Tue. Oct 26th, 2021

ရိုးရှင်းလွယ်ကူပြီး စားသောက်ဆိုင်ကြီးများအတိုင်း အရသာရှိစေမည့် ဟင်းလျာချက်ပြုတ်နည်း(၈) ချက်

ကျွန်ုပ်တို့အားလုံးဟာ အရသာရှိသောအစားအစာများကို နှစ်သက်ကြပြီး အချို့ကကိုယ်တိုင် ချက်ပြုတ်ခြင်းကိုပင် နှစ်သက်ကြပါတယ်။ စစ်တမ်းများအရ လူ(၃)ယောက်လျှင် (၁) ယောက်ဟာ ချက်ပြုတ်ခြင်းကို ဝါသနာပါပြီး သာမန်လူတစ်ယောက်ဟာ တစ်ပတ်လျှင် ၆နာရီခွဲခန့် မီးဖိုချောင်မှာ အချိန်ကုန်လေ့ရှိပါတယ်။

ထို့ကြောင့် စားသောက်ဆိုင်များမှ အရသာရှိသော ဟင်းလျာများ ချက်ပြုတ်ခြင်း၏ လျိုဝှက်ချက်တချို့ ကျွန်ုပ်တို့ အဖွဲ့သားများက ရှာဖွေလေ့လာထားပြီး ပြန်လည်ဝေမျှပေးလိုပါတယ်။

(၁) အီတလီ ခေါက်ဆွဲ Pasta

(6 litres) ဝင်နိုင်သော အိုးကို အသုံးပြုပြီး ရေကို လေးပုံသုံးပုံခန့် ထည့်ခြင်းဖြင့် စေးစေးပိုင်ပိုင်နှင့် နူးညံ့သော Pasta ကိုရရှိနိုင်ပါမယ်။ Sauceပြုလုပ်ရာမှာလည်း ခေါက်ဆွဲဖက်များအပေါ်မှ အလွှာတစ်ထပ် ဖုံးမနေစေရန် ရေထဲသို့ ဆီမထည့်သင့်ပါဘူး။အရေးကြီးဆုံးကတော့ ခေါက်ဆွဲကို (၁-၂) မိနစ်ခန့်သာပြုတ်ပါ။ ပြီးလျှင်ပွတ်ပွတ်ဆူနေသော Sauce ကို လောင်းထည့်ကာ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

(၂) Crispy fish Crust

မကျွမ်းကျင်သူများပင်လျှင် ကိုယ်တိုင်ပြုလုပ်နိုင်သည်အထိ လွယ်ကူပါတယ်။ စိတ်ရှည်သည်းခံမှု နှင့် မှန်ကန်သော ဒယ်အိုးရွေးချယ်မှုသာ လိုအပ်ပြီး အသင့်တော်ဆုံးကတော့ စတီးဒယ်အိုးပဲ ဖြစ်ပါတယ်။ အနေတော် ဆီပူလာရန်စောင့်ပြီး ငါးအသားတုံးကို ဒယ်အိုး၏ အလယ်မှာ ထည့်၍ဖိနှိပ်ပါ။ စေးကပ်လာသည်မှာ သာမန်သာဖြစ်ပြီး (၃-၄)မိနစ်အကြာတွင် အသားကျက်သွားမည်ဖြစ်ကာ အခြားတစ်ဖက်သို့ လှန်ရပါမယ်။ထို့နောက်မှာတော့ မီးအပူရှိန်လျှော့ကာ ခေတ္တစောင့်ပြီးလျှင် စားသုံးနိုင်ပါပြီ။

(၃) ကြက်ဥကြော်နည်း

ကြက်ဥကြော်ရာမှာတော့ ဆီအပူချိန်အနည်းငယ်ဖြင့်သာ ကြော်သင့်ပြီး အနှစ်ပေါက်ခြင်းမရှိစေရန် ကြက်ဥဖောက်ရာတွင် ဒယ်အိုးမျက်နှာပြင်နှင့် နီးကပ်စွာ ဖောက်ရပါမယ်။ အဖြူရောင် အကာသားများပျံ့နှံ့စေရန်အတွက် ဓားထိပ်လေးဖြင့် အသာယာ ထိုးမွှေပေးနိုင်ပါတယ်။

(၄)ဒယ်အိုးဂျိုးကပ်များကိုဆေးကြောခြင်း

အသီးအရွက်နှင့် အသားငါးများ ကြော်ချက်ပြီးသောအခါ အိုးမျက်နှာပြင်များဟာ စေးကပ်သော အနှစ်များဖြင့် ကျန်နေခဲ့တတ်ပါတယ်။ထိုကဲ့သို့ ဆေးကြောရခက်ခဲသော အခါများတွင် ရေအနည်းငယ် ထည့်ကာ ခေတ္တမျှ အပူပေး‌ခြင်းဖြင့် အိုးမျက်နှာပြင်မှာ ဂျိုးကပ်နေသည်များကို ဆေးကြာရန် ပိုမို လွယ်ကူစေပါတယ်။

(၅)ပိုမိုကောင်းမွန်သော ချောကလတ်အရသာ

ချောကလတ်ထဲပြုလုပ်ရာတွင် ဆားအနည်းငယ် အသုံးပြုခြင်းဟာ ချောကလတ်အရသာကို ပိုမိုကောင်းမွန်စေကြောင်း တွေ့ရှိရပါတယ်။ ဆားတွင်ပါဝင်သော Sodium ဟာ ကျွန်ုပ်တို့၏ အရသာခံ အာရုံကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေပြီး ချောကလတ်အရသာကို ပိုမိုစစ်မှန်စေပါတယ်။

(၆) ခရမ်းချဉ်သီး Sauce တွင်ပါဝင်သော လျိုဝှက်ပစ္စည်း

ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို သံလွင်ဆီအနည်းငယ်ထည့်ပြီး ခရမ်းချဉ်သီးအနည်းငယ်နှင့် ရောကာ မိနစ် ၂၀ ခန့်ပြုတ်ပါ။လျိုဝှက်ချက်ကတော့ ထောပတ်ဖြစ်ပါတယ်။ထောပတ် အနည်းငယ်ဟာ အက်ဆစ်ဓာတ်ကို လျော့နည်းပြီး ပိုမိုအရသာပြည့်စုံသော ခရမ်းချဉ်သီး Sauce ကို ရရှိပါလိမ့်မယ်။

(၇) Poached Eggs ချက်ပြုတ်နည်း

ဒါကတော့ မရိုးရှင်းပဲ လျင်မြန်မှုနှင့် အတွေ့ အကြုံများ လိုအပ်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥကို ထောပတ်နှင့်ရောမွှေပါ။ ပြီးလျှင် ပွတ်ပွတ်ဆူနေသော ရေနွေးအိုးကို မီးဖိုပေါ်မှ ချပြီး ဆူပွတ်နေသော ပူစီဖောင်းများ ပျောက်သွားသည်နှငိ့ အပူချိန်အနည်းငယ်ဖြင့်သာ မီးဖိုပေါ်ပြန်တင်ပြီး ကြက်ဥကို ထည့်၍ (၃-၄) မိနစ်ခန့် ထည့်ထားခြင်းဖြင့် ပြီးပြည့်စုံသော Poached Eggs ကို ရရှိနိုင်ပါမယ်။

(၈) ကြက်သားကိုပိုနူးညံ့စေရန် စိမ်ထားခြင်း

ကြက်ကြော်ဟာ Chef Marcus Samuelssonရဲ့ အကြိုက်ဆုံး အစားအစာများထဲမှ တစ်ခုဖြစ်ပါတယ်။သူ့ရဲ့ လျိုဝှက်ချက်များထဲမှ တစ်ခုကတော့ ကြက်သားကို ဆားရည်ဖြင့် ပြုတ်ထားခြင်းဖြင့် အရသာများ အသားအတွင်း ပျော်ဝင်စေခြင်း ဖြစ်ပါတယ်။ ထို့နောက် ရေအေး(၆)ခွက်ခန့် ထပ်မံလောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ မိနစ်(၉၀)ခန့် ထည့်ထားရပါမယ်။

ဖော်ပြပါအချက်များအပြင် သင်သိထားသော ချက်ပြုတ်နည်းအချို့ကိုလည်း အကြံပြုရေးသားခဲ့နိုင်ပါတယ်။

Rft Brightside

Written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *