Knowledge

အိမ်ရိုက်သံ

တခါတုန်းက အင်မတန်မှ စိတ်တို ၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက် ရှိသတဲ့ ။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံ တစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ် ။ ” မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေး က ဝင်းထရံ တိုင် မှာ သွားရိုက်ချေကွာ ” တဲ့ ။

အဖေကနေ အဲဒီလို ပြောပြီး သံထုပ်ကို ပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံတိုင် မှာ သံပေါင်း ၃၇ ချောင်း ရိုက်သွင်း ဖြစ်သွားတယ် ။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်း ရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာ သတဲ့ ။ သံရိုက်ချက်တွေ ဟာလည်း တစ်နေ့ထက် တစ်နေ့ ကျဲလာ ခဲ့တယ်။

အဲ့ဒီလိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက် စာရင် ဒေါသ ဖြစ်နေတဲ့ စိတ်ကို ထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာ တော့တယ် ၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲ နေနိုင်တဲ့နေ့ ကို ရောက်လာရော ၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ် ။

” အဖေရေ.. သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ ”

အဲ့ဒီလို ကျတော့ သူအဖေက တစ်မျိုး ခိုင်းပြန်ရော.. ၊ မင်းကိုယ်မင်း ဒေါသ မဖြစ်အောင် တစ်နေကုန် ထိန်းနိုင်ပြီ ဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ ။ တစ်နေ့ ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့ ။ ရက်တွေ ကြာလာတော့ ကောင်လေးက သူ့အဖေကို ပြောနိုင်သွားတယ် ။

” အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီ ၊ တစ်ချောင်းမှ မကျန်တော့ဘူး ”

သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ဝင်းထရံဆီကို ခေါ်သွားတယ်၊ တော်တယ် ငါ့သား လို့လည်း ဆိုပါတယ်။

” ဒါပေမယ့် သား သေချာကြည့်စမ်း ။ ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ် ကျန်ခဲ့တယ်နော် ”

” ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချော မွေ့မွေ့ မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့ အခါ တစ်ဖက်သား ဆိုတဲ့ ဝင်းထရံတိုင်မှာ အခုလို အမာရွတ်တွေ ထင်ကျန်ရစ်ခဲ့ တတ်တယ် သားရယ် ”

” အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုး တောင်ပန်တယ် ဆိုပါစို့ ။ သား ဘယ်နှစ်ခါဘဲ ရှိခိုး တောင်းပန်ပါစေ ။ ဒဏ်ရာနဲ့ အမာရွတ်တွေ ကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်… ” တဲ့ ။

အမှန်တကယ်တော့ မိတ်ဆွေ သူငယ်ချင်းတွေ ဆိုတာ အဖိုးတန်တဲ့ ရတနာတွေ ပါပဲ ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင် ရယ်မော စေတယ် ။ အားပေး ကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှေ၀ ခံစားကြတယ် ။ ရင်ဖွင့်သမျှကို ဂရုစိုက် နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့ ။

သူတို့ကို သံနှုတ်ရာ ကျန်ခဲ့တဲ့ ဝင်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်ဘယ်လောက် ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေ အပေါ် ဂရုစိုက်လာအောင် လုပ်ပေးသင့် ကြောင်း ပြောကြား ပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်း အဖြစ် သတ်မှတ်ထားတဲ့ သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့် ကမ်းပါ။ ယုတ်စွ အဆုံး ဒီစာလေးကို ပို့လိုက်တဲ့ သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါ သေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။

ဆရာအတ္တကျော်

for zawgyi

အိမ္႐ိုက္သံ

တခါတုန္းက အင္မတန္မွ စိတ္တို ၊ စိတ္ဆတ္တဲ့ ေကာင္ေလး တစ္ေယာက္ ရွိသတဲ့ ။ တစ္ေန႔က်ေတာ့ သူ႔အေဖက ေကာင္ေလးကို အိမ္႐ိုက္သံ တစ္ထုပ္ ေပးလိုက္ၿပီး ေျပာပါေတာ့တယ္ ။ ” မင္းတစ္ခါ စိတ္တိုတိုင္း သံတစ္ေခ်ာင္းကို ေနာက္ေဖး က ဝင္းထရံ တိုင္ မွာ သြား႐ိုက္ေခ်ကြာ ” တဲ့ ။

အေဖကေန အဲဒီလို ေျပာၿပီး သံထုပ္ကို ေပးလိုက္တဲ့ ပထမေန႔မွာ ေကာင္ေလးဟာ ဝင္းထရံတိုင္ မွာ သံေပါင္း ၃၇ ေခ်ာင္း ႐ိုက္သြင္း ျဖစ္သြားတယ္ ။ အဲဒီလိုနဲ႔ သူစိတ္တိုတိုင္း သံေလးေတြကို ဝင္းထရံမွာ ႐ိုက္ရင္း ႐ိုက္ရင္း ေကာင္ေလးဟာ သူ႔စိတ္သူ ထိန္းႏိုင္လာ သတဲ့ ။ သံ႐ိုက္ခ်က္ေတြ ဟာလည္း တစ္ေန႔ထက္ တစ္ေန႔ က်ဲလာ ခဲ့တယ္။

အဲ့ဒီလိုနဲ႔ ေကာင္ေလးဟာ ဝင္းထရံမွာ သံေျပး႐ိုက္တာထက္ စာရင္ ေဒါသ ျဖစ္ေနတဲ့ စိတ္ကို ထိန္းရတာ ပိုလြယ္မွန္း သေဘာက္ေပါက္လာ ေတာ့တယ္ ၊ အဆုံးမွာ ေကာင္ေလးဟာ စိတ္မတိုပဲ ေနႏိုင္တဲ့ေန႔ ကို ေရာက္လာေရာ ၊ ေကာင္ေလးက ေျပးၿပီး သူ႔အေဖကို သတင္း သြားပို႔တယ္ ။

” အေဖေရ.. သားေတာ့ စိတ္ကို ထိန္းႏိုင္သြားၿပီဗ် ”

အဲ့ဒီလို က်ေတာ့ သူအေဖက တစ္မ်ိဳး ခိုင္းျပန္ေရာ.. ၊ မင္းကိုယ္မင္း ေဒါသ မျဖစ္ေအာင္ တစ္ေနကုန္ ထိန္းႏိုင္ၿပီ ဆိုတာနဲ႔ အဲ့ဒီသံေတြကို ျပန္ႏုတ္ဦးကြာ ။ တစ္ေန႔ ထိန္းႏိုင္ရင္ ညအိပ္ခါနီး တစ္ေခ်ာင္းႏႈန္းနဲ႔ ႏႈတ္ေနာ္လို႔ မွာလိုက္သတဲ့ ။ ရက္ေတြ ၾကာလာေတာ့ ေကာင္ေလးက သူ႔အေဖကို ေျပာႏိုင္သြားတယ္ ။

” အေဖေရ သား႐ိုက္ခဲ့တဲ့ သံေတြ အားလုံးကို ႏႈတ္ၿပီးသြားၿပီ ၊ တစ္ေခ်ာင္းမွ မက်န္ေတာ့ဘူး ”

သည္အခါ အေဖလုပ္တဲ့သူက သားရဲ႕လက္ကို ဆြဲၿပီး သား႐ိုက္ခဲ့တဲ့ ဝင္းထရံဆီကို ေခၚသြားတယ္၊ ေတာ္တယ္ ငါ့သား လို႔လည္း ဆိုပါတယ္။

” ဒါေပမယ့္ သား ေသခ်ာၾကည့္စမ္း ။ ဝင္းထရံတိုင္မွာ အေပါက္ေတြျဖစ္ က်န္ခဲ့တယ္ေနာ္ ”

” ဒီဝင္းထရံတိုင္ေတြက အရင္တုန္းက လို ေခ်ာေခ်ာ ေမြ႕ေမြ႕ မဟုတ္ေတာ့ဘူး ဆိုတာ သားျမင္တယ္ မဟုတ္လား။ ေအး သားက စိတ္တိုတိုနဲ႔ ပါးစပ္က ေျပာခ်လိုက္တဲ့ အခါ တစ္ဖက္သား ဆိုတဲ့ ဝင္းထရံတိုင္မွာ အခုလို အမာ႐ြတ္ေတြ ထင္က်န္ရစ္ခဲ့ တတ္တယ္ သားရယ္ ”

” အဲဒီလိုပဲ လူတစ္ေယာက္ကို သားက ဓါးနဲ႔ ထိုးလိုက္တယ္။ ၿပီးရင္ ဓါးျပန္ႏႈတ္ၿပီး ရွိခိုး ေတာင္ပန္တယ္ ဆိုပါစို႔ ။ သား ဘယ္ႏွစ္ခါဘဲ ရွိခိုး ေတာင္းပန္ပါေစ ။ ဒဏ္ရာနဲ႔ အမာ႐ြတ္ေတြ ကေတာ့ မလြဲမေသြ က်န္ခဲ့မွာပဲ ငါ့သားရယ္… ” တဲ့ ။

အမွန္တကယ္ေတာ့ မိတ္ေဆြ သူငယ္ခ်င္းေတြ ဆိုတာ အဖိုးတန္တဲ့ ရတနာေတြ ပါပဲ ။ သူတို႔ဟာ ငါတို႔ေတြကို ေပ်ာ္႐ႊင္ ရယ္ေမာ ေစတယ္ ။ အားေပး ကူညီတယ္။ ဒုကၡ၊ သုခေတြကို လည္း ေမွ်၀ ခံစားၾကတယ္ ။ ရင္ဖြင့္သမွ်ကို ဂ႐ုစိုက္ နားေထာင္ေပးတယ္။ ဒါေၾကာင့္ တစ္ခုခုဆို စိတ္လိုက္မာန္ပါ မလုပ္နဲ႔ ။

သူတို႔ကို သံႏႈတ္ရာ က်န္ခဲ့တဲ့ ဝင္းထရံေတြအျဖစ္ မေရာက္ပါေစနဲ႔။ ကိုယ့္မိတ္ေဆြ သူငယ္ခ်င္းေတြကို ကိုယ္ဘယ္ေလာက္ ဂ႐ုစိုက္ ေၾကာင္း သူတို႔ကိုလည္း သူတို႔ရဲ႕ မိတ္ေဆြေတြ အေပၚ ဂ႐ုစိုက္လာေအာင္ လုပ္ေပးသင့္ ေၾကာင္း ေျပာၾကား ေပးပါ။

ဒါေၾကာင့္ ကိုယ္တိုင္က သူငယ္ခ်င္းေကာင္း မိတ္ေဆြေကာင္း အျဖစ္ သတ္မွတ္ထားတဲ့ သူေတြဆီကို ဒီပုံျပင္ေလးကို လက္ဆင့္ ကမ္းပါ။ ယုတ္စြ အဆုံး ဒီစာေလးကို ပို႔လိုက္တဲ့ သူဆီ ဒီအတိုင္း ျပန္ပို႔ႏိုင္ပါ ေသးတယ္။ ကိုယ္ပို႔လိုက္တဲ့စာ ကိုယ့္ဆီ ျပန္ေရာက္လာရင္ ကိုယ့္မွာ မိတ္ေဆြေကာင္းေတြ ရွိေနတာကို အလိုလို ခံစားႏိုင္မွာပါ။

ဆရာအတၱေက်ာ္

Leave a Comment