အမျိုးသမီးများ မိမိကိုယ်ကို ကာကွယ်တတ်ရန် အသုံးဝင် အချက် (၁၀)ချက်
အမျိုးသမီးများအနေဖြင့် တစ်ကိုယ်တည်း သွားလာရသည့်အခါ မိမိကိုယ်ကို လုံခြုံမှုရှိစေရန် ဂရုပြရမည့် အချက်များစွာရှိပါတယ်။ အော်ဟစ်အကူအညီတောင်းခံခြင်း ၊ နေရာဒေသအလိုက်သတိရှိခြင်းတို့လို ရိုးရှင်းတဲ့အရာတွေကအမျိုးသမီးအများစု သိရှိထားပြီး ဖြစ်ပါတယ်။
သို့သော် ပိုမိုတိကျသော ဗဟုသုတနှင့် အဓိကလုပ်ဆောင်ရမည့် အပြုအမူများကို ထဲထဲဝင်ဝင် သိထားမှသာ အန္တရာယ်ကင်းနိုင်မှာဖြစ်ပါတယ်။
အမျိုးသမီးများ၏ လုံခြုံရေးအတွက် အထူးဂရုပြုပေးစေလိုသောကြောင့် အန္တရာယ်ရှိသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရမည့် ရိုးရှင်းလွယ်ကူသော အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ယာဉ်ကြောနှင့် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်ပါ
သင့်နောက်မှ တစ်စုံတစ်ယောက်ကပ်ပါလာခြင်း ၊ သင့်အား လှမ်းဆွဲရန် ကြိုးစားခြင်း ၊ အစရှိသည်တို့မှ ကာကွယ်နိုင်ပါတယ်။ ယာဉ်ကြောလားရာကို မျက်နှာမူထားသောကြောင့် သင့်မြင်ကွင်းဟာ ပိုမိုရှင်းလင်းစေပါတယ်။ ဤနည်းအားဖြင့် သင့်ကိုလုံခြုံမှု ပေးစွမ်းနိုင်ပါတယ်။
(၂) အရိပ်နှင့် မှန်များမှတစ်ဆင့် သင့်ဘေးဝဲယာကို အမြဲစစ်ဆေးပါ
အကယ်၍သင်ဟာ တစ်စုံတစ်ယောက်ရဲ့ စောင့်ကြည့်ခြင်း ၊ ကပ်လိုက်ခံရခြင်းများ ရှ်ိနေပြီးဟု ခံစားရပါက အနီးပတ်ဝန်းကျင်မှ ဈေးဆိုင် အဆောက်အအုံများ၏ မှန်များမှတစ်ဆင့် ဘေးဘီဝဲယာကို အကဲခတ်ပါ။ မိမိကိုယ်ကို မှန်ကြည့်ဟန်ဆောင်ခြင်းဖြင့် လျိုဝှက်စွာ အကဲခတ်ရပါမယ်။
(၃) လှည့်ကြည့်ပါ
တစ်စုံတစ်ယောက်က သင့်အနားကို သံသယဖြစ်ဖွယ် ကပ်နေပြီဆိုပါက ထိုသူကို သေချာလှည့်ကြည့်လိုက်ပါ။ ရန်သူ၏ ပုံပန်းသဏ္ဍာန်နှင့် အဝတ်အစားကိုလဲ သေချာမှတ်သားပါ။ ရန်သူဟာ မှတ်မိခံလိုက်ပြီ ဖြစ်တာကြောင့် သင့်ကိုရန်မူရာမှာ အခက်အခဲများ ရှိလာပါမယ်။
(၄) ပတ်ဝန်းကျင်၏ အာရုံစိုက်ခံရရန် အော်ဟစ်အကူအညီတောင်းခံခြင်း
“ကူညီကြပါ” ဟုအော်ခြင်းဟာ ထင်မှတ်ထားသလောက် အာရုံစိုက်မခံရခြင်းမျိုး ဖြစ်တတ်ပါတယ်။ထို့ကြောင့် ပတ်ဝန်းကျင်က ပိုမို အလျင်အမြန် သတိထားမိပြီး အကူအညီရစေရန် “ကျွန်မကလေးကို ကူညီကြပါ ” ” ရပ်လိုက်ပါ ” စသဖြင့် အော်ဟစ်သင့်ပါတယ်။
