One Daily News

ခေါင်းကို မိမိကိုယ်ကို ထုရိုက်လေ့ရှိသော ကလေးငယ်များ နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း

ခေါင်းကို မိမိကိုယ်ကို ထုရိုက်လေ့ရှိသော ကလေးငယ်များ နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း

မိဘများဟာ မိမိတို့ကလေးငယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးမျိုး စိတ်ပူလေ့ရှိကြပါတယ်။ တစ်ခ်တစ်ရံ ကလေးငယ်များဟာ မိမိကိုယ်ကို ဦးခေါင်းထုရိုက်ခြင်း ၊ နာကျင်အောင်ပြုလုပ်ခြင်းများ ပြုလုပ်လေ့ရှိကြပြီး မိဘများမှာလည်း မည်သို့တားဆီးရမည်မသိဘဲ စိတ်ပူကြရလေ့ရှိပါတယ်။များသောအားဖြင့် ထိုအရာဟာ စိတ်ပူစရာမဟုတ်ပဲ ကလေးငယ်များအနေဖြင့် မိမိကိုယ်ကိုဖော်ပြခြင်းမျိုးသာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ အဖွဲ့သားများဟာလည်း ထိုဖြစ်ရပ်၏ အကြောင်းအရင်းနဲ့ မိဘများအနေနဲ့မည်သို့ ထိန်းကျောင်းရမည်ကိုလည်း လေ့လာခဲ့ကြပါတယ်။
ရှင်းလင်းချက်
ဒီဆောင်းပါးကတော့ အချက်အလက်တင်ပြမှုသာဖြစ်ပြီး ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်မှုကိုသာ အတည်ပြုရပါမယ်။

(၁) အာရုံစိုက်ခံလိုခြင်း

မိမိကိုယ်ကိုထုရိုက်လျှင် မိဘများ စိတ်ပူပြီးအလျင်အမြန် ပြေးလာတတ်‌မှန်းသိသွားသောအခါ ထပ်ခါထပ်ခါ လုပ်လေ့ရှိကြပါတယ်။
လုပ်ဆောင်ရန်။ ။ သူတို့၏အိပ်ရာကိုနံရံနှင့်ဝေးရာသို့ရွှေ့ခြင်း၊ သူတို့အသုံးပြုနိုင်မည့် အရာဝတ္ထုများကို ဖယ်ရှားခြင်းဖြင့် လုံခြုံသောပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပါ။

(၂) ကိုယ့်ကိုကိုယ် အားပေးလှုံ့ဆော်ခြင်း

ကလေးငယ်များဟာ စိတ်ဖြေလျော့ခြင်းနှင့် စိတ်တည်ငြိမ်ခြင်းတို့အတွက် စည်းချက်ကျတဲ့ ‌လှုပ်ရှားခြင်းများကို ပြုလုပ်လေ့ရှိကြပါတယ်။သုတေသနပညာရှင်တို့အဆိုအရ ညအိပ်ခါနီးအချိန်များတွင် ကောင်းစွာအိပ်စက်နိုင်ရန် အများဆုံးပြုလုပ်ကြလေ့ရှိပြီး ကိုယ့်ကိုကိုယ် သက်တောင့်သက်သာ ရှိလိုခြင်း‌ကြောင့်လို့ဆိုပါတယ်။
လုပ်ဆောင်ရန်။ ။မိမိကိုယ်ကို နာကျင်အောင်ထုရိုက်ခြင်းများ မပြုလုပ်ပဲ ကောင်းစွာ အိပ်ပျော်တတ်လာစေရန် ၊ အလေ့အကျင့်ကောင်းနှင့် ဗဟုသုတများကိုသာ နားဝင်အောင် တဖြေးဖြေး သင်ပြဆုံးမပေးရပါမယ်။

(၃) ခံစားချက်များကို ဖော်ပြလိုခြင်း

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း လေ့လာမှုအချို့အရ ကလေးငယ်များသည်အလွန်စိတ်ခံစားမှုများ သူများဖြစ်သည်ဟု တွေ့ရှိရပါသည်။ ထိုခံစားချက်များအတွက် စကားလုံးများ ကျွမ်းကျင်စွာ သုံးနှုန်း၍ မဖော်ပြတတ်ကြသောကြောင့် ၎င်းတို့ကိုထိခိုက်စေသည့်တိုင် ရုပ်ပိုင်းဆိုင်ရာအမူအရာများကို လုပ်ဆောင်လေ့ရှိကြပါတယ်။
အခြေခံအားဖြင့် ဒါဟာလည်း ကလေးငယ်တွေမှာ ဘယ်လိုဖော်ပြရမယ်မှန်း မသိတဲ့ခံစားချက်တွေ အများကြီးရှိတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။
လုပ်ဆောင်ရန်။ ။ ကလေးငယ်များအတွက်အချိန်ပိုပေးကာ သူတို့နဲ့အတူနေပြီး သူတို့လေးတွေရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ စိတ်လှုပ်ရှားမှု ၊ ဒေါသ အစရှိသည်တို့ကို နားလည်ခံစားနိုင်ရန် ကြိုးစားပြီး ကလေးငယ်များကို ခံစားချက်အပေါ် ကိုယ်ပိုင်ထိန်းချုပ်မှုများ လုပ်တတ်လာစေရန် သင်ကြားပြသပေးရပါမယ်။

(၄) ဖွံ့ဖြိုးမှု ပြသာနာ အလားအလာ

ယေဘူယျအားဖြင့် အသက် ၁ နှစ်မှ ၃ နှစ်အရွယ်ကလေးတစ်‌ယောက် သူတို့ကိုယ်သူတို့ရိုက်တာကို မြင်ရတဲ့အခါမှာ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် အချို့သော ရှားပါးကိစ္စတွေမှာ‌တော့ ခေါင်းကိုက်ခြင်းဟာ autism ကဲ့သို့အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာရောဂါတစ်ခုနဲ့ဆက်စပ်နေနိုင်ပါတယ်။
လုပ်ဆောင်ရန်။ ။ထုရိုက်သည့် အကြိမ်အရေအတွက်နှင့် အချိန်တို့ကို ဂရုစိုက်စောင့်ကြည့်ပါ။ အိပ်ယာမဝင်ခင် ပြုလုပ်ခြင်းဟာ သာမန် အခြေအနေဖြစ်ပါတယ်။ထို့မဟုတ်ပဲ အခြားလက္ခဏာများ ကြုံတွေ့နေရပါက ကလေး အထူးကုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသရပါမယ်။

ရှင်းလင်းချက်
ပုံမှန် (သို့) ရောဂါအခြေအနေတစ်ခု ဟုတ် မဟုတ်ကို ဆရာဝန်၏အကြံဉာဏ်နှင့် ဆုံးဖြတ်ချက်ဖြင့်သာ အတည်ပြုရပါမယ်။

 

Source BrightSide

Written By One Daily Media

Leave a Comment