Tue. Oct 26th, 2021

ကျနော် ငယ်ငယ်တုန်းက ရွာမှာ Video ရုံ နှစ်ရုံပဲ ရှိတယ် ။ ထွန်းနိုင်ရုံနဲ့ ကျီးစင်ရုံ တဲ့ ။ ဦးထွန်းနိုင် နဲ့ ဦးကျီးစင်က ပိုင်တဲ့ရုံတွေ ပေါ့ဗျာ ။ ကလေးတုန်းက ဆိုတော့ သူများတွေ ခေါ်သလိုပဲ နာမည်ရှေ့မှာ ဦးမတပ်ပဲ ခေါ်ကြတာပဲ ။ အဲ့နှစ်ရုံနောက်မှ မရွှေရုံ၊ ဦးပေါရုံ ဆိုပြီး ရွေးစရာရုံတွေ များလာတာပဲ ။

ညနေစောင်းပြီ ဆိုတာနဲ့ သူငယ်ချင်း တစ်စု ရွာကို ပတ်ပြီး ဘယ်ရုံက ဇတ်ကားကောင်းလဲ ဆိုတာ သိရဖို့ တစ်ရုံချင်းစီ ပတ်ပြီး ရုံရှေ့မှာ ထောင်ထားတဲ့ ဘော (Black Board) က စာတွေကို လိုက်ဖတ် ရတော့တာပေါ့။

ဦးထွန်းနိုင်က ကျွန်တော့အဖွားနဲ့ ဘာတော်တာလဲတော့ မသိဘူး။ ဆွေမျိုးနီးစပ်တော့ တော်တယ်။ ဒါကြောင့် အဲ့ရုံမှာ သွားကြည့်ရင် ပိုက်ဆံ မပေးရဘူး။ ဒါပေမယ့် ရုံပေါက်ဝမှာ ပိုက်ဆံ ကောက်နေတဲ့သူက ကိုယ်နဲ့ မသိရင် ပေးရတာပါပဲ ။ ဦးထွန်းနိုင်က အရှေ့ရုံနဲ့ အနောက်ရုံ ဆိုပြီး ရုံနှစ်ရုံ ပိုင်တယ်ဗျ။ အရှေ့ရုံမှာက ပထမကားကို မြန်မာဇတ်ကားတွေ ပြလေ့ရှိပြီး ဒုတိယကားကို အင်္ဂလိပ်ကားတွေ ပြလေ့ ရှိတယ်။ အနောက်ရုံကတော့ အင်္ဂလိပ်ကားပဲ အမြဲပြတယ်။

အဲ့ဒီခေတ်က မင်းသားတွေ ကလည်း ဒွေး၊ လွင်မိုး၊ မင်းဦး တို့ဆို အချစ်ကား၊ အိမ်ထောင်ရေးကား။ ကျော်သူ၊ ကျော်ဟိန်း တို့က နည်းနည်း ခပ်ကြမ်းကြမ်းကား။ ရဲမင်းပိုင် သီဟတင်စိုး၊ နေထက်လင်း၊ အောင်ပိုင် တို့က တော်လှန်ရေးကား။ ၊ ထွန်းလုံရှိန်နဲ့ နောက်မင်းသား တစ်ယောက်က ရာဇဝင်ကား စသည်ဖြင့် ပေါ့ဗျာ။ မင်းသားကို ကြည့်လိုက်တာနဲ့ ဇတ်လမ်းကို ခန့်မှန်းမိ ကြတော့ စိတ်ကြိုက် ရွေးကြည့်ကြ တာပဲ ။ ( လူမင်းက နောက်ကျတယ် ထင်တာပဲ )

မင်းသားက လူဆိုးတွေကို ချတဲ့အခန်းဆို Slow Motion နဲ့ ” ဒချိ ဒချိ ဒချိ ” ဆိုပြီး ပြန်ပြတာတွေ သိပ်ကြိုက်တာ။ ရဲမြညွန့်နှင့် အဖွဲ့ ရောက်လာပြီ ဆိုရင် တစ်ရုံလုံး ” ဟေး ” ခနဲ လက်ခုပ် ဝိုင်းတီးကြပြီး ” ဟေ့ကောင်တွေ တစ်ယောက်မှ မလှုပ်နဲ့ မင်းတို့ကို ပြည်သူ့ရဲတွေ ဝိုင်းထားပြီ ” ဆိုတဲ့ အသံ ကြားရင်တော့ ဖိနပ်လေးတွေ ကောက်ကိုင် ရတော့တာပဲ ။ ဇတ်သိမ်းပြီလေ။ ဆက်ကြည့်နေစရာကို မလိုတော့တာ ။

အနောက်ကားကတော့ ဂျက်လီ ၊ ဂျက်ကီချန်း၊ အာနိုး၊ ဗန်ဒိန်း ဒီလေးယောက်ပဲ သိတယ် ။ ကျန်တာက မင်းသားနာမည် ဘယ်သူလဲကို မသိတာ။ ရုံပိုင်ရှင် ကလည်း အခွေ ငှါးလာပြီးရင် ခနရစ်ကြည့် ။ မင်းသားက အရင် ခံရ၊ နောက်ပိုင်းမှ လူဆိုးတွေကို ပြန်ချ တဲ့ ဇတ်လမ်းမျိုးဆို ” ချစ်သူအတွက် သွေးကြွေး ဆပ်မယ့် တစ်ကိုယ်တော် ဖိုက်တင်မင်းသား ” ဆိုပြီး ရေးတော့တာပဲ။ ဇတ်ကြမ်း ဆိုတာလေးလည်း မပျက် မကွက် ထည့်ရေးရ တာပေါ့ ။ မင်းသမီး ဇတ်လမ်း ဆိုလည်း ဘယ်မင်းသမီးဖြစ်ဖြစ် ဂျက်မ ပဲ။ တရုပ်မင်းသမီးဆို ဟောင်ကောင်ဂျက်မ ပေါ့လေ ။

ငယ်ငယ်သေးတုန်း ကတော့ အမနဲ့ အတူတူ သွားကြည့်တာ ဆိုတော့ အမ ကြည့်တဲ့ မြန်မာကားတွေ အတူတူ ကြည့်ရတော့ တာပေါ့။ ရုံထဲကိုရောက် ကုက္ကိလ်စေ့လှော်တွေ စား၊ ပျင်းလာတော့ နေရာမှာတင် လှဲအိပ်၊ ဇတ်လမ်း ပြီးပြီ ဆိုမှ အမက နှိုး ၊ အဲ့လိုကြီးပဲ။ နောက်ပိုင်း ကိုယ်တိုင် ရွေးကြည့်တတ် လာတော့ အင်္ဂလိပ်ကား ( အမှန်က နိုင်ငံခြားကား ပေါ့လေ။ တရုပ်ရော၊ အမေရိကန်ရော ဘာကားဖြစ်ဖြစ် မြန်မာကား မဟုတ်ရင် အင်္ဂလိပ်ကား လို့ပဲ ခေါ်ကြတာ ) ပဲ ရွေးကြည့်ဖြစ် တော့တာပဲ ။

သူငယ်ချင်းတွေ ကြည့်တဲ့ရုံ မတူတဲ့ အခါ ညက ကြည့်တဲ့ ဇတ်ကား အကြောင်း သူကြည့်တဲ့ ဇတ်ကားက ကောင်းတယ်။ ငါကြည့်တဲ့ ဇတ်ကားက ကောင်းတယ်နဲ့ အပြန်အလှန် ငြင်းကြတာလည်း အမှတ် တရပဲ ။ ဘယ်လိုတွေ ငြင်းကြလဲ ဆိုတာ ဥပမာ ပြောရရင်..

” ဟေ့ကောင် ညက ငါကြည့်တဲ့ ဇတ်ကားထဲမှာ ဆိုင်ကယ်တွေ ရှေ့ဘီးထောင်ပြီး မောင်းပြတာ ကြည့်ရတာ ကောင်းမှကောင်း ပဲ ”

” ဟေ့ကောင် ငါကြည့်တဲ့ ကားထဲမှာဆို ဆိုင်ကယ်က ရှေ့ဘီးတောင် မပါဘူး စမောင်းကတည်းက အဲ့အတိုင်းမောင်းတာ ”

” ဘာမှ လာမပြောနဲ့ ညက ငါကြည့်တဲ့ ဇတ်ကားထဲက ဆိုင်ကယ်ဆို ဘီးနှစ်ဘီးလုံး မပါဘူး လေပေါ်မှာ လျောက်ပျံ နေတာ ”

အဲ့ဒီလိုမျိုးပေါ့ဗျာ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အနိုင်ရအောင် ပြောကြတာပဲ။

ဒီပို့စ်ရဲ့ အဓိက ပြောချင်တဲ့ အချက်ကတော့ ရွာသားစစ်စစ် ဖြစ်တဲ့ ကျွန်တော်တောင် မြန်မာကား တွေကို အမ ခေါ်သွားလို့ ရုံထဲ သွားသွား အိပ်ဖူးတာက လွဲရင် သေချာ စွဲစွဲ မြဲမြဲ မကြည့်ဖူးပါဘူး ။ ရွာသားတွေလည်း အင်္ဂလိပ်ကား ( နိုင်ငံခြားကား ) တွေကို ကလေးဘဝထဲက သေသေချာချာ စွဲစွဲ မြဲမြဲ ကြည့်ကြ ပါတယ် ။ မြန်မာဇာတ်ကား တွေကို ရွာကားလို့ ပြောတာဟာ ရွာသားတွေကို စော်ကားရာ ရောက်ပါတယ် လို့ ဒီနေရာက ပြတ်ပြတ် သားသား ပြောလိုက် ပါတယ် ။

လွင်းညီညာ ( ရွာသား )

for zawgyi

ရြာသားေတြကို မေစာ္ကားနဲ႔

က်ေနာ္ ငယ္ငယ္တုန္းက ႐ြာမွာ Video ႐ုံ ႏွစ္႐ုံပဲ ရွိတယ္ ။ ထြန္းႏိုင္႐ုံနဲ႔ က်ီးစင္႐ုံ တဲ့ ။ ဦးထြန္းႏိုင္ နဲ႔ ဦးက်ီးစင္က ပိုင္တဲ့႐ုံေတြ ေပါ့ဗ်ာ ။ ကေလးတုန္းက ဆိုေတာ့ သူမ်ားေတြ ေခၚသလိုပဲ နာမည္ေရွ႕မွာ ဦးမတပ္ပဲ ေခၚၾကတာပဲ ။ အဲ့ႏွစ္႐ုံေနာက္မွ မေ႐ႊ႐ုံ၊ ဦးေပါ႐ုံ ဆိုၿပီး ေ႐ြးစရာ ႐ုံေတြ မ်ားလာတာပဲ ။

ညေနေစာင္းၿပီ ဆိုတာနဲ႔ သူငယ္ခ်င္း တစ္စု ႐ြာကို ပတ္ၿပီး ဘယ္႐ုံက ဇတ္ကားေကာင္းလဲ ဆိုတာ သိရဖို႔ တစ္႐ုံခ်င္းစီ ပတ္ၿပီး ႐ုံေရွ႕မွာ ေထာင္ထားတဲ့ ေဘာ (Black Board) က စာေတြကို လိုက္ဖတ္ ရေတာ့တာေပါ့။

ဦးထြန္းႏိုင္က ကြၽန္ေတာ့အဖြားနဲ႔ ဘာေတာ္တာလဲေတာ့ မသိဘူး။ ေဆြမ်ိဳးနီးစပ္ေတာ့ ေတာ္တယ္။ ဒါေၾကာင့္ အဲ့႐ုံမွာ သြားၾကည့္ရင္ ပိုက္ဆံ မေပးရဘူး။ ဒါေပမယ့္ ႐ုံေပါက္ဝမွာ ပိုက္ဆံ ေကာက္ေနတဲ့သူက ကိုယ္နဲ႔ မသိရင္ ေပးရတာပါပဲ ။ ဦးထြန္းႏိုင္က အေရွ႕႐ုံနဲ႔ အေနာက္႐ုံ ဆိုၿပီး ႐ုံႏွစ္႐ုံ ပိုင္တယ္ဗ်။ အေရွ႕႐ုံမွာက ပထမကားကို ျမန္မာဇတ္ကားေတြ ျပေလ့ရွိၿပီး ဒုတိယကားကို အဂၤလိပ္ကားေတြ ျပေလ့ ရွိတယ္။ အေနာက္႐ုံကေတာ့ အဂၤလိပ္ကားပဲ အၿမဲျပတယ္။

အဲ့ဒီေခတ္က မင္းသားေတြ ကလည္း ေဒြး၊ လြင္မိုး၊ မင္းဦး တို႔ဆို အခ်စ္ကား၊ အိမ္ေထာင္ေရးကား။ ေက်ာ္သူ၊ ေက်ာ္ဟိန္း တို႔က နည္းနည္း ခပ္ၾကမ္းၾကမ္းကား။ ရဲမင္းပိုင္ သီဟတင္စိုး၊ ေနထက္လင္း၊ ေအာင္ပိုင္ တို႔က ေတာ္လွန္ေရးကား။ ၊ ထြန္းလုံရွိန္နဲ႔ ေနာက္မင္းသား တစ္ေယာက္က ရာဇဝင္ကား စသည္ျဖင့္ ေပါ့ဗ်ာ။ မင္းသားကို ၾကည့္လိုက္တာနဲ႔ ဇတ္လမ္းကို ခန႔္မွန္းမိ ၾကေတာ့ စိတ္ႀကိဳက္ ေ႐ြးၾကည့္ၾက တာပဲ ။ ( လူမင္းက ေနာက္က်တယ္ ထင္တာပဲ )

မင္းသားက လူဆိုးေတြကို ခ်တဲ့အခန္းဆို Slow Motion နဲ႔ ” ဒခ်ိ ဒခ်ိ ဒခ်ိ ” ဆိုၿပီး ျပန္ျပတာေတြ သိပ္ႀကိဳက္တာ။ ရဲျမၫြန႔္ႏွင့္ အဖြဲ႕ ေရာက္လာၿပီ ဆိုရင္ တစ္႐ုံလုံး ” ေဟး ” ခနဲ လက္ခုပ္ ဝိုင္းတီးၾကၿပီး ” ေဟ့ေကာင္ေတြ တစ္ေယာက္မွ မလႈပ္နဲ႔ မင္းတို႔ကို ျပည္သူ႔ရဲေတြ ဝိုင္းထားၿပီ ” ဆိုတဲ့ အသံ ၾကားရင္ေတာ့ ဖိနပ္ေလးေတြ ေကာက္ကိုင္ ရေတာ့တာပဲ ။ ဇတ္သိမ္းၿပီေလ။ ဆက္ၾကည့္ေနစရာကို မလိုေတာ့တာ ။

အေနာက္ကားကေတာ့ ဂ်က္လီ ၊ ဂ်က္ကီခ်န္း၊ အာႏိုး၊ ဗန္ဒိန္း ဒီေလးေယာက္ပဲ သိတယ္ ။ က်န္တာက မင္းသားနာမည္ ဘယ္သူလဲကို မသိတာ။ ႐ုံပိုင္ရွင္ ကလည္း အေခြ ငွါးလာၿပီးရင္ ခနရစ္ၾကည့္ ။ မင္းသားက အရင္ ခံရ၊ ေနာက္ပိုင္းမွ လူဆိုးေတြကို ျပန္ခ် တဲ့ ဇတ္လမ္းမ်ိဳးဆို ” ခ်စ္သူအတြက္ ေသြးေႂကြး ဆပ္မယ့္ တစ္ကိုယ္ေတာ္ ဖိုက္တင္မင္းသား ” ဆိုၿပီး ေရးေတာ့တာပဲ။ ဇတ္ၾကမ္း ဆိုတာေလးလည္း မပ်က္ မကြက္ ထည့္ေရးရ တာေပါ့ ။ မင္းသမီး ဇတ္လမ္း ဆိုလည္း ဘယ္မင္းသမီးျဖစ္ျဖစ္ ဂ်က္မ ပဲ။ တ႐ုပ္မင္းသမီးဆို ေဟာင္ေကာင္ဂ်က္မ ေပါ့ေလ ။

ငယ္ငယ္ေသးတုန္း ကေတာ့ အမနဲ႔ အတူတူ သြားၾကည့္တာ ဆိုေတာ့ အမ ၾကည့္တဲ့ ျမန္မာကားေတြ အတူတူ ၾကည့္ရေတာ့ တာေပါ့။ ႐ုံထဲကိုေရာက္ ကုကၠိလ္ေစ့ေလွာ္ေတြ စား၊ ပ်င္းလာေတာ့ ေနရာမွာတင္ လွဲအိပ္၊ ဇတ္လမ္း ၿပီးၿပီ ဆိုမွ အမက ႏႈိး ၊ အဲ့လိုႀကီးပဲ။ ေနာက္ပိုင္း ကိုယ္တိုင္ ေ႐ြးၾကည့္တတ္ လာေတာ့ အဂၤလိပ္ကား ( အမွန္က ႏိုင္ငံျခားကား ေပါ့ေလ။ တ႐ုပ္ေရာ၊ အေမရိကန္ေရာ ဘာကားျဖစ္ျဖစ္ ျမန္မာကား မဟုတ္ရင္ အဂၤလိပ္ကား လို႔ပဲ ေခၚၾကတာ ) ပဲ ေ႐ြးၾကည့္ျဖစ္ ေတာ့တာပဲ ။

သူငယ္ခ်င္းေတြ ၾကည့္တဲ့႐ုံ မတူတဲ့ အခါ ညက ၾကည့္တဲ့ ဇတ္ကား အေၾကာင္း သူၾကည့္တဲ့ ဇတ္ကားက ေကာင္းတယ္။ ငါၾကည့္တဲ့ ဇတ္ကားက ေကာင္းတယ္နဲ႔ အျပန္အလွန္ ျငင္းၾကတာလည္း အမွတ္ တရပဲ ။ ဘယ္လိုေတြ ျငင္းၾကလဲ ဆိုတာ ဥပမာ ေျပာရရင္..

” ေဟ့ေကာင္ ညက ငါၾကည့္တဲ့ ဇတ္ကားထဲမွာ ဆိုင္ကယ္ေတြ ေရွ႕ဘီးေထာင္ၿပီး ေမာင္းျပတာ ၾကည့္ရတာ ေကာင္းမွေကာင္း ပဲ ”

” ေဟ့ေကာင္ ငါၾကည့္တဲ့ ကားထဲမွာဆို ဆိုင္ကယ္က ေရွ႕ဘီးေတာင္ မပါဘူး စေမာင္းကတည္းက အဲ့အတိုင္းေမာင္းတာ ”

” ဘာမွ လာမေျပာနဲ႔ ညက ငါၾကည့္တဲ့ ဇတ္ကားထဲက ဆိုင္ကယ္ဆို ဘီးႏွစ္ဘီးလုံး မပါဘူး ေလေပၚမွာ ေလ်ာက္ပ်ံ ေနတာ ”

အဲ့ဒီလိုမ်ိဳးေပါ့ဗ်ာ။ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ အႏိုင္ရေအာင္ ေျပာၾကတာပဲ။

ဒီပို႔စ္ရဲ႕ အဓိက ေျပာခ်င္တဲ့ အခ်က္ကေတာ့ ႐ြာသားစစ္စစ္ ျဖစ္တဲ့ ကြၽန္ေတာ္ေတာင္ ျမန္မာကား ေတြကို အမ ေခၚသြားလို႔ ႐ုံထဲ သြားသြား အိပ္ဖူးတာက လြဲရင္ ေသခ်ာ စြဲစြဲ ၿမဲၿမဲ မၾကည့္ဖူးပါဘူး ။ ႐ြာသားေတြလည္း အဂၤလိပ္ကား ( ႏိုင္ငံျခားကား ) ေတြကို ကေလးဘဝထဲက ေသေသခ်ာခ်ာ စြဲစြဲ ၿမဲၿမဲ ၾကည့္ၾက ပါတယ္ ။ ျမန္မာဇာတ္ကား ေတြကို ႐ြာကားလို႔ ေျပာတာဟာ ႐ြာသားေတြကို ေစာ္ကားရာ ေရာက္ပါတယ္ လို႔ ဒီေနရာက ျပတ္ျပတ္ သားသား ေျပာလိုက္ ပါတယ္ ။

လြင္းညီညာ ( ႐ြာသား )

Leave a Reply

Your email address will not be published. Required fields are marked *