Tue. Oct 26th, 2021

ထိုင်း၊ မြန်မာ ၊ ဗီယက်နမ်တို့၏ အလှတရားများ ဖော်ထုတ်ပေးသူ ဓာတ်ပုံဆရာတစ်ဦး

Sutipond Somnam ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Sakon Nakhon Province မှာ နေထိုင်ပြီး Depositphotos မှ ခရီးသွားလှည့်လည် ဓာတ်ပုံရိုက်ကူးသူ တစ်ဦး ဖြစ်ပါတယ်။

သူဟာ ပြည်တွင်းသတင်းထောက်တစ်ဦးအဖြစ် video များရိုက်ကူးခဲ့ဖူးသလို ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခြင်းကိုလည်း စိတ်ဝင်စားလာပြီး လူ့အဖွဲ့အစည်း၏ သဘာဝဆန်သော ဓာတ်ပုံများကို အဓိကထားရိုက်ကူးလေ့ရှိပါတယ်။

အခုဝေမျှ ပေးမှာကတော့ ထိုင်း၊ မြန်မာ ၊ ဗီယက်နမ်နိုင်ငံများမှ Sutipond ရဲ့လက်ရာ ဓာတ်ပုံများနှင့် ထိုပုံများနောက်ကွယ်မှ ဇာတ်လမ်းအချို့တို့ပဲ ဖြစ်ပါတယ်။

Sutipond ဟာ လယ်စိုက်ပျိုးခြင်းကိုလည်း ဝါသနာပါသူဖြစ်ပြီး ငယ်ဘဝအိပ်မက်ဖြစ်သည့် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် မိသားစုအတွက် အသက်မွေးဝမ်းကြောင်းပြုနေသူလည်း ဖြစ်ပါတယ်။

သူဟာ ကောလိပ်ကျောင်းသားဘဝမှ စတင်ကာ ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခြားသော ဓာတ်ပုံဆရာများနှင့် Youtube video များမှတစ်ဆင့်လေ့လာသင်ယူခဲ့ပါတယ်။သူ၏ပထမဆုံး ကင်မရာ Canon 700d(18-55mm kits lens) ကိုတော့ သူဌေးဖြစ်သူဆီမှ လက်ဆောင်ရခဲ့တာဖြစ်ပြီး ဒေသတွင်းလူ့အဖွဲ့အစည်းရဲ့ မှတ်တမ်းစီးရီးများကို ဖန်တီးနိုင်ခဲ့ပါတယ်။

ထို့နောက် Sutipond ဟာ နေရာဒေသမျိုးစုံတို့မှ အကောင်းဆုံးရိုက်ကွက် ရိုက်ချက်များရရှိရန် ခရီးသွားလှည့်လည် ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင်သူဟာ ထိုင်းနိုင်ငံ၏ မြင်ကွင်းများကိုဓာတ်ပုံများမှ တစ်ဆင့်ဖော်ပြလိုပြီး အိမ်နီးချင်းနိုင်ငံများသို့လည်း လှည့်လည်သွားရောက်ခဲ့ပါတယ်။ ရရှိလာသော ဓာတ်ပုံများကို လူမှုကွန်ယက်များနှင့် Depositphotos တို့တွင် ဝေမျှလေ့ရှိပြီး ဈေးကွက်၌ ရောင်းချရသော ဓာတ်ပုံများ၏ဝင်ငွေများကို နောက်ထပ်ခရီးစဉ်များအတွက် အသုံးပြုပါတယ်။

 

Sutipond ဟာ ခရီးသွားလှည့်လည် ဓာတ်ပုံရိုက်ကူးခြင်းများကို (၂၀၁၆) ခုနှစ်မှာစတင်ခဲ့ပြီး မြန်မာနိုင်ငံ မှ UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းမြို့တော်အဖြစ်

 

အသိအမှတ်ပြုခံထားရသော ပုဂံမြို့သို့ တစ်ပတ်ခန့် လာရောက် ရိုက်ကူးခဲ့ပါတယ်။ ” ပုဂံမြို့ရဲ့ မနက်ခင်းနေထွက်ချိန်များ ၊ ဘုရားစေတီများစွာနှင့် ကောင်းကင်ပေါ် ပျံဝဲနေ သော မိုးပျံပူဖောင်းများစွာတို့ကို ရင်သပ်ရှူမောဖွယ် တွေ့ရှိခဲ့ရပါတယ် ” လို့ သူက ပြောကြားခဲ့ပါတယ်။

“ဗီယက်နမ်မြောက်ပိုင်းရှိ Mu Cang Chai ဟာအလွန်စိတ်ဝင်စားဖွယ် နေရာတစ်ခုလည်းဖြစ်ပါတယ် ။ မြင့်မားသောတောင်တန်းများ၏ တောင်စောင်းများပေါ်မှ စပါးလှေကားထစ်များက ကျွန်ုပ်အတွက် အလွန်စိတ်ဝင်စားစရာကောင်း‌စေတယ် ။ ဓာတ်ပုံရိုက်ကူးရန် အလွန်ကောင်းသော ရာသီဥတုမျိုးရှိပါတယ် ” ဟုလည်း ပြောကြားခဲ့ပါတယ်။

Sutipond က မည်သည့်ခရီးသွားမဆိုမိမိသွားလိုသောဒေသ ၏ ရာသီဥတုအကြောင်းကိုတတ်နိုင်သမျှလေ့လာထားသင့်ကြောင်း ၊ သို့မှသာ အဝတ်အစားထုပ်ပိုးမှုကို တွက်ဆနိုင်ကြောင်း ၊ ငွေကြေးကတော့ ဒုတိယအရေးကြီးဆုံးဖြစ်ပြီး သင့်တင့်သောပမာဏ တစ်ခုရှိမှသာ သွားလာရပိုလွယ်ကူကြောင်း ပြောကြားခဲ့ပါတယ်။

“ငါခရီးသွားတဲ့အခါ ကင်မရာ ၂ လုံး (16-35mm) သို့မဟုတ် (24-70mm) သို့ မဟုတ် (70-200mm) မှန်ဘီလူးတွေကိုငါနဲ့အတူယူတယ် ။ tripod ၊ ကင်မရာအတွက်ဘက်ထရီအချို့နဲ့ power bank များလည်းယူဆောင်လာစေလိုပါတယ်။ အပို hard drive များ နှင့် laptop များဟာ အားသာချက်တစ်ခုဖြစ်တယ် ” လို့ သူကဆိုပါတယ်။

ဗီယက်နမ်ရှိ Mu Cang Chai ဟာ ခရီးသွားဧည့်သည်များနှင့် ဓာတ်ပုံဆရာများစွာကို လှပသောဆန်လှေခါးခင်းများ ဖြင့်ဆွဲဆောင်နေပါတယ်။

” Tulay မှ Mu Cang Chai သို့မော်တော်ဆိုင်ကယ်ဖြင့် နေ့တစ်ဝက်ကြာ သွားရပါတယ်။ ကျွန်ုပ်နှင့် ကျွန်ုပ်၏သူငယ်ချင်းဟာ မီတာ ၁၀၀၀ မြင့်သော တောင်ထိပ်သို့လမ်းလျှောက်ခဲ့ပြီး ခက်ခက်ခဲခဲနဲ့ ပင်ပင်ပန်းပန်းတက်ခြင်းအတွက် ဒီမြင်ကွင်းကိုဆုလာဘ်တစ်ခုအဖြစ် ရရှိခဲ့တာပါ ” ပြောကြားခဲ့ပါတယ်။

” ဓာတ်ပုံရိုက်တဲ့အခါ နောက်ခံကိုရွေးဖို့ငါအမြဲကြိုးစားတယ် ။ မော်ဒယ်ကိုကြည့်သူတို့ရဲ့ မျက်လုံးကိုထိန်းရန်ဖြစိပါတယ် ။ backlit ရိုက်ချက်များတွင် ကျွန်ုပ်၏ရိုက်ချက်သည်တစ်ဖက်မှ ၀င်လာသောအလင်းကို အသုံးချပြီး ကျွန်ုပ် ရိုက်လိုသည့် အကြောင်းအရာကို ပေါ်လွင်စေပါတယ်”

\

” ကမ္ဘောဒီးယားမှ Kui လူမျိုးများဟာ ယခင်ကကုန်သွယ်မှုတွင် တောဆင်များကို ဖမ်းပြီး စပါးရိတ်ရာတွင် သုံးရန် မွေးမြူခဲ့ပါတယ်။ယနေ့ခေတ်များမှာတော့ သူတို့က တောဆင်တွေကိုမဖမ်းတော့ပေမယ့် ရှိပြီးသားဆင်တွေကိုအသုံးပြုကြပါတယ်။”
ဒီဓာတ်ပုံကို ဒေသခံဆင်ထိန်းများ၏ ရန်ပုံငွေပွဲအတွက်ဓာတ်ပုံရိုက်နေစဉ် ထိုင်းနိုင်ငံ Surin မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Sutipond က Nong Khai ပြည်နယ်တွင် ဤဓာတ်ပုံကို ရိုက်ကူးခဲ့ပြီး နောက်ကွယ်မှဇာတ်လမ်းကတော့ “ရွာငယ်လေးတွေရဲ့ စမ်းချောင်းလေးမှာ ကလေးတွေ ဘောလုံးကစားနေကြပေမယ့် ဂိုးတိုင်မရှိခဲ့ဘူး။ဒါကြောင့် ညနေခင်း‌တွေမှာ ကောင်လေးတွေကိုဘောလုံးကစားဖို့အတွက် ငါတို့ ဝါးတွေနဲ့ ဂိုးပေါက်တွေ ဖန်တီးပေးခဲ့တယ်”လို့ ဆိုပါတယ်။\

ဒီပုံကို Udon Thani ပြည်နယ်က ဓာတ်ပုံဆရာတစ်ဦးက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ” နေရောင်ကို ကျောခိုင်းထားတဲ့ တံငါသည်တွေကို ရွေးချယ်ခဲ့တယ်။ ဒါဟာ အလွန်လှပတဲ့အချိန်တစ်ခုပါပဲ နေရောင်ခြည်ဟာ ထွက်စပြုနေပြီး ကန်ပတ်လည်က ကြာပန်းများဟာလည်း မနက်ခင်းနဲ့အတူ ပွင့်လန်းဖို့ အဆင်သင့်ဖြစ်နေကြတယ် ” လို့ သူကပြောပြခဲ့ပါတယ်။

Sutipond ရဲ့ရည်ရွယ်ချက်က‌တော့ ထိုင်းနိုင်ငံ၏အလှကို မရောက်ဖူးသောသူများ အတွက် ဖော်ထုတ်ရန်ပဲ ဖြစ်ပါတယ်။

သူကဘန်ကောက်ရှိ Wat Phra Kaew ကို မဖြစ်မနေသွားလည်ရမည့်နေရာ ဟုဆိုလေ့ရှိပါတယ်။

 

အချုပ်အားဖြင့်တော့ Sutipond Somnam ဟာ ကင်မရာဖြင့် ကမ္ဘာကြီး၏လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေလိုသူပဲ ဖြစ်ပါတယ်။

 

Rft Brightside

Written One Daily Media

One Daily Media Copyright © 2021 ကျွန်တော်တို့ကိုယ်တိုင်ဘာသာထားတဲ့အတွက် တခြား websiteမှာကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *