Tue. Oct 26th, 2021

Unicode]

ဒီဘက်ခေတ်လူငယ်တွေအနေနဲ့ အသက် (၂၀) ကျော်လာတာနဲ့ အမျှ အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက် ဖေ့ဘွတ်ခ်သုံးလိုက်နေလို့ မရတော့ပါဘူး။ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရမ်းကိုအရေးပါလာပြီး ကုပ္မဏီကြီးတွေ ရာထူးအမြင့်ပိုင်းတွေမှာ လူငယ်တွေကပဲ ဦးဆောင်လာနေတာဖြစ်ပါတယ်။စာဖတ်ပရိသတ်တွေအနေနဲ့လည်း မိမိဘဝမှာအောင်မြင်တဲ့နေရာတစ်ခုကိုအရောက်လှမ်းနိုင်ဖို့ အသက် (၂၀) ကျော်လာတာနဲ့ အမျှ ပြောင်းလဲသင့်တဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အယူအဆလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရင်ကျက်စွာတွေးခေါ်ပါ

 

ဘာပဲဖြစ်ဖြစ်အသက် (၂၀) ဆိုတဲ့အသက်အရွှယ်တစ်ခုက ကလေးဆန်ဆန်ဘဝကိုဖြတန်သန်းနေလို့မရတော့ပါဘူး။ရင့်ကျက်သင့်တဲ့နေရာမှာရင့်ကျက်စွာတွေးခေါ်တက်ဖို့လိုလာပါပြီ။အရာရာတိုင်းကို ပေါ့ပေါ့ပျက်ပျက်ဆုံးဖြတ်တက်တဲ့အကျင့်တွေကိုလည်း ဖျောက်ပြီး မိမိဘဝတိုးတက်ရေးအတွက် အသေးအမွှားလေးကအစ ရင့်ကျက်စွာတွေးခေါ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

(၂) အချိန်ဖြုန်းတဲ့လုပ်ရပ်တွေရှောင်ကျဉ်ပါ

 

လူငယ်ဘဝဆိုတာ အရမ်းကိုလေ့လာသင်ယူလို့အားကောင်းတဲ့အချိန်တစ်ခုပါ။ ဒီလိုအချိန်မှာ ဂိမ်းတွေပဲဆော့နေမယ် ၊ သူငယ်ချင်းတွေနဲ့ လမ်းမပေါ်မှာပဲ ပျော်ပါးနေမယ် စတဲ့လုပ်ရပ်တွေနဲ့ ကိုယ်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟသက်မဖြုန်းတီးမိဖို့လိုလာပါပြီ။ကိုယ့်အနေနဲ့ ဘဝအတွက် လက်နက်တွေကိုစုဆောင်းသင့်သလောက်စတင်စုဆောင်းပါ။သင်တန်းေတွေတက်မယ်။ဘာသာစကားတွေလေ့လာမယ်စသည်ဖြင့်အချိန်ကိုအကျိုးရှိရှိလုပ်ဆောင်တက်ဖို့လိုလာပြီဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုဆန်းစစ်ပါ

 

အသက် (၂၀) ကျော်လာတာနဲ့ အမျှ ကိုယ်ဘဝမှာ ကိုယ်ကဘာဖြစ်တာလဲ။ ဘယ်လိုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ချင်တာလဲ စသည်ဖြင့်မိမိဘဝအနာဂတ်အတွက် စတင်မေးခွန်းထုတ်ဖို့လိုလာပါပြီ။ယောင်လည်လည်ပဲ သူများကွန်ပြူတာသင်တန်းတက်လို့လိုက်တက်လိုက်တာမျိုး ၊ အင်္ဂလိပ်စာသင်တန်းတက်လို့လိုက်တက်လိုက်တာမျိုးတွေမလုပ်ပါနဲ့။ကိုယ်ဘဝမှာတကယ်ပဲဘယ်လိုလမ်းကြောင်းပေါ်စတင်လျောက်လှမ်းချင်တယ်ဆိုတာကိုဆန်းစစ်ပြီး လက်တွေ့အကောက်အထည်ဖော်ဖို့ လုပ်ဆောင်သင့်ပါပြီ။

(၄) ရည်မှန်းချက်ထားပါ

 

ကိုယ်ဖြစ်ချင်တဲ့အရာကိုယ်လျောက်ချင်တဲ့လမ်းကြောင်းတစ်ခုကိုသိပြီဆိုရင်တော့ ရည်မှန်းချက်ကြီးကြီးသာထားပြီး ကိုယ့်ရဲ့ အိပ်မက်တွေကို စတင်လုပ်ဆောင်ပါ။လက်ရှိအသက် (၂၀) ကနေနောက်တစ်နှစ်အတွင်းမှာ ဘယ်လိုနေရာဘယ်လိုရာထူးမျိုးရရှိရမယ်ဆိုတဲ့ရည်မှန်းချက်မျိုးထားပြီးကြိုးစားပါ။ရည်မှန်းချက်ထားပြီးကြိုးစားသူနဲ့ ရည်မှန်းချက်မထားပဲ ကြိုးစားသူတို့မှာ အောင်မြင်တာချင်းတူရင်တောင်ခံစားရမယ့် အသီးအပွင့်တွေက ရည်မှန်းချက်ထားသူမှာပိုပြီးများပါတယ်။

 

Credit: Original Writer
Sharing By: #Believe In yourself

 

 

Leave a Reply

Your email address will not be published. Required fields are marked *