အခြားကမ္ဘာတစ်ခုကို ရောက်ရှိခံစားရစေမယ့် အသက်(၅၈)နှစ်အရွယ် အမျိုးသမီး၏ ဖန်တီးမှုအနုပညာများ
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှအသက် ၅၈ နှစ်အရွယ် Marina Badianova ဟာ သူမ၏ဘ၀ ကို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်မှုတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်။ သူမဟာ သူမ၏ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့် ဘဝကိုဇာတ်ကောင်များစွာ ခွဲထုတ်ထားတာ ဖြစ်ပါတယ်။
သင်ဟာ လက်ရှိကုန်ဆုံးခဲ့ပြီးသော နှစ်များကို စိတ်ကုန်နေသူတစ်ယောက်ဆိုပါက Marina နှင့်တွေ့ဆုံပြီး စိတ်ဝင်စားဖွယ် ဇာတ်ကောင်အသစ်များ၏ ဘဝကိုလေ့လာနိုင်ပါတယ်။
ကျွန်ုပ်တို့ဟာ ကံကောင်းစွာနဲ့ Marina ကို အင်တာဗျူးခွင့်ရရှိခဲ့တာကြောင့် သူမဘဝဇာတ်ကြောင်းများကို တင်ဆက်ပေးလိုက်ရပါတယ်။
(၁) သမီးဖြစ်သူကို ကူညီပေးရာမှ စတင်ခဲ့ပုံ
သူမဟာ (၂၀၁၂) ခုနှစ်မှာ သမီးဖြစ်သူ၏ ဓာတ်ပုံရိုက်ကူးရေး အတွက် ဝတ်စုံများကူညီဝတ်ဆင်ပေးခဲ့ရာမှ စတင်ကာ သဘောကျသွားခဲ့ပါတယ်။သို့သော် သူမ၏ကိုယ်ပိုင် အပြင်အဆင်များဖြင့် ရိုက်ကူးခြင်းကတော့ (၂၀၁၄) ခုနှစ်မှ စတင်ဖြစ်ခဲ့ပြီး ဓာတ်ပုံဆရာများစွာ၏ သဘောနှစ်ခြိုက်မှုကို ရရှိခဲ့ပါတယ်။
(၂) သူမဝတ်ဆင်ခဲ့သော ဓာတ်ပုံများ
သူမဟာ Victorian lady ၊ suffragette ၊ ပင်လယ်ဓားပြ ၊ စုန်းမ ၊ မြို့စားကတော် ဂရိနတ်ဘုရား ၊ ဘုရင်မ ၊ ဆဲလ်တစ်ဘုန်းတော်ကြီး ၊ အစရှိသည့် များစွာသော ရုပ်ရှင်နှင့် ပုံပြင်များထဲမှ ဇာတ်ကောင်ဘဝမျိုးစုံတို့ကို ဝတ်ဆင်ခဲ့ပါတယ်။
(၃) သူမကိုယ်တိုင် ဖန်တီးရေးစွဲထားသော ဝတ်စုံများဖြစ်
” ဇာတ်ကောင်ရဲ့ပုံသဏ္ဍာန်ကို တီထွင်ဖန်တီးရတာကြိုက်တယ် ။ နောက်ပြီးတော့ သူတို့ကိုရိုက်ကွင်းပေါ်မှာ ဝတ်ဆင်ရိုက်ကူးရတဲ့အချိန်ဟာ စိတ်လှုပ်ရှားစရာ ကောင်းဆုံးအချိန်ပါပဲ” လို့ သူမက ဆိုပါတယ်။
(၄) အရာရာဟာ အတုယူစရာ
” သတင်းစာထဲက ဓာတ်ပုံတွေ ၊ ဒဏ္ဍာရီလာပုံပြင်တွေ ၊ ပန်းချီကားတွေ…ထူးခြားသောဝတ်စုံ (သို့) ခေါင်းစည်းတစ်ခု အဲ့ဒါတွေကို မြင်တာနဲ့ ချက်ချင်း ဖန်တီးချင်လာအောင်စိတ်ကူး စိတ်သန်း တွေရစေတယ် “လို့ Marina ကရှင်းပြပါတယ်။
(၅) စိတ်ကူးယဥ်ဇာတ်လမ်း၊ steampunk၊ အလယ်ခေတ်၊ ဒဏ္ဍာရီပုံပြင်များ ကိုအကြိုက်တွေ့လေ့ရှိသူ Marina
(၆) ကွဲပြားသော အပြင်အဆင် ရိုက်ကူးမှုများ
သူမဟာ ရုရှားပုံပြင်ဟောင်းများ အပါအဝင် ဒဏ္ဍာရီဆန်သော ဇာတ်ကောင်များကို နှစ်သက်ပါတယ်။ သူမအသက်အရွယ်နှင့် နီးစပ်သောဇာတ်ကောင်များ၏ ထူးခြားသောအလှတရားများကို ၀မ်းမြောက်စွာ ပုံဖော်လေ့ရှိပါတယ်။
(၇) ဖန်တီးမှုအနုပညာကို ဝါသနာပါသူများအတွက် Marina ၏အကြံပေးစကား
” ဘာပဲဖြစ်ဖြစ် မင်းကြိုက်တာကိုလုပ်ပါ ၊မင်းဝါသနာပါတာ တစ်ခုခုလုပ်နေရရင် မင်းအတွက်အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုကို လုပ်နေတာပဲ ၊ ထိုက်တန်တဲ့ အကျိုးကို မင်းခံစားရလိမ့်မယ် ” လို့ သူမကအားပေးပါတယ်။
ယခု ဖော်ပြခဲ့တဲ့ ဇာတ်ကောင်ဝတ်စုံ ပုံများထဲမှ သင်အကြိုက်ဆုံးပုံကိုလည်း ရွေးချယ်ပေးခဲ့ပါဦး ။
Rft BrightSide
Written One Daily Media