Wed. Oct 27th, 2021

လူတိုင်းလူတိုင်း ချမ်းချမ်းသာသာဘဲဘဝကိုဖြတ်သန်းချင်ကြတာပါ။ဒါပေမဲ့ ကျွန်တော်တို့အများစုဘာလို့ မချမ်းသာကြတာလဲ။အဖြေကတော့ ကျွန်တော်တို့ ပြုပြင်ဖို့လိုနေတဲ့ တစ်ချို့သောအလေ့အကျင့်ဆိုးတွေရှိနေသေးတယ်လို့ ယေဘုယျအားဖြင့်ဆိုနိုင်ပါတယ်။စာဖတ်သူအနေနဲ့ ချမ်းသာချင်တယ်ဆိုရင်တော့အခုပြောပြမယ့် အလေ့အကျင့်တစ်ချို့ကိုပြုပြင်လိုက်မယ် ဆိုရင် ချမ်းသာဖို့အခွင့်အရေးပိုများလာမှာဖြစ်ပါတယ်။

(၁) မရသေးတဲ့ပိုက်ဆံကိုကြိုတင်သုံးခြင်း

အခုခေတ်မချမ်းသာတဲ့လူအများစုမှာ ဒီလိုကိုယ်ရဲ့လက်ထဲ ရောက်မလာသေးတဲ့ပိုက်ဆံကို ကြိုတင်သုံးတက်တဲ့အလေ့အထကိုကျင့်သုံးလေ့ရှိကြပါတယ်။မရသေးတဲ့ပိုက်ဆံဆိုတာ ဥပမာ လကုန်မှရမယ့်ပိုက်ဆံကို အခုကတည်းက ကြိုတင်ချေးငှားပြီး သုံးစွဲထားတာကိုဆိုလိုတာဖြစ်ပါတယ်။ဒီလိုသုံးလိုက်ခြင်းအားဖြင့် တကယ်လဲလကုန်ပိုက်ဆံရတဲ့အခါ အကြွေးဆပ် ရတာနဲ့ ပိုက်ဆံကကိုယ်လက်ထဲမကျန်တော့ပါဘူး။ထိုအခါချေးသုံးထားလိုက် ပြန်ဆပ်လိုက်နဲ့ အကြွေးသံသရာထဲကရုန်းမထွက်နိုင်ဖြစ်နေကြတာဖြစ်ပါတယ်။

(၂) နောက်ဆုံးပေါ်ပစ္စည်းတွေလိုက်လွန်းခြင်း

 

ယနေ့ခေတ်မှာလူတွေရဲ့ စိတ်ကိုမဝယ်ချင်ဝယ်ချင်အောင် နည်းအမျိုးမျိုးနဲ့ လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်ရောင်းချနေကြပါတယ်။ဥပမာအနေနဲ့ သင်လက်ထဲမှာဖုန်းတစ်လုံးရှိတယ်ဆိုပါစို့။သင့်ဟာအခုလိုနောက်ဆုံးပစ္စည်းတွေကိုလိုက်လွန်းနေတယ်ဆိုရင် သင့်လက်ထဲရှိတဲ့ဖုန်းကအားလုံးအသုံးပြုလို့ရနေသေးပေမယ့် အသစ်သစ်ထပ်ပေါ်လာတဲ့ ဖုန်းတွေကိုဝယ်ချင်နေအုန်းမှာဖြစ်ပါတယ်။ဒါဟာသက်သက်ပိုက်ဆံဖြုန်းရာရောက်ပြီး မှားယွင်းသောနည်းလမ်းနဲ့ လူတွေရဲ့ အထင်ကြီးမှုကိုရယူနေတာဖြစ်ပါတယ်။

(၃) ရင်းနှီးမြုပ်နှံ့ဖို့ မစဉ်းစားခြင်း

 

ချမ်းသာတဲ့သူတွေပဲ ထပ်ထပ်ပြီးချမ်းသာနေကြတယ်လို့ တွေး ဖူးကြပါသလား။ဟုတ်ပါတယ် ချမ်းသာတဲ့သူတွေဟာဘာကြောင့် ချမ်းသာသထက်ချမ်းသာလာတာလဲဆိုရင် သူတို့ဟာ ရရှိလာတဲ့ငွေတွေကို နောက်ထပ်ရင်းနှီးမြုပ်နှံ့မှုအသစ်သစ်တွေ လုပ်ဆောင်ကြလို့ပါပဲ။သင့်အနေနဲ့ တစ်လကို ဒေါ်လာ ၁ထောင်ရတဲ့အလုပ်တစ်ခုလုပ်နေတယ်ဆိုရင် သင့်ရဲ့လစာငွေထဲက တစ်ဝက်ကို တခြားသောလုပ်ငန်းတစ်ခုမှပြန်လည်ရင်းနှီးမြုပ်နှံ့ကြည့်ပါ။ဒီလိုရင်းနှီးမြုပ်နှံ့တာဟာ ငွေစုတာထက်ပိုပြီး အကျိုးခံစားရမှာဖြစ်ပါတယ်။

(၄) အသုံးနဲ့အဖြုန်းမကွဲခြင်း

 

 

ငွေသုံးတယ်တာနဲ့ ငွေဖြုန်းတာက လုံးဝကိုကွဲပြားပါတယ်။ကိုယ့်အတွက်တကယ်လိုအပ်တဲ့အရာတွေအပေါ်ငွေသုံးလိုက်ခြင်းက သုံးတယ်လို့ဆိုနိုင်ပေမယ့် ကိုယ်အတွက်တကယ်မလိုပဲ စိတ်ဆန္ဒအရ လျောက်သုံးနေခြင်းက ငွေဖြုန်းတာဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ဘာပဲဝယ်ဝယ် မဝယ်ခင်မှာ ဒီပစ္စည်းဟာကိုယ်အတွက်တကယ်လိုအပ်နေတာဟုတ်မဟုတ်သေချာလေးပြန်စဉ်းစားသင့်ပါတယ်။မလိုအပ်ရင်တော့မဝယ်ပါနဲ့။ ပိုက်ဆံဆိုတာသုံးရလွယ်ပေမယ့် ပြန်ရှာဖို့ကတော်တော်လေးခက်ခဲပါတယ်နော်။

Credit: Original Writer
Sharing By: #Believe In Yourself

 

Leave a Reply

Your email address will not be published. Required fields are marked *