Tue. Oct 26th, 2021

အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးရင် ဘယ်တော့မှ အဖြေတစ်မျိုးတည်း မထွက်ပါဘူး။ အကြံပေးချင်တာက တကယ်ချမ်းသာအောင်မြင်သွားသူတွေ ကျင့်သုံးတဲ့ အလေ့အကျင့်မျိုး ကိုယ်လည်း အတုယူပြီး လိုက်လုပ်ဖို့ ပါပဲ။

(၁) မပျင်းနဲ့

 

Alpha M လို့ ခေါ်တဲ့ YouTube ချန်နယ်က Vlogger အာရွန်မာရီနိုရဲ့ စကားအတိုင်းဆိုရင် အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်တစ်ခုပဲ ရှိပါတယ်။ အဲ့ဒါက ဘယ်တော့မှ မပျင်းဖို့ပါ။ အောင်မြင်ဖို့အတွက် နံပါတ်တစ် လျှို့ဝှက်ချက်က ဘယ်တော့မှ မပျင်းရိဖို့ပဲ ဖြစ်ပါတယ်။

(၂) တစ်ခုတည်းကို အကောင်းဆုံး လုပ်ပါ

ဟိုဟာစပ်စပ် ဒီဟာစပ်စပ် လိုက်လုပ်တာထက် ကိုယ်ယုံကြည်မှု အရှိဆုံးနဲ့ အားအသန်ဆုံးအပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခြင်းက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ထဲမှာ ပါပါတယ်။ အရာရာတိုင်းကို အရိုးရှင်းဆုံးဖြစ်အောင် လုပ်ပါ။ ရှင်းရှင်းလင်းလင်း မြင်အောင် လုပ်ပြီး ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းရည်နဲ့ လုပ်အားကို ထည့်သုံးမယ်ဆိုရင် တကယ်အောင်မြင်ပါတယ်။

(၃) ငွေက သင့်အတွက် အလုပ်လုပ်အောင် ခိုင်းတတ်ပါစေ

 

“ငွေရဖို့ အလုပ်မလုပ်ပါနဲ့ ၊ ဒါက မြန်မြန်ဆန်ဆန်ပဲ ပျက်စီးသွားမှာပါ။ ဘယ်တော့မှလည်း ကိုယ်လုပ်တာအတွက် အားရကျေနပ်မှုလည်း ရှိမှာ မဟုတ်ပါဘူး” လို့ Apple အမှုဆောင်အရာရှိချုပ်က အကြံပေးခဲ့ဖူးပါတယ်။
ပုဂ္ဂလိက ဘဏ္ဍာရေးပညာပေးကုမ္ပဏီ Rich Dad ကို ထူထောင်ခဲ့တဲ့ ရောဘတ်ကီရောစကီးကလည်း လေ့လာဖို့ အလုပ်လုပ်ပါ။ ငွေရှာဖို့ပဲ အလုပ်မလုပ်ပါနဲ့လို့ ပြောထားပါတယ်။ ငွေကို ကိုယ့်အတွက် အလုပ်လုပ်လာအောင် ခိုင်းတတ်သွားမယ်ဆိုရင် ငွေနဲ့ပြေးတမ်းလိုက်တမ်း ကစားပွဲမှာ မမောပန်းစတမ်း အနိုင်ရလာမှာ ဖြစ်ပါတယ်။

(၄) တစ်ခြားသူတွေရဲ့ လူမှုကွန်ရက်ပေါ်က အောင်မြင်မှုပဲ ကြည့်မနေပါပဲ

 

 

လူအများစုဟာ တစ်ခြားသူတွေကိုပဲ လိုက်ကြည့်နေတာနဲ့တင် ကိုယ့်ဘဝတိုးတက်အောင် လုပ်ဖို့ မေ့လျော့နေကြတယ်လို့ စကားရှိပါတယ်။ အောင်မြင်ချင်သူတွေဟာ တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန် အဆက်ဖြတ်/ခွဲခြားလိုက်ရမလဲ သိတတ်ဖို့ လိုပါတယ်။ လူမှုကွန်ရက်ခေတ်မှာ Social Media ပေါ်က တစ်ခြားသူတွေ တင်ထားနေတဲ့ အကြွားပို့စ်တွေ ကြည့်ပြီး မခံချိမခံသာ ဖြစ်ရုံနဲ့တော့ ဘာအကျိုးမှလည်း ရှိမှာ မဟုတ်ပါဘူး။
ကိုယ့်လမ်းကြောင်းကို ကိုယ်ပဲ ခုတ်ထွင်ပါ။ အောင်မြင်ချမ်းသာအောင် ကိုယ့်ကို ပို့ဆောင်မှာ ကိုယ့်ရဲ့ ကံ ၊ ဉာဏ်နဲ့ ဝီရိယပဲ ရှိတယ်ဆိုတာ အမြဲနှလုံးသွင်းထားပါ။ အောင်မြင်အောင် ကြိုးစားနေချိန်မှာ တစ်ခြားသူတွေရဲ့ အမြင်တွေ ၊ ခြေလှမ်းတွေကို အလွန်အကျွံ အာရုံမစိုက်ဖို့ အမြဲပဲ ထိန်းချုပ်ထားဖို့ လိုပါတယ်။

(၅) အောင်မြင်မှု တံခါးကို အမြဲခေါက်နေပါ

 

 

ချမ်းသာဖို့အတွက် အလုပ်လည်း ကြိုးစား ၊ မိတ်ဆွေကောင်းတွေလည်း ရှာဖွေထားဖို့ လိုပါတယ်။ ကိုယ်လေးစားအားကျရတဲ့ အောင်မြင်ချမ်းသာသူတွေနဲ့ ရင်းနှီးရင် ပိုကောင်းပါတယ်။ နောက်တစ်ချက် တိုးတက်မယ့် စာတွေ အမြဲမပြတ် ဖတ်ရှုနေတာကလည်း အောင်မြင်မှုဆီ သွားတဲ့ လမ်းပေါ်က တံခါးတွေကို ခေါက်နေတာပဲ ဖြစ်ပါတယ်။

 

ေအာင္ျမင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္က ဘာလဲလို႔ ေမးရင္ ဘယ္ေတာ့မွ အေျဖတစ္မ်ိဳးတည္း မထြက္ပါဘူး။ အႀကံေပးခ်င္တာက တကယ္ခ်မ္းသာေအာင္ျမင္သြားသူေတြ က်င့္သုံးတဲ့ အေလ့အက်င့္မ်ိဳး ကိုယ္လည္း အတုယူၿပီး လိုက္လုပ္ဖို႔ ပါပဲ။

(၁) မပ်င္းနဲ႔

 

 

Alpha M လို႔ ေခၚတဲ့ YouTube ခ်န္နယ္က Vlogger အာ႐ြန္မာရီႏိုရဲ႕ စကားအတိုင္းဆိုရင္ ေအာင္ျမင္ဖို႔အတြက္ လွ်ိဳ႕ဝွက္ခ်က္တစ္ခုပဲ ရွိပါတယ္။ အဲ့ဒါက ဘယ္ေတာ့မွ မပ်င္းဖို႔ပါ။ ေအာင္ျမင္ဖို႔အတြက္ နံပါတ္တစ္ လွ်ိဳ႕ဝွက္ခ်က္က ဘယ္ေတာ့မွ မပ်င္းရိဖို႔ပဲ ျဖစ္ပါတယ္။

(၂) တစ္ခုတည္းကို အေကာင္းဆုံး လုပ္ပါ

 

 

ဟိုဟာစပ္စပ္ ဒီဟာစပ္စပ္ လိုက္လုပ္တာထက္ ကိုယ္ယုံၾကည္မႈ အရွိဆုံးနဲ႔ အားအသန္ဆုံးအပိုင္းမွာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားျခင္းက ေအာင္ျမင္မႈရဲ႕ လွ်ိဳ႕ဝွက္ခ်က္ထဲမွာ ပါပါတယ္။ အရာရာတိုင္းကို အ႐ိုးရွင္းဆုံးျဖစ္ေအာင္ လုပ္ပါ။ ရွင္းရွင္းလင္းလင္း ျမင္ေအာင္ လုပ္ၿပီး ကိုယ့္ရဲ႕ အေကာင္းဆုံး စြမ္းရည္နဲ႔ လုပ္အားကို ထည့္သုံးမယ္ဆိုရင္ တကယ္ေအာင္ျမင္ပါတယ္။

(၃) ေငြက သင့္အတြက္ အလုပ္လုပ္ေအာင္ ခိုင္းတတ္ပါေစ

 

“ေငြရဖို႔ အလုပ္မလုပ္ပါနဲ႔ ၊ ဒါက ျမန္ျမန္ဆန္ဆန္ပဲ ပ်က္စီးသြားမွာပါ။ ဘယ္ေတာ့မွလည္း ကိုယ္လုပ္တာအတြက္ အားရေက်နပ္မႈလည္း ရွိမွာ မဟုတ္ပါဘူး” လို႔ Apple အမႈေဆာင္အရာရွိခ်ဳပ္က အႀကံေပးခဲ့ဖူးပါတယ္။
ပုဂၢလိက ဘ႑ာေရးပညာေပးကုမၸဏီ Rich Dad ကို ထူေထာင္ခဲ့တဲ့ ေရာဘတ္ကီေရာစကီးကလည္း ေလ့လာဖို႔ အလုပ္လုပ္ပါ။ ေငြရွာဖို႔ပဲ အလုပ္မလုပ္ပါနဲ႔လို႔ ေျပာထားပါတယ္။ ေငြကို ကိုယ့္အတြက္ အလုပ္လုပ္လာေအာင္ ခိုင္းတတ္သြားမယ္ဆိုရင္ ေငြနဲ႔ေျပးတမ္းလိုက္တမ္း ကစားပြဲမွာ မေမာပန္းစတမ္း အႏိုင္ရလာမွာ ျဖစ္ပါတယ္။

(၄) တစ္ျခားသူေတြရဲ႕ လူမႈကြန္ရက္ေပၚက ေအာင္ျမင္မႈပဲ ၾကည့္မေနပါပဲ

 

 

လူအမ်ားစုဟာ တစ္ျခားသူေတြကိုပဲ လိုက္ၾကည့္ေနတာနဲ႔တင္ ကိုယ့္ဘဝတိုးတက္ေအာင္ လုပ္ဖို႔ ေမ့ေလ်ာ့ေနၾကတယ္လို႔ စကားရွိပါတယ္။ ေအာင္ျမင္ခ်င္သူေတြဟာ တစ္ျခားသူေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဘယ္အခ်ိန္ အဆက္ျဖတ္/ခြဲျခားလိုက္ရမလဲ သိတတ္ဖို႔ လိုပါတယ္။ လူမႈကြန္ရက္ေခတ္မွာ Social Media ေပၚက တစ္ျခားသူေတြ တင္ထားေနတဲ့ အႂကြားပို႔စ္ေတြ ၾကည့္ၿပီး မခံခ်ိမခံသာ ျဖစ္႐ုံနဲ႔ေတာ့ ဘာအက်ိဳးမွလည္း ရွိမွာ မဟုတ္ပါဘူး။
ကိုယ့္လမ္းေၾကာင္းကို ကိုယ္ပဲ ခုတ္ထြင္ပါ။ ေအာင္ျမင္ခ်မ္းသာေအာင္ ကိုယ့္ကို ပို႔ေဆာင္မွာ ကိုယ့္ရဲ႕ ကံ ၊ ဉာဏ္နဲ႔ ဝီရိယပဲ ရွိတယ္ဆိုတာ အၿမဲႏွလုံးသြင္းထားပါ။ ေအာင္ျမင္ေအာင္ ႀကိဳးစားေနခ်ိန္မွာ တစ္ျခားသူေတြရဲ႕ အျမင္ေတြ ၊ ေျခလွမ္းေတြကို အလြန္အကြၽံ အာ႐ုံမစိုက္ဖို႔ အၿမဲပဲ ထိန္းခ်ဳပ္ထားဖို႔ လိုပါတယ္။

(၅) ေအာင္ျမင္မႈ တံခါးကို အၿမဲေခါက္ေနပါ

 

 

ခ်မ္းသာဖို႔အတြက္ အလုပ္လည္း ႀကိဳးစား ၊ မိတ္ေဆြေကာင္းေတြလည္း ရွာေဖြထားဖို႔ လိုပါတယ္။ ကိုယ္ေလးစားအားက်ရတဲ့ ေအာင္ျမင္ခ်မ္းသာသူေတြနဲ႔ ရင္းႏွီးရင္ ပိုေကာင္းပါတယ္။ ေနာက္တစ္ခ်က္ တိုးတက္မယ့္ စာေတြ အၿမဲမျပတ္ ဖတ္ရႈေနတာကလည္း ေအာင္ျမင္မႈဆီ သြားတဲ့ လမ္းေပၚက တံခါးေတြကို ေခါက္ေနတာပဲ ျဖစ္ပါတယ္။

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *