success

“စာဖတ်ခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ”

Benefits of Reading”

အောင်မြင်နေတဲ့သူတိုင်း ကမ္ဘာကျော် millionaire တွေတိုင်းမေးလိုက်ရင် စာဖတ်ကြပါတယ်။ ဖတ်နေတဲ့စာအုပ်အမျိုးအစားတွေသာ ကွာခြားသွားမယ် စာမဖတ်သူမရှိပါဘူး။ ဒါကြောင့် အောင်မြင်ချင်ရင်စာဖတ်ရပါတယ်။

ဘဝမှာပျော်ရွှင်နေတဲ့သူတွေ အခက်အခဲဘာတွေပဲရှိရှိ အမြဲပြုံးနေတဲ့သူတွေကို မေးလိုက်ရင်လည်း စာဖတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်တဲ့ စိတ်ဓါတ်ခွန်အားရရှိစေမယ့် စာပေမျိုးတွေဖတ်သင့်ပါတယ်။

စာဖတ်ခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးတွေကိုဖော်ပြလိုက်ပါတယ်။

(၁) အာရုံစူးစိုက်မှုကောင်းခြင်း


စာပေထဲမှာ စိတ်ဝင်တစားဖတ်ရှုဖန်များလာတဲ့အခါ အာရုံစူးစိုက်မှုပိုတိုးမြင့်လာတဲ့အတွက် ကျောင်းသင်ခန်းစာမှာပဲဖြစ်ဖြစ် အလုပ်ခွင်မှာပဲဖြစ်ဖြစ် ပိုမိုဖြစ်ထွန်းပါတယ်။

(၂) အသိပညာကြွယ်ဝခြင်း
စာအုပ်စာပေလူ့မိတ်ဆွေတဲ့ စာပေကောင်းတွေဖတ်ခြင်းအားဖြင့် နဂိုရှိတာထက် အသိပညာကြွယ်ဝလာမယ်။ အချိန်ကုန်တာနဲ့အမျှ ပိုမိုသိမြင်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်။

(၃) စကားပြောကြွယ်ဝခြင်း
စာဖတ်ခြင်းအားဖြင့် အသိပညာရရှိတဲ့အတွက် စကားပြောတဲ့အခါမှာ လူစိတ်ဝင်စားအောင်ပြောဆိုနိုင်ခြင်း ဗဟုသုတရစေမယ့် အရာတွေ ပြန်လည်မျှဝေနိုင်ခြင်းကြောင့် စာများများဖတ်သူများဟာ စကားပြောကောင်းပါတယ်။

(၄) မှတ်ဉာဏ်မြင့်မားလာခြင်း
စာပေများစွာဖတ်ခြင်းဟာ ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းရည် memory ကိုတိုးမြင့်စေပါတယ်။ မေ့တတ်ခြင်း ခဏခဏ သတိမေ့ခြင်းကိုလျော့နည်းစေပါတယ်။


(၅) စိတ်ဖိစီးမှုလျော့နည်းစေခြင်း
စိတ်ညစ်နေတယ်၊ စိတ်ဓါတ်ကျနေတယ်ဆိုရင် စာဖတ်လိုက်တာနဲ့ ချက်ချင်းစိတ်တည်ငြိမ်လာပြီး စိတ်ဖိစီးမှုကိုလျော့စေပါတယ်။

စာဖတ်ခြင်းကြောင့်များစွားသော အကျိုးကျေးဇူးများကို ရရှိစေလို့ မိတ်ဆွေများစာဖတ်ကြပါ။ တစ်ရက်ကို မိနစ်(၃၀)ဖြစ်ဖြစ် (၁)နာရီဖြစ်ဖြစ် စာဖတ်စေချင်ပါတယ်။

လက်ရှိဘယ်လိုစာအုပ်မျိုးတွေ ဖတ်နေလဲ..??
နောက်ဆုံးစာဖတ်ခဲ့တာရော ဘယ်တုန်းကလဲ…???
မိမိလက်ရှိဖတ်နေတဲ့/ဖတ်ခဲ့ဘူးတဲ့ စာပေထဲက ဗဟုသုတရစရာ သိမှတ်ဖွယ်ရာတစ်ချို့နှင့် စာအုပ်အမည်ကို အများအကျိုးရှိအောင် comment ပေးပေးပါနော် 😍

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”
Credit: Dr.Kathryn

Leave a Comment