(၅) တန်ဖိုးကြီး လက်ဝတ်ရတနာများကို မဝတ်ဆင်ခြင်း
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များ ကိုအသုံးပြုရသည့်အခါ မိမိ၏တန်ဖိုးကြီး လက်ဝတ်ရတနာများကို ဖုံးထား ၊ ချွတ်ထားသင့်ပါတယ်။ ထိုပစ္စည်းများကြောင့် ခါးပိုက်နှိုက် ၊အလစ်သုတ်သမာများ၏ အာရုံစိုက်ခံရစေနိုင်ပါတယ်။
(၆) ဆေးရုံသွားမည်ဟု ဖြေခြင်း
တစ်စုံတစ်ယောက်က ရင်းနှီးဟန်ဆောင်ကာ ဘယ်သွားမည်လဲဟု နုတ်ဆက်ခြင်းမျိုးများအတွက် ဆေးရုံသွားမည်ဟု ဖြေဆိုခြင်းက မသမာသူတို့၏ ရည်ရွယ်ချက်ကို တွေဝေစေပါတယ်။အကြောင်းကတော့ ဆေးရုံလိုနေရာမျိုးများဟာ လုံခြုံစိတ်ချရပြီး CCTV ကင်မရာများလည်း နေရာတိုင်းမှာ ရှိနေတတ်တာကြောင့်ဖြစ်ပါတယ်။
(၇) ပိုက်ဆံ သိမ်းဆည်းခြင်း
ပိုက်ဆံများ သိမ်းဆည်းရာတွင် တစ်နေရာထဲတွင် စု၍သိမ်းဆည်းခြင်းမျိုးက အခိုးခံရခြင်း ၊ ကျပျောက်ခြင်းတို့ဖြစ်သောအခါ သင့်ကို များစွာ ခက်ခဲစေနိုင်ပါတယ်။ ၊ချွေးနံ့ပျောက်ဆေးဗူးသို့မဟုတ် မှန်တစ်ချပ် အစရှိသဖြင့် နေရာစုံမှာ ခွဲခြမ်းသိမ်းဆည်းခြင်းကြောင့် အစုလိုက်အပြုံလိုက် ဆုံးရှူံးရခြင်းကို လျော့နည်းစေပါလိမ့်မယ်
(၈) အမှောင်ထဲတွင် ဖုန်းအသုံးမပြုပါနဲ့
အမှောင်ထဲတွင် ကွက်၍လင်းနေသော သင့်ကို သတိပြုခံရစေနိုင်ပြီး သင့်ဟာ ပတ်ဝန်းကျင်အပေါ် အာရုံမရရှိနေကြောင်းလဲ ပေါ်လွင်စေပါတယ်။ထို့အပြင် ဖုန်းအလင်းရောင်ကြောင့် အမှောင်ထဲတွင် မျက်စိသူငယ်အိမ်အချိန်မှီ ပြန်လည်မချိန်ညှိပေးနိုင်ပဲ လူတစ်ယောက်ချဉ်းကပ်လာသည်ကို မသိနိုင် ဖြစ်ရတတ်ပါတယ်။
(၉) လုံခြုံရေးဝန်ထမ်းများကို စောင့်ကြည့်ခိုင်းပါ
သင့်ကိုယ်သင် မလုံခြုံမှုကို ခံစားရသည်ဖြစ်စေ ၊ သင့်ကားရပ်ထားခဲ့သော ပါကင်နေရာသို့ တစ်ယောက်တည်း သွားရမည့်အခါတွင်ဖြစ်စေ အနီးအနားရှိ တရားဝင် လုံခြုံရေး ဝန်ထမ်းများ၏ အကူအညီကို ရယူပါ။
(၁၀) ကားတံခါးလော့ များကို စစ်ဆေးပါ
ကားတံခါးလော့များကို စစ်ဆေးရန် ယာဉ်၏အနောက်ဘက်တံခါး အောက်ဘက်အစွန်း (on/off) ရေးထားသော child lock ခလုတ်ငယ်တစ်ခုကို တွေ့နိုင်ပြီး ယာဉ်မောင်းသူ၏ ရန်ပြုမှု အန္တရာယ်ကို ကြိုတင်သိရှိနိုင်ပါတယ်။
သင့်လုံခြုံရေးအတွက် သင်လက်ရှိအသုံးနေတဲ့ အချက်များကိုလည်း အခြားသူများလည်းသိနိုင်ရန် အကြံပြုရေးသားပေးခဲ့နိုင်ကြပါတယ်။
Rft Brightside
Written One Daily Media