Wed. Oct 27th, 2021

မပေါ့ဆသင့်သည့် ခွေးလေး ၊ ကြောင်လေးများ ၏ ကျန်းမာရေးအချက်ပြလက္ခဏာ (၁၅)ချက်

အိမ်မွေး တိရစ္ဆာန်များရှိခြင်းဟာ သင်၏ပျော်ရွှင်မှုကို တိုးပွားစေပါတယ် ။ သင်ဟာ ခွေး (သို့) ကြောင်ကို ချစ်တာသဘာဝပဲဖြစ်ပြီး သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်တွေက သင်ကိုစကားပြောခွင့်မရပေမယ့် သင့်ရဲ့ မေတ္တာနဲ့ချစ်ခင်မှုကို အပြန်အလှန် အရိပ်အယောင် ပြတတ်ကြပါတယ်။ အမြီးနှံ့ခြင်း လျှာဖြင့်ယက်ခြင်း နှင့် ဦးခေါင်းတိုးခွေ့ခြင်းများဟာ အိမ်မွေးတိရစ္ဆာန်များ ချစ်ခင်မှူ၏ လက္ခဏာများဖြစ်ကြပါတယ်။

အိမ်မွေးတိရိစ္ဆာန်လေးများ ဘာကိုဆိုလိုသည်ကိုပြနိုင်သော သာမန်လက္ခဏာအချို့နဲ့ သင့်ရဲ့အိမ်မွေးတိရစ္ဆာန်ကို ကောင်းကောင်းနေပြန်ကောင်းလာအောင် ဘယ်လိုကူညီပေးနိုင်လဲ သိနိုင်မည့်အချက်များကို စုစည်းတင်ပြပေးလိုပါတယ်။

(၁) နှာခေါင်း(သို့)နုတ်ခမ်းများကို လျှာဖြင့်သပ်ပြခြင်း

 

ခွေးနှင့်ကြောင်များဟာ ဗိုက်ဆာလို့ဖြစ်စေ ၊ သန့်ရှင်းရေးအတွက် ဖြစ်စေ ပြုလုပ်လေ့ရှိပါတယ်။ထို့အပြင် ပျို့အန်ခြင်း ၊ ရေဓာတ်ဆုံးရှူံးခြင်းများကိုလည်း ရည်ညွှန်းလေ့ရှိပါတယ်။
ဂရုပြုရန် ။ ။
– အထက်ပါ လက္ခဏာနှင့်အတူ ပျို့အန်ခြင်း ၊ အသက်ရှူခက်ခဲနေခြင်း ၊ ကိုင်းနေခြင်း ၊ အစာမစားခြင်းများကိုပါ ယှဉ်တွဲတွေ့ရပါက တစ်စုံတစ်ခု အဆိပ်သင့်နေတာဖြစ်နိုင်ပါတယ်။
– သန့်ရှင်းသော ရေများများတိုက်ပါ
– ဖိအားနည်းပြီး သက်တောင့်သက်သာနေနိုင်ရန် ကူညီပေးပါ။

(၂) whale eyes

Whale eyes ဆိုတာကတော့ အပေါ်သို့ကြည့်နေခြင်းမဟုတ်ပဲ ပုံမှန်အနေအထားမှာပင် မျက်လုံးအတွင်းမှ အဖြူသားများစွာ မြင်နေရခြင်း ဖြစ်ပါတယ်။ ဒါဟာ အများအားဖြင့် စိတ်ဆင်းရဲမှုများရှိနေခြင်း ၊ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့်ခုခံကာကွယ်ရန်လိုခြင်းတို့ကိုဆိုလိုပါတယ်။
ဂရုပြုရန် ။ ။
– စိတ်မသက်မသာဖြစ်စေသည့် မည်သည့်အရာကိုမဆို မလုပ်ပါနှင့်။ ပွေ့ဖက်ထားလျှင် တောင်မှဒီလို တုံ့ပြန်မှုကိုရနိုင်ပါတယ် ။
– whale eyes များဟာ ပုံမှန်အမူအကျင့်သဖွယ် ဖြစ်လာလျှင် တိရစ္ဆာန်ဆေးကုခန်း သို့သွား၍ ရောဂါ သို့မဟုတ် နာကျင်မှုကို ရှာဖွေရပါမယ်။

(၃) အသုံးအဆောင်များကို ကိုက်ဖဲ့ခြင်း

ခွေးလေးများဟာ အရာဝတ္ထုများကို ကိုက်ဖဲ့လေ့ရှိသော်လည်း အရုပ်တစ်ရုပ်ပေးထားပြီး ထိုအရုပ်ကိုသာ ကိုက်ရန် အလွယ်တကူ လေ့ကျင့်ပေးနိုင်ပါတယ်။ သို့သော် လေ့ကျင့်ပြီး ခွေးလေးတစ်ကောင်ဟာ သင့်အသုံးအဆောင်များကို ပြန်လည် ကိုက်ဖဲ့နေပြန်ပါက ပျင်းရိငြိငွေ့ခြင်း သို့မဟုတ် စိတ်ပူပန်စရာများ တခုခုရှိနေနိုင်ပါတယ်။ ထိုသို့ ကိုက်ဖဲ့နေခြင်းဟာ သူတို့အတွက် ဖိအားသက်သာစေသော အလုပ်တစ်ခု ဖြစ်တာကြောင့် အပြစ်ပေးခြင်းဟာ ဖြေရှင်းနည်းတစ်ခုမဟုတ်ပါဘူး။
ဂရုပြုရန် ။ ။
– သင့်ခွေးလေးနှင့် အချိန်အနည်းငယ်ပိုပေးပြီး ကစားခြင်း (သို့) လေ့ကျင့်ခန်းလုပ်ခြင်း
– ကိုက်ဖဲ့စရာ ကစားစရာအသစ် အချို့တို့ဖြင့် ပျင်းရိခြင်းကို အာရုံလွှဲပေးခြင်း
– သွားကိုက်ခြင်း (သို့) ကျန်းမာရေးအခြေအနေများအားကာကွယ်ရန် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်ပါ။

(၄) သင့်အနားသာကပ်နေခြင်း

ချစ်စဖွယ် အပြုအမူတစ်ခုဖြစ်သလို အခြားအကြောင်းအရင်းတစ်ရပ် အနေဖြင့် သူတို့လေးတွေ အသက်အရွယ် ကြီးရင့်လာမှုကြောင့် အမြင် ၊အကြား၊ အနံ့ခံအာရုံများ အားနည်းလာပြီး သင့်အား ပိုမိုအားကိုးလာခြင်းမျိုးလဲ ဖြစ်တတ်ပါတယ်။
ဂရုပြုပေးရန်။ ။
– ကျန်းမာရေးပြဿနာများ ကာကွယ်ရန် medical Check-up လုပ်ပါ။
– သင့်ဘဝမှာ သူတို့၏ အခန်းကဏ္ဍကို သူတို့နားလည်အောင် ပိုမိုစိတ်ရှည်သည်းခံပေးပါ။
– ကိုယ်ဝန်ဆောင်ထားရသူ အမ လေးများဆိုပါက သားဖွားရန် နီးကပ်လာခြင်းကို ညွှန်ပြခြင်းမျိုးလည်း ဖြစ်ပါတယ်။

(၅)မကြာခဏ စည်းကမ်းမဲ့ ဆီးသွားခြင်း

လေ့ကျင့်သင်ကြားပြီး ဖြစ်သော်လည်း ရုတ်တရတ် စည်းကမ်းမရှိ အိမ်ထဲတွင် ဆီးသွားခြင်းမျိုး ရှိလာပါက စိတ်ဆိုးဒေါသမထွက်ခင် အကြောင်းရင်းကို အရင်ရှာဖွေရန် ကြိုးစားကြည့်ပါ။
ဂရုပြုပေးရန်။ ။
– ဆရာဝန်နှင့်တိုင်ပင်ကာ ကူးစက်ရောဂါအချို့အတွက် အဖြေရှာပါ။
– သတ်မှတ်ပေးထားသော ဆီးသွားရန်နေရာကို စစ်ဆေးပါ။ အပြောင်းအလဲတစ်ခုခု လုပ်ထားခြင်း ရှိပါက ကျင့်သားရစေရန် ပြန်လည် လေ့ကျင့်ပေးရပါမယ်။
– အခြား အိမ်မွေးတိရိစ္ဆာန် အသစ်တစ်ကောင် ရောက်ရှိလာခြင်းကလည်း သူတို့ကို စိတ်ဖိအားများဝင်စေပြီး အကျင့်ပျက်စေနိုင်ကြောင်း ဂရုပြုပါ။

(၆) သာမန်ထက် ပိုဟောင်ခြင်း ၊ဆွဲဆွဲငင်ငင် အော်ခြင်း

တိတ်ဆိတ်နေရာမှ ရုတ်တရတ် အဆက်မပြတ် ထအော်နေခြင်းများဟာ တစ်စုံတစ်ခုကို သေချာပေါက်ရည်ညွှန်းနေပါတယ်။
ဂရုပြုပေးရန် ။ ။
– ကြောင်များဟာ မိတ်လိုက်ရာသီများမှာအဆက်မပြတ် အော်နေလေ့ရှိပြီး သင့်အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး။
– သင့်အာရုံစိုက်မှုကို လိုချင်၍ဖြစ်စေ ၊ အနာတရ တစ်ခုခုကြောင့်ဖြစ်စေ လဲအော်မြည်းတတ်ကြပါတယ် ။
-ခွေးများကတော့ အန္တရာယ်တစ်စုံတစ်ရာအတွက်ဖြစ်စေ ၊ သင့်နဲ့ကစားချင်ပြီး သင့်အာရုံစိုက်မှုကိုလိုအပ်၍ဖြစ်စေ အဆက်မပြတ် ဟောင်နေတတ်ပါတယ်။
– ထိုအခါမျိုးများမှာ သူတို့ လိုအပ်တဲ့အာရုံစိုက်‌မှုကို ပေးခြင်း၊ ရေတိုက်ပေးခြင်း စသည်တို့ပြုလုပ်ပေးသင့်ပါတယ်။
-သို့မဟုတ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

(၇) မကြာခဏသမ်းခြင်း

 

သူတို့‌လေးတွေဟာ များသောအားဖြင့် သမ်းနေလေ့ရှိပြီး ပျင်းရိနေခြင်းကို ရည်ညွှန်းပါတယ်။သို့သော် သာမန်ထက် အလွန်အကျွံ ဖြစ်နေပါက စိတ်ဖိစီးမှုများ ရှိနေကြောင်းလည်း ရည်ညွှန်းပါတယ်။
ဂရုပြုရန် ။ ။
– သက်တောင့်သက်သာရှိပြီး အေးချမ်းသော အိပ်စရာနေရာလေးတစ်ခု ဖန်တီးပေးသင့်ပါတယ်။

(၈) ကိုယ့်အမြီးကိုယ် လိုက်ဖမ်းနေခြင်း

ရယ်စရာအပြုအမူတစ်ခုအဖြစ် လူအများ သဘောကျလေ့ရှိကြသော်လည်း သူတို့လေးတွေရဲ့အသက်အရွယ်ကြီးရင့်လာခြင်း ၊ ပျင်းရိခြင်း ၊ စိုးရိမ်ပူပန်မှုများ ရှိနေခြင်း လက္ခဏာဖြစ်ပါတယ်။
ဂရုပြုရန် ။ ။
– ခွေးလေးမျာအနေဖြင့် အသက်ကြီးလာပြီး ပျင်းရိနေခြင်း ဖြစ်နိုင်တာကြောင့် အချိန်ပေးကစားခြင်း ၊ ရေချိုးပေးခြင်း စသည်တို့ ပြုလုပ်ပေးသင့်ပါတယ်။
‌- ကြောင်လေးများတွင်တော့ စိတ်လှုပ်ရှားနေခြင်း မျိုးများဖြစ်နိုင်တာကြောင့် စိတ်တည်ငြိမ်မှုရစေရန် ကူညီပေးသင့်ပါတယ်။
– ရောဂါခံစားနေရမှု လက္ခဏာမျိုးများလည်း ဖြစ်တတ်တာကြောင့် အဆင်မပြတ်ပြုလုပ်နေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

(၉) စကားနားမထောင်ခြင်း

အမိန့်မနာခံတတ်ခြင်းဟာ ကြောင်လေးများမှာ သာမန်သာဖြစ်ပြီး ခွေးလေးများမှာတော့ ပြသာနာတစ်စုံတစ်ရာ ရှိနေနိုင်ပါတယ်။
ဂရုပြုပေးရန်။ ။
-အကြားအာရုံပြသာနာ ဖြစ်နိုင်တာကြောင့်ဆေးခန်းသို့သွားသင့်ပါတယ်။
– သင့်ဆူပူမိထားသောကြောင့် စိတ်ကောက်နေခြင်းမျိုး ဝမ်းနည်းနေခြင်းမျိုး ဖြစ်နေတတ်ပါတယ်။
– ကြောင်များဟာတော့ သင့်စကားကို ဥပေက္ခာပြုခြင်းကပင် ချစ်စရာအမူအရာ ဖြစ်နေတတ်ပါတယ်။

(၁၀) ပုန်းလျိုးနေတတ်ခြင်း

သာမန်အားဖြင့် သွက်လက်ပျော်ပါးနေတတ်သူလေးတစ်ကောင် အကြောင်းမဲ့ ပုန်းလျိုးနေခြင်းဟာ ရိုးရိုးကိစ္စတစ်ခု ဖြစ်နိုင်သလို ကျန်းမာရေးပြသာနာများထိလည်း ဖြစ်နိုင်ပါတယ်။
ဂရုပြပေးရန် ။ ။
– ဆူညံခြင်း ၊ ဧည့်သည်များပြားခြင်းတို့ကြောင့် သီးသန့်နေလိုခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။
– အစားမစားလိုခြင်း ၊ မအိပ်ခြင်း စသည့် လက္ခဏာများနှင့်ယှဉ်တွဲနေပါက နေမကောင်းဖြစ်နေနိုင်ပါတယ်
– စိတ်မကောင်းစရာ တစ်ခုကတော့ သူတို့ဟာ အသက်အရွယ်ကြီးရင့်လာပြီး သက်တမ်းစေ့လုနီးအချိန်များမှာ သီးသန့်နေနေလေ့ရှိကြပါတယ်။ သင့်အနေနဲ့ အရင်ထက်ပိုမိုနွေးထွေး ဂရုစိုက်ပေးခြင်းဖြင့် နုတ်ဆက်‌ရန် ကြိုးစားရပါမယ်။

(၁၁) အိပ်ချိန်မမှန်ခြင်း

ခွေးနှင့်ကြောင်များဟာအချိန်များစွာ အိပ်နေလေ့ရှိကြပြီး တစ်ခါတစ်ရံ အိပ်ချိန်အပြောင်းအလဲများလဲ ရှိတတ်သော်လည်း အလိုလို ပြန်မှန်သွား‌ လေ့ရှိပါတယ်။
ဂရုပြုပေးရန်။ ။
– ပျင်းရိခြင်း လေးလံခြင်း နှင့်သက်ဆိုင်သော ကျန်းမာရေးပြသာနာများ ဖြစ်လာနိုင်သည့် အတွက် ဆရာဝန်နှင့်တိုင်ပင်ကာ သာမန် အချိန်များမှာ မအိပ်နေစေပဲ ဆော့ကစားပေးခြင်း ၊ တက်ကြွအောင် အားပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။

(၁၂) နားရွက် ချကာကုပ်ထားခြင်း

ခွေးအများစုဟာ နားရွက်ကုပ်ထားလေ့ရှိကြသော်လည်း နားရွက်စွင့်စွင့်ကားကား သဘာဝရှိသော သင့်ခွေးငယ်လေးဟာ နားရွက်ကုပ်ပြီး ခေါင်းခါရမ်းနေပါက နားရွက်တွင် ပိုးတစ်ခုခု ဝင်နေခြင်းမျိုးများ ဖြစ်နိုင်ပါတယ်။
ဂရုပြုရန် ။ ။
– ကြောက်ရွံ့ ထိတ်လန့်ခြင်း၏ သင်္ကေတ ဖြစ်နိုင်ပြီး ထို့သို့မဟုတ်ပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။

(၁၃) အညစ်အကြေးနှင့် သစ်ပင်သစ်ရွက်များစားခြင်း

ကြုံရာကျပန်း စားသောက်ခြင်းများဟာ သူတို့ရဲ့ သာမန် ဖြစ်ရိုးဖြစ်စဉ်သဘာဝ တစ်ခုသာဖြစ်သော်လည်း မသင့်တော်သည်များကို ပါ စားရန်ကြိုးစားနေလျှင်တော့ ဂရုစိုက်ရန်လိုအပ်လာပါပြီ ။
ဂရုပြုပေးရန်။ ။
– အာဟာရချို့တဲ့မှု လက္ခာဏာဖြစ်နိုင်ပါတယ်။
– ပျင်းရိမှုကြောင့် အချိန်ကြာမြင့်စွာ အိမ်မှထွက်သွားပြီး ပြင်ပမှာ ကျင့်သားရလာခဲ့ခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်။
– စိတ်ဖိစီးမှု များနေခြင်းကြောင့် သက်တောင့်သက်သာဖြစ်စေရန် ကြိုးစားခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။

(၁၄) ဝါးမြိုခြင်း ပြသာနာများ

အမြဲတစေဆာလောင်နေတတ်သူ ခွေးနှင့် ကြောင်များ အနေဖြင့် မစားမသောက်ခြင်း မမြိုချနိုင်ခြင်း ၊ မဝါးခြင်းများဟာ ပြသာနာရှိပါတယ်
ဂရုပြုပြေးရန်။ ။
– သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်း ၊ သူတို့ကြိုက်နှစ်သက်သော အစားအစာများကိုသာ ဂရုတစိုက်ကျွေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။

(၁၅) ခေါင်းခါရမ်းခြင်း

သင်နဲ့ဆက်သွယ် ထိတွေ့ချိန်များမှာ ခေါင်းခါရမ်းနေခြင်းမျိုးဟာ သာမန်သာ ဖြစ်သော်လည်း အဓိပ္ပါယ်မဲ့စွာ ဆက်တိုက်ခါရမ်းနေပါက ဆရာဝန်နဲ့ပြရမည့် အချိန်ပဲ ဖြစ်ပါတယ်။
ဂရုပြုရန် ။ ။
– ခွေးရော ‌ကြောင်များမှာပါ လူသားတို့ကဲ့သို မူးဝေခြင်း များရှိကြပါတယ်။
-ဆရာဝန်နှင့်တိုင်ပင်ကာ လိုအပ်သော ကုသမှုကို ခံယူစေရပါမယ်။

သင့်ခွေးလေး ကြောင်လေးများမှာ တွေ့ရလေ့ရှိတဲ့ အပြုအမူများ ရယ်စရာအမှတ်တရများရှိရင်လည်း ရေးသားဝေမျှ ပေးခဲ့ပါဦး။

Rft BrightSide

Written By One Daily Media

 

 

Source Brightside

Written One Daily Media

One Daily Media Copyright © 2021

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *