success

အဝေးဆုံးက ရှောင်ကြဉ်သင့်တဲ့ပုဂ္ဂိုလ်များ

လူတွေရဲ့ စိတ်သဘောထားဟာ အပေါ်ယံချိုသာမှုတွေအပေါ်မှာ သာယာနှစ်သက်တတ်ကြပါတယ်။ ဒီသဘာကိုသိတဲ့ မကောင်းသူတချို့ဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ဟာ ပုံစံမျိုးစုံနဲ့ရှိနေတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေကို သေချာဖော်ထုတ်နိုင်ပြီး ပေါင်းသင်းဆက်ဆံဖို့ကို ရှောင်ကြဉ်သင့်ပါတယ်။

အတွင်းစိတ်ဓာတ်မကောင်းသော ပုဂ္ဂိုလ်

လောကမှာ ကြောက်စရာအကောင်းဆုံးပုဂ္ဂိုလ်ဟာ စိတ်ဓာတ်ယုတ်မာတဲ့လူပဲဖြစ်ပါတယ်။ ထိုလူမျိုးဟာ အရမ်းဟန်ဆောင်ကောင်းတတ် ကြပါတယ်။ သူတို့ရဲ့ မျက်နှာကပြုံးနေပေမယ့် သူတို့စိတ်ဓာတ်တွေက မဲ့နေတတ်သူတွေဖြစ်ပါတယ်။ အပေါ်ယံစကားတွေ ချိုသာတတ်ကြပေမယ့် အတွင်းသဏ္ဍန်မှာတဖက်သားအပေါ် ကောက်ကျစ် ယုတ်မာဖို့ အမြဲတွေးနေတတ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဘဝမှာ ထာဝရရှောင်ကြဉ်သင့်ပါတယ်။

ရှေ့တမျိုး ကွယ်ရာတမျိုးပြောတတ်တဲ့ ပုဂ္ဂိုလ်

 

တချို့လူတွေဟာ ကိုယ်နဲ့တွေ့တဲ့အချိန်မှာ ကိုယ့်ရဲ့ကောင်းကြောင်းတွေကို ရှာဖွေချီးမွမ်းတတ်ကြပါတယ်။ ဒီလိုလူတွေကပဲ ကိုယ့်နောက်ကွယ်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့မကောင်းကြောင်းတွေကို ရှာရှာဖွေဖွေ မဲ့ရွဲ့ ပြောဆိုတတ်ကြပါတယ်။ ဒီလိုအကျင့်ဆိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်များကို သတိထားရှောင်ကြဉ်သင့်ပါတယ်။

သူတပါးမကောင်းကြောင်းကို လှည့်လည်ပြောဆိုတတ်တဲ့ပုဂ္ဂိုလ်

 

တပါးသူရဲ့မကောင်းကြောင်းကို ကိုယ့်ဆီလာပြောတတ်တဲ့လူတွေကို သတိထားသင့်ပါတယ်။ တချိန်မှာ ကိုယ့်ရဲ့မကောင်းကြောင်းကိုလည်း တပါးသူဆီမှာ သူတို့သွားရောက်ပြောဆိုပါလိမ့်မယ်။ ဒီလိုလူမျိုးတွေကို အပေါင်းအသင်းအဖြစ်နဲ့ ခင်မင်မပေါင်းဖော်မိဖို့ ရှောင်ကြဉ်သင့်ပါတယ်။

ကုန်းချောတတ်တဲ့ ပုဂ္ဂိုလ်များ

 

ကိုယ့်ရှေ့မှာတော့ ကိုယ့်ကိုခင်မင်သယောင်၊ ကိုယ့်အကျိုးကိုလိုလားသယောင် ပြောဆိုနေထိုင်တတ်ပေမယ့် တကယ့်အရေးကြုံလာတဲ့အချိန်မှာ ခင်မင်မှုကို မထောက်ထား ၊ မစာနာကုန်းတိုက်ဒုက္ခပေးတတ်သူများ ရှိပါတယ်။ ထိုလူမျိုးကို မိမိရဲ့ မိတ်ဆွေ၊ သူငယ်ချင်းစာရင်းကနေ အမြန်ဆုံးပယ်ထုတ်သင့်ပါတယ်။

 

Credit: Original Writer
Sharing By: #Believe In yourself

 

Zawgyi

လူေတြရဲ႕ စိတ္သေဘာထားဟာ အေပၚယံခ်ိဳသာမႈေတြအေပၚမွာ သာယာႏွစ္သက္တတ္ၾကပါတယ္။ ဒီသဘာကိုသိတဲ့ မေကာင္းသူတခ်ိဳ႕ဟာ ကိုယ့္ရဲ႕ပတ္ဝန္းက်င္ဟာ ပုံစံမ်ိဳးစုံနဲ႔ရွိေနတတ္ၾကပါတယ္။ ဒီလိုလူမ်ိဳးေတြကို ေသခ်ာေဖာ္ထုတ္ႏိုင္ၿပီး ေပါင္းသင္းဆက္ဆံဖို႔ကို ေရွာင္ၾကဥ္သင့္ပါတယ္။

အတြင္းစိတ္ဓာတ္မေကာင္းေသာ ပုဂၢိဳလ္

 

 

ေလာကမွာ ေၾကာက္စရာအေကာင္းဆုံးပုဂၢိဳလ္ဟာ စိတ္ဓာတ္ယုတ္မာတဲ့လူပဲျဖစ္ပါတယ္။ ထိုလူမ်ိဳးဟာ အရမ္းဟန္ေဆာင္ေကာင္းတတ္ ၾကပါတယ္။ သူတို႔ရဲ႕ မ်က္ႏွာကၿပဳံးေနေပမယ့္ သူတို႔စိတ္ဓာတ္ေတြက မဲ့ေနတတ္သူေတြျဖစ္ပါတယ္။ အေပၚယံစကားေတြ ခ်ိဳသာတတ္ၾကေပမယ့္ အတြင္းသ႑န္မွာတဖက္သားအေပၚ ေကာက္က်စ္ ယုတ္မာဖို႔ အၿမဲေတြးေနတတ္ပါတယ္။ ဒီလိုပုဂၢိဳလ္မ်ိဳးကို ဘဝမွာ ထာဝရေရွာင္ၾကဥ္သင့္ပါတယ္။

ေရွ႕တမ်ိဳး ကြယ္ရာတမ်ိဳးေျပာတတ္တဲ့ ပုဂၢိဳလ္

 

 

တခ်ိဳ႕လူေတြဟာ ကိုယ္နဲ႔ေတြ႕တဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ေကာင္းေၾကာင္းေတြကို ရွာေဖြခ်ီးမြမ္းတတ္ၾကပါတယ္။ ဒီလိုလူေတြကပဲ ကိုယ့္ေနာက္ကြယ္ေရာက္တဲ့အခါမွာ ကိုယ့္ရဲ႕မေကာင္းေၾကာင္းေတြကို ရွာရွာေဖြေဖြ မဲ့႐ြဲ႕ ေျပာဆိုတတ္ၾကပါတယ္။ ဒီလိုအက်င့္ဆိုးမ်ိဳးရွိတဲ့ ပုဂၢိဳလ္မ်ားကို သတိထားေရွာင္ၾကဥ္သင့္ပါတယ္။

သူတပါးမေကာင္းေၾကာင္းကို လွည့္လည္ေျပာဆိုတတ္တဲ့ပုဂၢိဳလ္

 

 

တပါးသူရဲ႕မေကာင္းေၾကာင္းကို ကိုယ့္ဆီလာေျပာတတ္တဲ့လူေတြကို သတိထားသင့္ပါတယ္။ တခ်ိန္မွာ ကိုယ့္ရဲ႕မေကာင္းေၾကာင္းကိုလည္း တပါးသူဆီမွာ သူတို႔သြားေရာက္ေျပာဆိုပါလိမ့္မယ္။ ဒီလိုလူမ်ိဳးေတြကို အေပါင္းအသင္းအျဖစ္နဲ႔ ခင္မင္မေပါင္းေဖာ္မိဖို႔ ေရွာင္ၾကဥ္သင့္ပါတယ္။

ကုန္းေခ်ာတတ္တဲ့ ပုဂၢိဳလ္မ်ား

 

 

ကိုယ့္ေရွ႕မွာေတာ့ ကိုယ့္ကိုခင္မင္သေယာင္၊ ကိုယ့္အက်ိဳးကိုလိုလားသေယာင္ ေျပာဆိုေနထိုင္တတ္ေပမယ့္ တကယ့္အေရးႀကဳံလာတဲ့အခ်ိန္မွာ ခင္မင္မႈကို မေထာက္ထား ၊ မစာနာကုန္းတိုက္ဒုကၡေပးတတ္သူမ်ား ရွိပါတယ္။ ထိုလူမ်ိဳးကို မိမိရဲ႕ မိတ္ေဆြ၊ သူငယ္ခ်င္းစာရင္းကေန အျမန္ဆုံးပယ္ထုတ္သင့္ပါတယ္။

 

 

 

Leave a Comment