One Daily News

ချစ်စဖွယ် အနီရောင် ရှဉ့်ငယ်လေးများနှင့် ဘော်ဒါဖြစ်‌နေသူ ဆွီဒင်ဓာတ်ပုံဆရာ

ချစ်စဖွယ် အနီရောင် ရှဉ့်ငယ်လေးများနှင့် ဘော်ဒါဖြစ်‌နေသူ ဆွီဒင်ဓာတ်ပုံဆရာ

ကျွန်ုပ်တို့ဟာ တောထဲမှာ ရှဉ့်တစ်ကောင်ကိုတွေ့တဲ့အခါတိုင်း ဓာတ်ပုံအမြန်ရိုက်ရန် ကြိုးစားကြလေ့ရှိပြီး မမှီလိုက်သည်များလည်း ရှိပါတယ်။သို့သော် ဆွီဒင်ဓာတ်ပုံဆရာ Johnny Kääpä ကတော့ ကံကောင်းစွာပင် အနီရောင်ရှဥ့်‌လေးများ ကိုပုံမှန်တွေ့ရလေ့ရှိပါတယ်။သူဟာ ဆွီဒင်တောထဲမှာ ရှဉ့်လေးများနဲ့ နှစ်ပေါင်းများစွာ မိတ်ဖွဲ့နေထိုင်ခဲ့သူဖြစ်ပြီး သူနှင့်ရှဉ့်ငယ်လေးများကြားက ဆက်ဆံရေးအခြေအနေများကို တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။

Johnny ရိုက်ကူးထားခဲ့သော ရှဉ့်ပုံလေးများရရှိလာချိန်မှာတော့ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးဖို့ မစောင့်နိုင်အောင်ပဲ ဖြစ်ခဲ့ရပြီး အခုပဲ စုစည်းဖော်ပြပေးလိုက်ပါတယ်။

Mr. Kääpä ဟာ နေသာသည်ဖြစ်‌စေ မိုးမှောင်သည်ဖြစ်စေ ရှဉ့်ငယ်လေးများဆီသို့ အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ်ခန့် သွားရောက်လည်ပတ်လေ့ရှိပါတယ်။ ၎င်းတို့ဟာ နွေရာသီများမှာ အလျင်အမြန်ပြေးလွှား လျှောက်သွားနေတတ်ကြ၍ မိနစ်အနည်းငယ်သာ မြင်ရနိုင်ပြီး ဆောင်းတွင်းများမှာတော့ ဓာတ်ပုံဆရာ ယူလာပေးသော အခွံမာသီးများကို သဘောကျနှစ်ခြိုက်လေ့ရှိကြပါတယ်။

“ငါကသူတို့နဲ့ တစ်ခါတစ်လေ စကားပြောလေ့ရှိတယ်။ ငါက‌မှော်ဆရာမဟုတ်တော့ သူတို့နဲ့ ရင်းနှီးအောင်ကတော့ အစာကျွေးပြီးတော့ပဲ တည်ဆောက်ယူရတာပေါ့။

ငါ့အတွက် ဒီတောထဲမှာ သူတို့ကလွဲရင် တခြားစကားပြောရမယ့်မရှိဘူးလေ ။ သူတို့ကလဲ ငါ့ကို ပြန်ပြောကြတယ် ” လို့ Johnny က ပြောပြပါတယ်။ဒါပေမယ့် သူတို့ဟာ စကားပြောဖော်ကောင်းများတော့ မဟုတ်ဘဲ အများအားဖြင့် ” ဝေးဝေးနေ” ဟု အချင်းချင်း အော်နေကြကြောင်းလဲ Johnny ကထပ်မံပြောပြခဲ့ပါတယ် ။ ဒါပေမယ့် သူတို့ဟာ အန္တရာယ်တစ်ခုခု ကြုံလာနိုင်ချေရှိရင်တော့ ကြိုသတိပေးကြလေ့ရှိကြောင်းလဲ သိရပါတယ်။

သူက ဓာတ်ပုံများအတွက် သေးငယ်ပေါ့ပါးသောကြောင့် သယ်ဆောင်ရလွယ်ကူပြီး ၊ (၁၂၀၀)မီလီမီတာ telephotos မှန်ဘီလူးများပါဝင်တဲ့ m43 ကင်မရာများကို အသုံးပြုကြောင်း ပြောပြပါတယ်။

သူဟာ နေရောင်ခြည်ကို အံတုပြီး ရိုက်ကူးရတာကြောင့် အရည်အသွေးကောင်းမွန်သော အနီးကပ်ရိုက်ချက်များအတွက်ကိုမူ စတူဒီယိုမှ မီးများကို ယူဆောင်လာရပါတယ်။ သူက တောထဲမှာ နာရီအနည်းငယ်ခန့်နေပြီးမှ အိမ်ပြန်လေ့ရှိပါတယ်။

ရိုက်ကူးမရရှိလိုက်သော ပုံများ အကြောင်းမေးမြန်းကြည့်ရာမှာတော့ Johnny က
” ရှဥ့်တွေကငါတို့နဲ့မတူတဲ့ အချိန်အပိုင်းအခြား မှာရှိနေသလိုမျိုးပဲ ၊

သူတို့ကအရမ်းမြန်တယ် ၊ သူတို့ကို super slow-motion နဲ့ရိုက်ရင်တောင်အဲဒါက ငါတို့အတွက် ပုံမှန် အမြန်နှုန်းလောက်ပဲ ရှိနေတယ် ” လို့ရှင်းပြပါတယ်။

Mr. Kääpä ပြောပြခဲ့တဲ့ စိတ်ဝင်စားစရာအချက်တစ်ခုကတော့ ရှဉ့်လေးများဟာ မှိုများကို စားသောက်လေ့ရှိပြီး အချို့ကိုသစ်ပင်ထိပ်ဖျားများပေါ်မှာ သိမ်းထားလေ့ရှိပါတယ်။ဒီကနေ ရရှိလိုက်တဲ့ သင်ခန်းစာကတော့ ” ပစ္စုပ္ပန်မှာပျော်ပျော်နေသလို အနာဂတ်အတွက်လည်း ကြိုတင်ပြင်ဆင်တတ်ခြင်း” ပဲ ဖြစ်ပါတယ်။

သင်ရော ရှဉ့်လေးတွေကို မြင်ဖူးပါသလား ? သင် ရိုက်ကူးထားသော ရှဉ့်ပုံလေးများရှိရင်လဲ comment မှာ ဝေမျှ ပေးခဲ့နိုင်ပါတယ်။

Leave a Comment