bolivia

Boliviaနိုင်ငံ၊ Altiplano ဒေသရဲ့ တောင်ဘက်တွင်တည်ရှိတဲ့ ‌ဆားကန်တစ်ခုပဲဖြစ်ပါတယ်။ 6ပေမှ 24ပေအထိရှိတဲ့ဆားလွှာများနဲ့ ဖုံးအုပ်ထားပြီး မိုးရာသီတွင် ရေလွှာပါးပါးလေးတစ်ခုဖြစ်ပေါ်လာတာ ကမ္ဘာ့အကြီးဆုံး မှန်ပြင်အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်ပါတယ်။

(၃)Fly Geyser,Necaada, USA

(၄) Hitachi Seaside park, Japan

Hitachi Seasideအမျိုးသားပန်းခြံဟာ ဂျပန်နိုင်ငံအရှေ့ဘက်ပိုင်းတွင်တည်ရှိပြီး ရာသီအလိုက် ပန်းများအရောင်းပြောင်းလဲချင်ကြောင့် ထင်ရှားပါတယ်။

(၅) Panjin Red Beach, China

Panjin အနီးမှာတည်ရှိတဲ့ ဒကမ်းခြေဟာ သူမရဲ့ အနီရောငါ အသွင်အပြင်ကြောင့် ကျော်ကြားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
ထိုကဲ့သို့ဖြစ်ရချင်းအကြောင်းအရင်းမှာ Liaoheမြစ်မှ ရေညှိများသောင်တင်ကျန်နေခဲ့ခြင်းကြောက့်ဖြစ်ပါတယ်။ဧပြီလမှ မေလအထိ အစိမ်းရောင်ဖုံးလွှမ်းပြီး နောက်ပိုင်းတွင် ရေညှိတွေဂာ တဖြည်းဖြည်းခြောက်သွားပြီး စက်တင်ဘာလလောက်တွင် အနီရောင်အဖြစ်သို့ပြောင်းလဲသွားပါတယ်။း

(၆) Glacier National parkမှရေကန်ကြီး

ထိုရေကန်ဟာဆိုလျှင် Canadaနဲ့ Montanaကြားတွင် တည်ရှိပါတယ်။

(၇) The Giant Causeway, Ireland

မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ကျောက်နက်များနဲ့ ဖြစ်ပေါ်လာတဲ့ တာရိုးတစ်ခုဖြစ်ပြီး အိုင်ယာလန်နိုင်ငံ မြော်ဘက်ပိုင်းတွင်တည်ရှိပါတယ်။

(၈) Rainbow Mountain,China


လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း100ခန့်က ဒီနေရာဟာ တောင်တန်းတွေ မဟုတ်ပဲ ရေကန်ကြီးတစ်ခုဖြစ်ပါတယ်။ အပူချိန်မြင့်မားမှုကြောင့် ရေများတဖြည်းဖြည်းခမ်းခြောက်လာပြီး ရေအောက်ကျောက်ဆောင်များဟာ လေနဲ့ထိတွေမှုတော့ အရောင်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။

(၉) Maldives

 


ကျွန်းငယ်ပေါင်းထောင်ချီနဲ့ ဖွဲ့စည်းထားတဲ့ မော်ဒိုက်ကျွန်းစုဟာ အိန္ဒိယသမုဒ္ဒရာအတွင်း တည်ရှိပါတယ်။

(၁၀) Badob- e Surt, Iran

 


အီရန်မြောက်ပိုင်းတွင်တည်ရှိတဲ့ Badob – e Sult ဟာလှေကားတစ်ပုံစံ ဖြစ်ပေါ်နေတဲ့ ကမ်းပါးယံတစ်ခုဖြစ်ပါတယ်။ Iron oxideပါဝင်မှုများသောကြောင့် လိမ္မော်ရောင်အသွင်ရှိပါတယ်။

(၁၁) The Leshan Gaint Buddha , China


တရုတ်ပြည်နယ်၊ Leshanတွင်တည်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာ ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်များမှ တစ်ခုအပါအဝင်ဖြစ်ပြီး 233ပေအမြင့်ရှိပါတယ်။

(၁၂) Lake Martin, Tanzania

(၁၃) The Antelope Canyon, Arizona,. USA

(၁၄) Rice Fields, Indonesia

 


အင်ဒိုနီးရှား၊ ဘာလီမှ လှေကားထစ်စိုက်ခင်းများကလည်း ရင်သပ်‌ရှုမော်ဖွယ် ရှုခင်းတစ်ခုဖြစ်ပါတယ်

(၁၅) Cappadocia, Turkey

Cappadociaဆိုသည်မှာ တူရကီမှ ဒေသတစ်ခု‌၏ ရှေးအမည်တစ်ခုဖြစ်ပြီး ယနေ့အချိန်ထိလည်း ခေါ်တွင်နေဆဲပါ

(၁၆) Darwaza, Turkmenistan

Darwazaဟာ Turkmenistanနိုင်ငံအတွင်းမှ မီးပေါက်ဝတစ်ခု၏ အမည်ဖြစ်ပြီး ဒေသခံများနှင့် ခရီးသွားများက “ငရဲတံခါး”ဟုလည်း တင်စားကြပါတယ်။

(၁၇) The Odle Mountain, Italy

အီတလီနိုင်ငံ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့အမွေအနစ်အဖြစ် UNESCOမှ ၂၀၀၉ခုနှစ်တွင် သတ်မှတ်ခဲ့ပါတယ်။

(၁၈)Cave of Crystals, Mexico

မက္ကဆီကိုတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော အစိုင်အခဲလှိုင်ဂူတစ်ခုဖြစ်ပြီး အကြီးဆုံး Crystalမှာ အလျား ၃၆ပေ၊ အနံ ၁၃ပေခန့်ရှိတယ်။လိုဏ်ဂူအတွင်း အပူချိန်မြင့်မားမှုကြောင့် ပစ္စည်းကိရိယာအပြည့်အစုံနှင့်ဆိုလျှင်ပင် မိနစ်၂၀အထက် ပိုနေ‌နိုင်မှာ မဟုတ်ပါဘူး

(၁၉) Sassusvlei, Namibia

(၂၀) The Grand Prismatic Spring,USA

ကန်ဘေးဘောင်ပတ်ချာလည်တွင် ဘက်တီးရီးယားများစွနေထိုင်မှုကြောင့် အစိမ်းရောင်နှင့် အနီရောင် ပြောင်းလဲနေပြီ ကန်ရဲ့အရောင်အဆင်းပို တောက်ပစေပါတယ်။
ကန်အလယ်ပိုင်းတွက် ဘက်တီးရီးယားမရှိသော်လည်း အပူချိန်မြင့်မားမှုကြောင့် အပြာရောင်အဖြစ်တည်ရှိနေတာဖြစ်ပါတယ်။

 

Source Brightside

Written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *